part 6(U+Z)

8K 305 3
                                    

ဘယ်တုန်းကမှရုံးကိုစောစောမသွားဘူးတဲ့
ဇိုင်းကမ္ဘာစစ်က ယခုနေ့မှာတော့ တက်ကြွတဲ့ကြက်ဖလို လေ လေးတချွန်''နဲ့ ကားကို ပုံရိပ်တို့ရဲ့အိမ်ကို ဦးတည်ပြီးမောင်းလာတော့တယ်...။ ကားပေါ်တွင်လည်း မြန်မာတေးသံရှင်ကြီးဦးစိုးပိုင်ရဲ့ စိတ်ကူးလေးရွက်လွှင့်မယ် ဆိုတဲ့သီချင်းလေးကိုလဲ ဖွင့်ထားလို့နေတယ်.....။

••• မချစ်တတ်သေးတဲ့ ငနဲကိုများ

အရူးအမူးဖြစ်အောင်လုပ်တာလား

မငဲ့ကွက်တော့ပါ သိက္ခာတရား...

ချစ်ခွင့်တောင်းမယ်....

ငွေရောင် ပင်လယ်ဝယ် စိတ်ကူးလေးရွက်လွှင့်မယ်...

ပန်းလှေပေါ်မှာကွယ် အချစ်အိမ်လေးတည်မယ်...

ရွှေရင်လူံပါကွယ် ...ကိုယ့်အသဲလေးအားတက်ဖွယ်

နိဗ္ဗန်ဆိုတာရယ် သြော် တို့ကမ္ဘာထဲမှာကွယ်~~

ဟေ့ ...လား..လ...လား...လ...လား...
လား..လ...လား...လ...လား...
လား....လ...လား...လ....လား
လား...လ...လ့...လ....လား....

ကိုယ့်ရဲ့အသည်းဟာ မင်းအပိုင်ပါ...

ပြုသမျှ နုစရာဘဝအခြေမှာ မရက်စက်သင့်ပါ....

သနားညှာတာ ခွင့်လွှတ်...ချစ်ပါ...

ရင်တွေခုန်ပါတယ်....မင်းရဲ့အကြည့်ကြောင့်ကွယ်...

လိပ်ပြာစေသူရယ်.. အို...ညစဥ်အိပ်မပျော်တယ်...

ယုံကြည်ပါ မေရယ် .....

ကိုယ့်အသည်းလေးပြောပြမယ်

အမျက်တော်ပြေစေဝယ်...

အို...ကိုယ့်ရင်မောစေတယ် ~~~••••

အဆိုပါသီချင်းလေးကို ဘယ်နှစ်ခေါက်ပင်ဖွင့်ထားမိသည်မသိ...။ ကားမောင်းရင်း တပြုံး'' နဲ့ ရိပ် တို့အိမ်ကို ခဏလေးအတွင်းရောက်သွားသလိုပင်...။
ဘယ်လောက်ပဲသဘောကျနေပါစေ ကိုယ့်မှာပဲသိက္ခာရှိသေးတဲ့အတွက် ကားကိုသော့ခတ်ပြီး
ခပ်တည်တည်ပဲ အိမ်ထဲကိုဝင်သွားလိုက်တယ်... ။
လူဆိုတာ ရောပြရင် ရောင့်တက်တဲ့အမျိုးမလား..။

ဒေါက်...ဒေါက်..!

'' ဘယ်သူများပါလိမ့် ''

တံခါးခေါက်သံကြားသည်နဲ့ ဒေါ်မိုးပွင့်ဖြူက တံခါးကိုသွားဖွင့်တော့ သားဖြစ်သူ သူဋ္ဌေးကိုမြင်တာနဲ့ ပြုံးပြုံးလေးနဲ့ကြိုဆိုတယ်...။

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now