'' ဘယ်လိုနေလဲ သက်သာရဲ့လား ''
အွန်းဆော့ ဆွန်းဟန်ဆီ တစ်နာရီခြား တစ်ခါလောက် စာပို့ပြီး မေးနေသည့် တစ်ခွန်းတည်းသော စကား ..
အခုလည်း စာပြန်သင်မည့် နေ့ရောက်လာတော့ လူချင်း တွေ့တာနှင့် ဒီစကားပဲမလို့ ဆွန်းဟန် အိပ်မက်ထဲတောင် ပါလာတော့မည် ..
'' ဟုတ် သက်သာပါတယ် ''
'' လွတ်သွားတဲ့စာတွေ သေချာပြန်လုပ်ရအောင် ပေါ့လို့မဖြစ်ဘူး ''
အွန်းဆော့က သူကိုယ်တိုင် အထက်တန်းပြန်တက်နေရသလို ကြိုစားရှာသည် ..
'' ဟျောင်း ''
'' အင်း ပြော '''' ဟို ဟျောင်းစာသင်နေတဲ့ တစ်ခြားလူတွေ ရှိတယ်မလား ''
အွန်းဆော့က မိဘတွေရဲ့အသိမိတ်ဆွေတွေ မကင်းမှုနှင့် စာသင်တာက အလုပ်တစ်ခုလိုတောင် ဖြစ်နေလေရဲ့ ...
'' ရှိတယ်လေ ဘာဖြစ်လို့လဲ ''
'' သူတို့တွေကိုရော ဒီီလိုပဲ သင်တာလား ''အွန်းဆော့က ဆွန်းဟန် ဘာမေးချင်မှန်း သိပ်နားမလည်၍ ခေါင်းကိုစောင်းပြီး
'' ဘယ်လိုမျိုးကိုပြောတာလဲ ''
'' ဟို ကျွန်တော်နဲ့တူတူပဲလားလို့ သူတို့တွေက ''
အွန်းဆော့ မျက်ခုံးတို့ပင့်သွားသည် ..'' ဟျောင်းက ကျွန်တော့်အပေါ် အရမ်းအားစိုက်ပေးတော့လေ သူတို့တွေကိုလည်း အဲ့လိုမျိုးပဲဆိုရင် ကျောင်းကလည်းတစ်ဖက်နဲ့ သိပ်တော့မလွယ်ဘူးနော် ပင်ပန်းမှာပဲ ''
အွန်းဆော့က မျက်နှာကိုတော့ တည်ထားနိုင်တယ်ပဲ ထင်နေပေမယ့် ပြုံးမိသွားလာတော့မသိ ..
'' ဆွန်းဟန်နီအပေါ် ပိုပြီးအာရုံစိုက်တယ် ''
ဆွန်းဟန်က ခေါင်းညိတ်ပြီး စာပြန်ရေးနေရင်း
'' ဘာလို့လဲ ဟျောင်း ကျွန်တော်က သူတို့ထက် စာညံ့လို့လား ''
အွန်းဆော့ကပြန်မဖြေတော့ ဆွန်းဟန်က မော့ကြည့်ပြန်သည် ..
'' မဟုတ်ပါဘူး မင်းက စာလိုက်နိုင်ပါတယ် ဒါပေမယ့် ဒီလိုပဲ ပိုပြီး ..
![](https://img.wattpad.com/cover/369149638-288-k450095.jpg)