part 13(U+Z)

10.1K 355 3
                                    

ရှေ့ကလဲ ဇိုင်း ကဆွဲထား နောက်ကလဲ နေမင်းသူရိန်ကဆွဲထားသည်ကြောင့် ရိပ် အလယ်မှာညှပ်နေသတဲ့...။

'' ကိုနေမင်းသူရိန် ကျွန်တော့်လက်ကိုလွှတ်ပါ ''

'' ကိုယ်မင်းနဲ့စကားပြောချင်တယ်ပုံရိပ်လေး ''

'' ကျွန်တော့်မှာခဗျားနဲ့ပြောစရာမရှိဘူး ''

'' ဒါပေမဲ့..''

'' သူပြောစရာမရှိဘူးလို့ပြောနေတယ်မလား? ''

'' ပုံရိပ်ယောင်ကအခုချိန်မှာ ကိုယ့်လူ ''

နေမင်းသူရိန်နဲ့ ဇိုင်း တို့ မျက်ခုံးတွန်းချိုးကြည့်နေတဲ့ပုံစံတွေက မြွေမြွေချင်း ခြေမြင်တယ်ဆိုတဲ့ ဆိုရိုးလိုပင်...။

'' သွားမယ် ပုံရိပ်ယောင်! ''

ရိပ်လက်ကိုဆွဲပြီး လှည့်ထွက်သွားချိန် မကျေမနပ်နဲ့ကျန်ခဲ့တာကတော့ နေမင်းသူရိန်နဲ့ ခြူးလေးနွယ်...။

'' နေမင်း...နင်တုံးလိုက်တာ သူ့နဲ့နင်ဘယ်အဆင့်ထိဖြစ်ဘူးခဲ့တယ်ဆိုတာနင် အချွန်အတက်တွေနဲ့ပိုပြောလိုက်ရမှာ ''

'' ငါလိုချင်တဲ့အရာကိုရဖို့ အပိုအလိုတွေလုပ်ပြဖို့မလိုဘူးခြူး ''

'' နင်ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ ငါကနင့်ကိုငါ့လိုမဖြစ်စေချင်...''

'' လုပ်မနေပါနဲ့ခြူးရာ နင့်အတွက်အမြတ်တစ်ခုခုမရပဲ နင်ငါ့ကို ပုံရိပ်ယောင်ဆီခေါ်မလာပါဘူး ''

'' ခစ်ခစ်...ဒါကြလဲ နင်တော်သားပဲ ''

နှစ်ယောက်သား စကားပြောနေတာကို အနီးနားကနေ နားထောင်နေတဲ့ အမည်မသိလူတစ်ယောက်ကလဲရှိနေသေး၏...။

___________________________________________

Dinnerမှာ ဇိုင်းနဲ့ရိပ်ကတော့ မမြင်ချင်တဲ့မျက်နှာတွေ မမြင်စေဖို့အတွက် သီးသန့်အခန်းတောင်းထားပြီး အလုပ်ကိစ္စကိုပဲ အဓိကဦးတည်ပြီးဆွေးနွေးကြတယ်...။ ဆွေးနွေးလို့ပြီးတာနဲ့ ညစာလဲသီးသန့်အခန်းထဲမှာပဲစားပြီး အိမ်ပြန်ဖို့ထလာတော့ အခန်းတံခါးဖွင့်သည်နဲ့ အရှေ့မှာ ခြူးလေးနွယ်နဲ့ နေမင်းသူရိန် တို့၏မျက်နှာများကကြိုဆိုလျက်....။ ဇိုင်းအတွက်ကတော့ ကလေးအရွယ်တွေနဲ့ဖက်မဖြစ်ချင်သည်မလို့ ပုံရိပ်ယောင်လက်ကိုဆွဲပြီးရှောင်ထွက်လာလိုက်တယ်...။ပုံရိပ်ယောင်ကတော့ ငြိမ်နေစမြဲ..။
ဇိုင်းအတွေးထဲမှာတော့ နေမင်းသူရိန်က ရိပ် လက်ကိုဆွဲထားတဲ့အမြင်က စိုးမိုးထားလျက်...။

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now