part 16(U+Z)

8K 301 5
                                    

ခြူးလေးနွယ်ကို ယုံသွားစေဖို့ ဇာတ်ခင်းပြီးတာနဲ့
ဇိုင်းဘက်ကပဲစကားစရ၏...။

'' အသိပေးလို့ကျေးဇူးတင်တယ်ခြူးလေးနွယ် ''

'' ခြူးက ကျေးဇူးတင်ခံချင်လို့မဟုတ်ပါဘူးနော်
ခြူးကို darlingကမချစ်ပေမဲ့ ခြူးကချစ်တာမလို့
ခြူးချစ်တဲ့လူကို အဲ့ဒီလိုအပျက်ဆန်ဆန်လူတွေနဲ့
မဖြစ်သွားစေချင်လို့ပါ.... ''

'' မင်းကိုငြင်းမိတာတောင် ကိုယ်နောင်တရချင်သွားပြီ ''

'' ပြန်ပြင်လို့အချိန်မှီပါသေးတယ် Darling...''

လက်ရဲဇာတ်ရဲရှိတဲ့ခြူးလေးနွယ်က ဇိုင်းပေါင်ပေါ်
တက်ထိုင်ပြီး ရင်ဘက်နားကိုသူမ၏ လက်နဲ့ပွတ်လိုက် သတ်လိုက်လုပ်နေပါသေး၏...။

'' အင်းဗျ...ဒီည ကိုယ်တို့ညစာ သွားစားလိုက်ကြမလား? ပြန်ပြင်ဆင်ဖို့Dateတဲ့သဘောမျိုးပေါ့ ''

'' ညစာပဲလားဟင်...အခြားဟာရော မစားချင်ဘူးလား? ''

ပြောရင်းဆိုရင်း ကုလားမဖင်ဓါးရှထားသလို နီရဲနေတဲ့နူတ်ခမ်းလေးကို ရှေ့ဆူထွက်တော့ ဘဲမနူတ်သီးလိုလို... တင်းနစ်နေတဲ့ရင်သားကို ကော့ပြရတာဆိုတာလဲ ဇိုင်း မျက်မှာနဲ့ မိတ်ဆက်ခါနီးနေပြီ...။

'' ညစာအပြင် အခြားဟာစားမယ်ဆိုရင် ကျွေးမှာလား? ''

မထိတရီအပြုံးနဲ့ စကားစကြည့်တော့ လျှမ်း''တောက်နေတဲ့ခြူးလေးနွယ်က ချက်ချင်းစကားပြန်လာ၏....။

'' Darlingသာ ယူချင်တယ်ဆို အချိန်မရွေးပါပဲ...''

'' ကြိုက်သွားပြီ...အခုပဲ Hotleသွားလိုက်ကြမလား''

ချွဲပျစ်ပျစ်အသံနဲ့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ဇိုင်းကို ဟိုထိလိုက် ဒီကိုင်လိုက်လုပ်နေသည့်မိန်းကလေးက ဇိုင်းအတွက် နားဝင်လဲချိုမနေသလို ခံစားလို့လဲကောင်းမနေလေဘူး...။ မချစ်တော့လဲအောင့်ကာနမ်းဆိုသလိုပဲ ဘယ်သူက ဘာ ပိုဆန်တယ်ဆိုတာ
အများသိအောင်ပြပေးဖို့ဒီနည်းနဲ့ပဲကြံရ၏...။
ပိုင်လှပြီထင်နေသော ခြူးလေးနွယ်၏စိတ်ထဲတွင်တော့...။

• ရှင့်ကိုစွတ်အထင်ကြီးမိသွားတာပဲ ဇိုင်းကမ္ဘာစစ်ရဲ့
ရှင်ကတော်တော်ကို မြူဆွယ်ဖို့လွယ်တာပဲ ဘာမှတောင်အထာမပေးလိုက်ရဘူး ရှင့်စိတ်က ကျွန်မဆီရောက်လာတာပဲ နောက်ဆုံးတော့လဲ ခြူးလေးနွယ်ဆိုတဲ့ ဟောဒီက မိန်းမလှလေးကိုပဲ ရှင်ယူရမှာပါပဲ..•

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now