~ ၈ ~

49 11 24
                                    

ဆွန်းဟန် အွန်းဆော့အိမ်က ထွက်လာပြီး ကားပေါ်မှာလည်း တောက်လျှောက်တွေးမိကာ ဦးလေးကြီးက ပြောမှ အိမ်ပြန်ရောက်မှန်း သတိထားမိတော့သည် ..

ဦးလေးကြီးနဲ့ ပြုံးပြနှုတ်ဆက်ပြီး အိမ်ထဲဝင်တော့ အမေက တန်းမေးတော့သည် ..

ထမင်းအတူစားရင်း ထွက်သွားတာဆိုတော့ အမေလည်း သိထားသည်မလို့

'' သား အွန်းဆော့လေး သက်သာရဲ့လား ´´
'' ဟုတ် သက်သာသွားပြီ ´´
'' အေး အေး ´´

'' အမေ အိပ်တော့လေ နောက်ကျမယ် ´´

'' အေးပါ သားလည်း စောစောအိပ် ညဘက်  ဂိမ်းစွဲနေတာ နော် ကျောင်းပြန်တက်ရင် အကျင့်ပျက်မယ်´´

ဆွန်းဟန်က အမေ့ကို မဲ့ပြလိုက်ပြီး အခန်းထဲဝင်ကာ အိပ်ရာမဝင်ခင် ရေအရင်ချိုးလိုက်သည် ..

^^ ဒါနဲ့ ကလေးလေး ကလေး ... ဘယ်လိုတွေခေါ်တာ ငါ့ကို ဘာအကြည့်နဲ့ကြည့် ..

ပြီးတော့ ဘာတွေ အတင်းရှင်းပြ .. ငါက အထင်လွဲမိနေတာလား ဟုတ်လား အဲ့လိုဖြစ်သွားလို့လား ..

နေပါဦး ငါကရော စကားရှည်တွေပြောရင်း တအားစိတ်ပူပြီး ဘာတွေပြာယာခတ် ..

မဟုတ်သေးပါဘူး သူနေမကောင်းတော့ လျှောက်ခေါ်မိတာ ပြောမိတာ ငါကလည်း အရင်ထက် ရင်းနှီးသွားတော့ ဒီလိုပဲလေ ..

ဆိုဟွီးတို့ ဝွန်ဘင်းတို့ နေမကောင်းရင် တစ်ခုခု ဖြစ်ရင်လည်း ငါ ဒီပုံစံပဲကို ဟုတ်တယ် .. အိပ်မယ် ^^

အိပ်ရာပေါ် ဖက်လုံးလေးပိုက်ကာ ဟိုလှည့် ဒီ  လှည့် အတွေးတွေများနေသည့် ဆွန်းဟန်ကို လခြမ်းကွေးက ပြုံးရင်း ကြည့်နေသည် ..

မိုးတိတ်ပြီး သူပေါ်လာရတော့ လခြမ်းခမျာ    အွန်းဆော့ကိုရော ဆွန်းဟန်ကိုပါ မြင်ရပြီး အကုန်သိနေသောပေါ့လေ ..

'' နေကောင်းသွားပြီ အဖျားလည်းမရှိတော့ဘူး မနက်စာလည်းစားပြီးပြီ

ဆေးလည်း ထပ်သောက်ထားတယ် စာသင်ဖို့ရှိလို့ အခု သွားမလို့ ´´

မနက်စောစော ဝင်ထားသည့် အွန်းဆော့စာကြောင့် အိပ်ရာနိုးသည်နှင့် ဆွန်းဟန် ပြုံးလိုက်မိသည် ..

Shelter ( Completed ) Tahanan ng mga kuwento. Tumuklas ngayon