ဆွန်းဟန်က အွန်းဆော့ဆီရောက်သွားပေမယ့် ခြံတံခါးရှေ့ ယောင်လည်လည် ..
အွန်းဆော့ကို ဖုန်းဆက်ပြီးလည်း ထပ်နှိုးမိမှာလည်း စိုးတော့ ရပ်နေရင်း ..
'' လူလေး .. ´´
အွန်းဆော့ရဲ့ကားဒါရိုင်ဘာဦးလေးကြီးက လာခေါ်တော့မှ ဆွန်းဟန် ဝမ်းသာသွားသည်..'' ဦးလေးကြီး ´´
'' ဆွန်း ဆွန်းဟန်ဆိုတဲ့ ကလေးမလား ´´
'' ဟုတ်ပါတယ် ´´'' အွန်းဆော့လေးကို လာတွေ့တာလား ´´
'' ဟုတ် ဟျောင်းက နေမကောင်းဘူးဆိုလို့ ´´'' မိုးတွေမိပြီး ပြန်လာတော့ ထင်လိုက်တယ် ဒီကောင်လေးက လေ ´´
'' မိုးမိလာတယ် .. ဘယ်သွားတာလဲ မသိ ´´'' လူလေးဆီ လာတာလေ ဦးလေး လိုက်ပို့ပြီး ချပေးထားခဲ့တာ ကိစ္စရှိလို့ အပြန်မကြိုဖြစ် .. အပြန် မိုးတွေမိလာတာ ´´
'' ဟင် ... ´´
ဦးလေးကြီးကပါ ခေါင်းကုပ်နေမိပြီး ..
'' အိမ်ထဲဝင်ကြည့်လေ စကားတွေရပ်ပြောပြီး မေ့နေတာ .. အဒေါ်ကြီးရှိတယ် တံခါးဖွင့်ခိုင်းလိုက်မယ် ´´
ဆွန်းဟန်က အွန်းဆော့ သူ့ဆီရောက်လာတယ်ဆိုတာကို ထင်မထား .. ဘယ်လိုရောက်လာတာ ဘာလို့လာတာ
^^ ပြီးတော့ ဖုန်းဆက်တာ အဲ့ဒါပြောဖို့လား ကျစ် ခက်ပြီ ဒီ ဟျောင်းကတော့ ^^
ဦးလေးကြီးကပဲ အွန်းဆော့ အိပ်ခန်းတံခါးရှေ့ထိ လိုက်ပို့ပြီး အဒေါ်ကြီးက ပြုံးပြနှုတ်ဆက်လေသည်
'' ဒါ သူ့ကိုပေးလိုက် သူက ဝင်သွားမယ့်လူဆိုတော့ ´´
ဦးလေးကြီးက အဒေါ်ကြီးရဲ့ လက်ထဲက ဆန်ပြုတ်နှင့် ရေ ဆေး တို့ ထည့်ထားသည့် လင်ဗန်းအကြီးကို ဆွန်းဟန်ဆီ ကြားကနေ လက်လွှဲပြီး တံခါးဖွင့်ပေးလိုက်တော့ ဆွန်းဟန်လည်း ကြောင်အအ ဝင်သွားလိုက်သည် ..
'' သူငယ်ချင်းလား ´´
'' ရှုး လာ လာ ´´ဦးလေးကြီးက အဒေါ်ကြီးကို တိတ်တိတ်နေဖို့ပြောရင်း အောက်ပြန်ဆင်းသွားလေသည် ..
ဆွန်းဟန်ဝင်သွားတော့ အွန်းဆော့က တစ်ဖက်ကိုလှည့်ပြီး အိပ်ပျော်နေလေရဲ့ ..