မနေ့ညက ဇိုင်းဘက်က ခံစားချက်တွေဖွင့်ချလာသည့်အတွက် မနက်မိုးလင်းတာနဲ့ ရိပ် ဇိုင်းမျက်နှာကိုကြည့်ရမှာရှက်နေမိပါ၏...။ သူမသိခဲ့ပါ...ဦးဇိုင်းက
ဒီလိုပြောလာမယ်ဆိုတာ....။ ချစ်ကြည့်ချင်မိပါသည်..။ ဒါပေမဲ့ အတိတ်ကနာကျင်မူဒဏ်
ပြန်လည်ရိုက်ခတ်လာမှာကိုကြောက်သည့်အတွက်
စဥ်းစားပါရစေဆိုသည့်အကြောင်းပြချက်နဲ့ပဲ
ကိုယ့်ခံစားချက်ကိုထိန်းချုပ်ထားရ၏..။
အလွယ်တကူရရင် အလွယ်တကူစွန့်ပစ်တတ်တာ
လူတွေရဲ့သဘာဝလို့တောင်ပြောလို့ရနေလေပြီမဟုတ်လား...။'' အသေးလေး....နိုးနေရင်companyသွားဖို့ပြင်တော့လေကွာ ''
'' ဟုတ်ကဲ့ ဦးဇိုင်း! ''
စကားပြန်ပြီးတာနဲ့ ရေချိုးခန်းထဲပြေးဝင်သွားသူလေးကိုကြည့်ပြီး ဇိုင်း ပြုံးမိနေသည်မှာတော့အမှန်..။
• ချစ်တယ်..... ကိုယ့်အသေးလေး...•
companyသွားဖို့ ရိပ် ရေချိုးနေတာကိုစောင့်နေရင်း
ဘာရယ် ညာရယ် မဟုတ် ရိပ်ရဲ့ အဝတ်အစားတွေထည့်လာသည့်အိတ်ကလေးကိုဖွင့်လိုက်တော့ ရှေ့ဆုံးအိတ်ကလေးထဲမှာ ဓာတ်ပုံလေးတစ်ပုံထွက်လာ၏...။ ခန့်မှန်းရမည်ဆို ဒါ ရိပ် ကျောင်းသားဘဝတုန်းကပုံဖြစ်လိမ့်မည်...။ သူ၏ မိဘများနဲ့အတူ ပညာသင်ဆု လေးကိုင်ပြီးရိုက်ထားသည့်ပုံလေးဖြစ်၏...။ ဇိုင်း ခပ်မြန်မြန်ပဲ သူ့ဖုန်းနဲ့ ရိပ် ပုံလေးကိုရိုက်ယူထားလိုက်တယ်...။'' ချစ်စရာလေးပဲ.... ''
ဒူး...ဒူး....
ဖုန်းအသံကိုmuteထားသည်ကြောင့် တဒူးဒူးနဲ့တုန်ခါနေတာဖြစ်၏...။ ဖုန်းခေါ်သူကတော့ မနေ့က
ရိပ်၏အတိတ်က ကိစ္စတွေအစအဆုံးသေချာစုံစမ်းဖို့လွှတ်ထားသည့် စုံထောက်ဖြစ်၏...။'' သူဋ္ဌေး...ကိစ္စအစအဆုံးစုံစမ်းလို့ရခဲ့ပါပြီ
ဘယ်မှာတွေ့ကြမလဲသူဋ္ဌေး '''' ခုပဲကိုယ်လာခဲ့မယ် မင်းအိမ်ရှေ့က စားသောက်ဆိုင်မှာ private အခန်းယူပြီးစောင့်နေ''
ပြောပြီးတာနဲ့ ဖုန်းကိုချလိုက်တယ်...။
'' ဦးဇိုင်း...ကျွန်တော်ပြီးပြီ..''

YOU ARE READING
My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်)
RomanceGay တွေကိုသိပ်မုန်းတဲ့ ပုံရိပ်ယောင် တစ်ယောက် သူအတွင်းရေးမှူးအဖြစ် အလုပ်ဝင်လျှောက်လိုက်တဲ့ Company ပိုင်ရှင်က Gay(Top) တစ်ယောက်ဖြစ်နေတာကို သိလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ...