'' ရော့ ''
ဆွန်းဟန် လက်ထဲကို အွန်းဆော့က အထုတ်ကြီး တစ်ထုတ် ထည့်ပေးလိုက်သည် ..'' ဘာတွေလဲ .. မုန့်တွေပဲ ''
'' အင်း ညဘက်စာလုပ်ရင်စားဖို့ အိပ်မငိုက်အောင် ''အွန်းဆော့ကပြောတော့ ဆွန်းဟန် မဲ့လိုက်သည် ..
^^ တစ်ခါလေးအိပ်ပျော်မိတာကို ^^
'' မုန့်ထုတ်ကြီးက မနည်းဘူး တစ်ပတ်စာလောက်တောင် ရတယ် ဟီးး ကျေးဇူးပါ ဟျောင်း ''
'' စာကောင်းကောင်း လုပ်ရမယ် ''အွန်းဆော့ကပြောတော့ ဆွန်းဟန်က ခေါင်းညိမ့်လိုက်သည် ..
စာသင်ချိန်တွေများလာပြီး စကားပြောချိန် ပိုရတော့ နှစ်ယောက်သား အတော် ရင်းနှီးလာကြလျက် ..
'' ဆရာလေး အဲ အွန်းဆော့လေး .. ပိတ်ရက်တောင် အချိန်ပိုဝင်ပေးတာကွယ် စေတနာကောင်းလိုက်တာ ဟိုကောင်လေး သေချာကြိုးစားနော် .. ''
ဆွန်းဟန်အမေက ဆန့်မုန့်နဲ့ အအေးကို လာချပေးပြီး ပြောတော့ ..
'' သူ အမှတ်တွေ အတော်ကောင်းလာပါတယ် အန်တီ .. အခုလည်း ပင်ပန်းတာတောင် စာသေချာလုပ်နေပါတယ် ''
'' အန်တီ သတိထားမိပါတယ် အရင်ဆို ဆော့ဖို့ပဲသိတာ ကျေးဇူးတင်ပါတယ်နော် အွန်းဆော့လေးရေ အန်တီက အလုပ်ရှုပ်နေတာနဲ့ တော်ရုံစကားပြောဖို့ မကြုံဘူး ဆက်ပြီး ဂရုစိုက်ပေးပါဦးနော်
ပြီးတော့ ဒါက အန်တီကိုယ်တိုင် လုပ်ထားတာ စာသင်ရင်း စားကြနော် ''
အပြုံးချိုချိုနှင့် စကားတွေပြောနေသည့် အမေ့ကို ဆွန်းဟန်က ပြောင်ပြနေတော့ အွန်းဆော့ ရယ်ချင်မိသည် ..
^^ တစ်ကယ့်ကောင်လေး ^^
'ဟျောင်း ဆန်မုန့်စားကြည့် အမေက ဒါမျိုးတွေဆို တစ်ကယ်ကောင်းကောင်းလုပ်တတ်တာ '
ချစ်စရာကောင်းပြီး စားချင်စဖွယ်မုန့်လေးတွေကို အွန်းဆော့ကြည့်ပြီး ..
^မတော်ရသေးတဲ့ ယောက္ခမလက်ရာပါလား ^
ကိုယ့်အတွေးနဲ့ကိုယ် နှုတ်ခမ်းကိုစေ့ပြီး ဆန်မုန့်ကို ဖဲ့ကာ တစ်လုပ်စားလိုက်သည် ..