part 20(U+Z)

10.5K 339 18
                                    

လက်ထောက်မလေး အကြောင်းလာကြားတာနဲ့
ဒေါသတပီတပြင်နဲ့ ခြူးလေးနွယ်၏မိဘများကိုထားခဲ့ပြီး private room ထဲကထွက်လာလိုက်၏...။ ပြီးတာနဲ့ messageပို့လာသည့်ဖုန်းနံပါတ်ကို phone callလိုက်တယ်...။

'' Hey Darling ...ဘယ်လိုလဲ စိတ်မှပူနေရဲ့လား ''

'' ဒီကိစ္စက ပုံရိပ်ယောင်နဲ့မဆိုင်ဘူး...''

'' အဲ့ဒီပုံရိပ်ယောင်ကိုပဲ ဒါလင်ကအထိမခံဖြစ်နေတာမလား... ခြူးကိုရန်လာစတဲ့ဒါလင့်အမှားလို့ပဲသတ်မှတ်လိုက် ''

'' အဟား....ခြူးလေးနွယ် မင်းက သမင်အဆင့်လောက်နဲ့ ကျားရှေ့မှာ လာရပ်ပြနေသလိုပဲ ''

'' oh! ဟောဒီက သမင်မလေးကိုချီးကျူးမူအတွက်ကျေးဇူးတင်ပါတယ် ''

Companyအောက်ထပ်မှာပင် ဖုန်းပြောရင်းဒေါသထွက်နေပေမဲ့ ဒေါသထွက်ကြောင်းမပြပဲ ခပ်ငြိမ်ငြိမ်ပဲဖုန်းပြောနေရင်း အောက်ကိုဆင်းလာသည့် ခြူးလေးနွယ်ရဲ့မိဘတွေကြောင့် အပြုံးတစ်ခုဖန်တီးပြီး
စကားပြန်စ၏...။

'' မင်းမိဘတွေရောနေကောင်းရဲ့လားခြူးလေးနွယ် ''

'' ဒါပေါ့ ခြူးမိဘတွေက....ဇိုင်း..ကမ္ဘာစစ်! ရှင်! ''

ပြန်အရွဲ့တိုက်နေတဲ့ ခြူးလေးနွယ်က တစ်ခုခုကိုနားလည်သွားကာမှ အယောင်ယောင်အမှားမှားဖြစ်လာ၏...။ ဇိုင်းဘက်က မျက်နှာအရိပ်အကဲပြလိုက်သည်နဲ့ Company ဝန်ထမ်းတွေက
ခြူးလေးနွယ်၏မိဘတွေကိုတားထား၏...။

'' ပုံရိပ်ယောင် ကို ဒဏ်ရာတစ်ခုမှမမြင်ချင်ဘူး မိနစ်30အတွင်း အမှီလာပို့ပါ
မပို့ရင်တော့...မင်းမိဘနှစ်ပါးအတွက် စျာပနပြင်ထားလိုက်ပါ...ခြူးလေးနွယ် ''

'' ရှင်! ရှင် ''

ဇိုင်းဘက်ကနေ ဆက်ခနဲ ဖုန်းချသွားသည်ကြောင့်
ခြူးလေးနွယ်မှာ ဒေါသငွေ့တထောင်းထောင်းနဲ့ကျန်ခဲ့ရ၏...။ ခုံပေါ်မှာ ကြိုးတွေနဲ့တစ်ကိုယ်လုံးအချည်ခံထားရတဲ့ ပုံရိပ်ယောင်ကတော့ ခပ်ပြုံးပြုံးပင်..။
ရိပ်နားလည်သွားခဲ့ပြီ..။ ဦးဇိုင်းက ခြူးလေးနွယ်နဲ့တကယ်မအိပ်ခဲ့ဘူးဆိုတာနဲ့ အကွက်ချစီစဥ်တစ်ခုပဲဆိုတာ...။

• ..ဦးဇိုင်း...ကျွန်တော်ခဗျားကိုအထင်လွဲခဲ့မိတာပဲ..•

'' အဲ့တာနင့်ကြောင့်! အဲ့တာနင့်ကြောင့်ပဲပုံရိပ်ယောင်!
နင်ကဘာတွေများထူးခြားနေလို့ လူတွေက နင်မှနင်ဖြစ်နေရတာလဲ! ဟမ်! ''

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now