'' ဟျောင်း အိမ်ရှေ့မှာနော် ´´
ဆိုဟွီးဆီကို အွန်းဆော့ရဲ့စာ ဝင်လာတော့ ဆိုဟွီးက ဆွန်းဟန်အခန်းရဲ့ ပြတင်းလိုက်ကာကိုဆွဲပြီး အွန်းဆော့ကို ကြည့်လိုက်သည် ..အွန်းဆော့က လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီး အိမ်ရှေ့မှာ ခေါင်းကြီးငိုက်ကာ ခေါင်းတုံ့ ခေါက်ပြန် လျှောက်လျက် ...
'' ဟေ့ကောင် ဘာတွေကြည့်နေတာလဲ ´´
ဆွန်းဟန်က နောက်ကလှမ်းမေးတော့
'' ငါ့အစ်ကို အောက်မှာရောက်နေတယ် ´´ဆွန်းဟန်က မျက်မှောင်ကြုံ့လိုက်ပြီး ..
'' အွန်းဆော့ဟျောင်း လား ´´
'' အင်း ´´'' မင်းကို လာကြိုတာလား ´´
'' ဟုတ်တယ် ပြီးတော့ ... လာ လာ အောက်ဆင်းရအောင် ´´ဆိုဟွီးက ဆွန်းဟန်လက်ကို ဆွဲပြီး အောက်သို့ ပြေးဆင်းကာ ...
'' အန်တီရေ သားအစ်ကို အိမ်ရှေ့ ရောက်နေပြီ တံခါးဖွင့်လိုက်မယ်နော် ´´ဆိုဟွီးက အိမ်သန့်ရှင်းရေးလုပ်နေသည့် ဆွန်းဟန်အမေကို ပြောတော့ ..
'' အေး အေး သားလေး ဖွင့်ပေးလိုက်ဦး ´´ဆွန်းဟန်က ကြောင်တောင်တောင်ရပ်နေတော့ ..
'' ဟဲ့ကောင်လေး ဆရာ လာမှာကို အူကြောင်ကြားမလုပ်နဲ့ ဟိုနားပစ္စည်းတွေဖယ်ထား အအေးလေး သွားဖျော်မှပါ ´´ဆိုဟွီးနှင့်သူ့အမေက အွန်းဆော့ဟျောင်း အိမ်ရှေ့ရောက်တာကိုပဲ ဘာတွေပြာနေမှန်း ဆွန်းဟန်မသိ ..
^^ ဆရာ ... ဘာဆရာလဲ ^^'' ထိုင်ပါ ဆရာလေး ´´
ဆွန်းဟန်အမေ အခေါ်အဝေါ်ကြောင့် အွန်းဆော့က ထိုင်ရမလို ထရမလို မနေတတ်ဖြစ်သွားပြီး ကုန်းကွကွနှင့် ...'' အဲ့လိုခေါ်စရာမလိုပါဘူးခင်ဗျ ကျွန်တော့်နာမည် အွန်းဆော့ပါ ဆုန်းအွန်းဆော့ လို့ခေါ်ပါတယ် ´´
အွန်းဆော့က လက်တွေကို ယှက်ပြီး ခေါင်းငုံ့နှုတ်ဆက်လိုက်သည် ...ဆွန်းဟန်အမေက ပြုံးပြီး ထိုင်ဖို့ လက်ပြလျက်..
ငယ်ငယ်က ဖြတ်ခနဲတွေ့ဖူးသည့် ဆွန်းဟန်အမေရဲ့ မျက်နှာကို အခုပြန်တွေ့ရပေမယ့် ရေးတေးတေးပင် တစ်ယောက်ထဲ ပင်ပန်းပုံရသည်မလို့ မျက်နှာများကျလျက် ...