ဒီနေ့ကတော့ ကျွန်တော် Companyမှာ အလုပ်စဝင်မယ့်နေ့ပေါ့ ဘာလို့မှန်းမသိ ရင်တွေတလှပ်လှပ်နဲ့ ကတုန်ကယင်စိတ်တွေကို အတတ်နိုင်ဆုံးခဝါချပြီး Companyအရှေ့ရောက်တာနဲ့ အပေါ်မော့ကြည့်လိုက်တော့ 15ထပ်လောက်ရှိတဲ့ အမြင့်ကြီးနဲ့
💫 COZY FOX COMPAMY 💫
ဆိုတဲ့စာတန်းကြီးကအထင်းသား
'' Wow ''
အင်တာဗျူး ဖြေတုန်းက မန်နေဂျာအမရဲ့အိမ်ကိုသွားလျှောက်ရတာကြောင့် Companyကို ရိပ် အခုမှတွေ့ဘူးခြင်းပင်...။ အတွေးတွေနောက်ပစ်ထားပြီး Companyထဲဝင်လာသည်နဲ့ အေးခနဲ အပြင်ကနေ နေပူဒဏ်ခံလာရလို့ထင်သည် အထဲကိုရောက်တော့ အတော်လေးနေလို့ကောင်း၏...။
'' မောင်လေးပုံရိပ်ယောင်ထင်တယ် ''
'' ဟုတ်ပါတယ်ဗျ ''
'' ရော့ ဒါက စည်းကမ်းတွေနဲ့လိုက်နာရမယ့်တာဝန်တွေမှတ်ထားတဲ့စာချုပ် လက်မှတ်လေးထိုးလိုက် ''
'' ဟုတ်ကဲ့ ''
ပုံရိပ် စာတွေကိုသေချာတောင်မဖတ်လိုက်ပဲ လက်မှတ်ထိုးပေးလိုက်ပြီး မန်နေဂျာအမရဲ့လက်ထောက်ကို စာချုပ်ပြန်ကမ်းပေးလိုက်တယ်...။
သုံးနှစ်အတိအကျနဲ့ စာချုပ်ချုပ်ထားတဲ့အတွက် ဒီကိစ္စတွေကိုပဲ ထပ်ရေးထားတာဖြစ်မယ်ဆိုတာသိလို့ပင်...။'' Bossအခန်းထဲသွားလိုက်နော် ''
'' ဗျာ! ''
'' ဟယ် ဘာတွေဗျာနေတာတုန်း အတွင်းရေးမှူး စားပွဲက bossအခန်းထဲမှာလေ ''
'' အတွင်းရေးမှူးတွေကအပြင်မှာသက်သက်နေရတာမဟုတ်ဘူးလားဗျ ''
'' မဟုတ်ဘူး သွားတော့ bossက နောက်ကျရင်မကြိုက်ဘူး ''
'' ဟုတ်ကဲ့ ''
'' အစစ အရာရာ သတိနဲ့ပြုမူလုပ်ကိုင်ပါ bossက အတော်စည်းကမ်းကြီးတာမလို့ ရုံးမှာရော အိမ်မှာရော ဂရုစိုက်ပါ ''
'' ကျွန်တော်သတိထားပါ့မယ် ဒါပေမဲ့ အိမ်မှာကဘာလို့ ''
'' သွားတော့ မြန်မြန် ''
'' ဟုတ်ကဲ့ဗျ ''
သက်ပြင်းလေးမခို့တရို့လေးချရင်း companyပိုင်ရှင်သူဋ္ဌေး၏ အခန်းထဲ ခပ်သွက်''လေးဝင်လာလိုက်တော့ အခန်းထဲခြေဦးစချသည်နဲ့ နွေးခနဲ အခန်းပြင်မှာအေးစိမ့်လာပြီး အခန်းထဲရောက်မှနွေးခနဲဖြစ်တော့ ပူစပ်စပ်ဖြစ်သွားပေမဲ့ စက္ကန့်ပိုင်းလေးအတွင်း နွေးနွေးလေးနဲ့နေလို့ကောင်းလာသည်... ။ အခန်းထဲမှာတော့ဘယ်သူမှမရှိသေး ကြည့်ရတာ Companyပိုင်ရှင်ကမရောက်သေးတာပဲဖြစ်မယ်...။ CCTVတေွ ရှိနေမယ်ဆိုတဲ့အသိနဲ့ ကိုယ့်နေရာလေးကိုထိုင်ပြီး စားပွဲပေါ်မှာရှိနေတဲ့ companyက စာရင်းပိုင်းကိုအရင်လေ့လာနေလိုက်တယ် ရတီပြောထားလို့ ခပ်များများတော့ ရိပ် နားလည်ထားပါပြီ....။ အခုမှစအလုပ်ဝင်တာဖြစ်တဲ့အတွက် ဗယုတ်သုတ်ခလေးတွေဖြစ်မှာကိုစိုးရိမ်နေတဲ့စိတ်ကလဲ ယခုထိစိုးမိုးထားဆဲပင်....။
YOU ARE READING
My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်)
Lãng mạnGay တွေကိုသိပ်မုန်းတဲ့ ပုံရိပ်ယောင် တစ်ယောက် သူအတွင်းရေးမှူးအဖြစ် အလုပ်ဝင်လျှောက်လိုက်တဲ့ Company ပိုင်ရှင်က Gay(Top) တစ်ယောက်ဖြစ်နေတာကို သိလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ...