တစ်ချို့အခန်းလေးတွေက Connection က သူတို့ အပိုင်းလေးတွေနဲ့ ဆက်နေလို့ပါ .. ဒီမှာ ဘတ်စကက်ဘောကျင့်ရင်း ဆွန်းဟန်ထိခိုက်တဲ့ အခန်းလေးကို ပြန်တွေးတာပါ ... ဒီအပေါ်ပိုင်းလေးပါပဲ နောက်အပိုင်းကအသစ်တွေပဲ လာမှာ 🤗
တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးရင်း ဒီနှစ် မိုးရာသီပါ ပေါင်းထည့်တော့ ကျွန်တော့်ရဲ့စိတ်ထဲမှာ ဆွန်းဟန်လေးရဲ့ တည်ရှိမှုက ပိုနက်ရှိုင်းလျက် ...
ကျောင်းအားကစားပွဲတော်အတွက်အသည်းအ သန်လေ့ကျင့်ရင်း သူ ထိခိုက်မိတာကိုကျွန်တော် မပီသစွာ ပြာယာခတ်ခဲ့သည့်နေ့မှာ ကျွန်တော့်အတွေးတွေ ကျွန်တော်လုပ်နေတာတွေ မှန်ရဲ့လား လို့ စဥ်းစားမိတယ် ...
ကျွန်တော်က တိတ်တိတ်လေးပဲ သဘောကျနေဖို့ ကြိုးစားပြီး အနှောက်အယှက်မပေးဖို့ တွေးထားသည့်တိုင် ကလေးကို အနေရခက်အောင်များ လုပ်မိနေသလား ...
ဒါမှမဟုတ် ကျွန်တော် ဖုံးကွယ်မနေချင်ဘဲ ဖွင့်ဟပစ်ချင်တာလား ကျွန်တော်မသိတော့ပေ ...
ကျွန်တော်က ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူတော့ မဟုတ်ဘူး စိတ်ထဲရှိတဲ့အရာတွေကို ထုတ်မပြတတ်ရုံပါ ...
ပေါင်းသင်းရခက်သည့်လူမျိုးမဟုတ်ပေမယ့် ကျွန်တော် ပျော်နေသည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ သိမ်းထားတတ်သည့်အကျင့်ရှိရုံပါ
အဲ့ဒါတွေ အရင်းခံပြီး ဟန်နီ့အပေါ် ကျွန်တော့်ရဲ့စိတ်ရင်းကိုလည်း ချမပြဖို့ နေခဲ့ပြီးသား ..
အတူရှိလေ ကျွန်တော်ဘက်က ကာကွယ်ချင်လေ အနားမှာအချိန်ကြာလာလေ ပိုဂရုစိုက်ချင်လေ ပိုရင်းနှီးလေ ပိုတိုးချင်လေ ...
ကျွန်တော်က သူ့ရှေ့ရောက်ရင် ကျွန်တော် မဟုတ်တော့သလိုပဲ ..
မတည်ငြိမ်ခြင်းတွေ ရင်ခုန်ခြင်းတွေ စိတ်လှုပ်ရှားခြင်းတွေက ကျွန်တော့်ကို ရိုက်ခတ်လွန်းတယ် ...
ကျွန်တော်က ဒီလူသားလေး ပျော်ရွှင်ဖို့ပဲ မျှော်လင့်တာပါ ... ကျွန်တော်ရဲ့ ပျော်ရွှင်ခြင်းကတော့ သူဖြစ်နေပြီးသားမလို့ပေါ့ ...
![](https://img.wattpad.com/cover/369149638-288-k450095.jpg)