part 12(U+Z)

10.2K 324 7
                                    

ဇိုင်း ပြန်စဥ်းစားရင်း စဥ်းစားနေမိ၏..။ ပုံရိပ်ယောင်အိမ်ကိုရောက်တုန်းက  ခြူးလေးနွယ်ပြောသလို
ပုံရိပ်ယောင်အမေက အဲ့လို ပုံစံမျိုးနဲ့တော့မတူ..။
ဘယ်သူကမှားတာလဲ ဘယ်သူကမှန်တာလဲဆိုတာ
သူသေချာသိဖို့လိုပြီ...။

တီ...

'' Hello Boss ''

'' ပုံရိပ်ယောင်ကို ကိုယ်ခေါ်နေတယ်လို့ပြောလိုက် ''

'' ဟုတ်ကဲ့ Boss ''

'' သူအခုဘယ်မှာလဲ...? ''

'' စီစစ်ခန်းနားမှာ ဖူးပွင့်ရတီနဲ့စကား
ပြောနေပါတယ်Boss ''

'' အင်း ''

• ဖူးပွင့်ရတီ ....ဟုတ်သား ထိုကလေးမနဲ့ ပုံရိပ်ယောင်ကဘာတွေလဲ...တွဲနေကြတာလား •

ဇိုင်း အတွေးထဲ သူတို့နှစ်ယောက်ကဘာတွေလဲဆိုတဲ့အတွေးပဲရောက်နေသည်ကြောင့် မကျေမနပ် မျက်ခုံးတွန့်ချိုးထားချိန်မှာပဲ တံခါးကပွင့်လာပြီး
ရိပ် ရောက်လာတယ်..။

'' ကျွန်တော်ရောက်ပါပြီ ဦးဇိုင်း ''

'' မင်းနဲ့ဖူးပွင့်ရတီက ဘာတွေလဲ..? ''

'' ဗျာ! ''

'' မေးနေတာမကြားဘူးလား ''

'' ဒါကအလုပ်ကိစ္စနဲ့မဆိုင်... ''

'' ကိုယ်ကရော ဆိုင်တယ်ပြောမိလိုက်လို့လား
ကိုယ့်Companyမှာ တပူးပူး တတွဲတွဲနဲ့ လူအမြင်မသင့်အောင်လုပ်နေလို့ ကိုယ်မေးနေတာ ''

'' ကျွန်တော်တို့ကဘာများ...''

'' မေးတာပဲဖြေ ပုံရိပ်ယောင်.. ''

ရိပ် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ကိုအတတ်နိုင်ဆုံးလျော့ထားလိုက်ပြီးမှ အမေးထူနေတဲ့ အဘိုးကြီးကို စကားပြန် ရတယ်..။

'' ကျွန်တော်တို့က သူငယ်ချင်းတွေပါ ''

'' အေး...သူငယ်ချင်းတွေဆိုလဲ သူငယ်ချင်းအဆင့်ထက်မတက်နဲ့ လူအမြင်မသင့်ဘူး ညစာ စားပွဲသွားဖို့ပြင်တော့ ပုံရိပ်ယောင် ''

'' ဟုတ်ကဲ့ Boss ''

ဘယ်သူမှမသိလိုက်သည်ကတော့ ထိုညစာ စားပွဲမှာ
ရှိနေတဲ့ လူတစ်ယောက်ကိုပင်...။

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now