part 8(U+Z)

10.2K 371 2
                                    

Companyက အလုပ်ကိစ္စတွေနဲ့ စီစစ်စရာတွေ အကုန်လုံးပြီးပြီဆိုမှ ဇိုင်းနဲ့ရိပ် အတူတူအိမ်ပြန်ဖို့ပြင်ကြရတယ်...။

• ထူးဆန်းတယ်... ပုံရိပ်ယောင် ဒီညအတော်ထူးဆန်းနေတယ် ဘယ်ချိန်ထဲကလဲဆို ကုန်တိုက်က စီစစ်စရာတွေအတည်ပြုပြီး ပြန်လာလို့ companyအရောက် ရတီဆိုတဲ့မိန်းကလေး သူ့လက်ကိုဆွဲခေါ်သွားပြီးပြန်လာထဲက စကားတစ်ခွန်းမှမပြောသေးပေ.. ပင်ပန်းနေလို့ ထင်ပြီး လွှတ်ထားပေမဲ့ ယခုထက်ထိ စကားတစ်ခွန်းမှကိုထွက်မလာသေးတဲ့အတွက် မနေနိုင်တဲ့ ကိုယ့်ဘက်ကပဲစကားစရတယ် •

'' အိမ်မှာ အဆင်မပြေတာရှိရင် ကိုယ့်ကိုပြောနိုင်တယ် ပုံရိပ်ယောင် အားနာဖို့မလိုဘူး ''

'' .....''

'' ကိုယ်ပြောတာကြားလား ''

'' ကျွန်တော်...အိမ်မှာပဲပြန်နေလို့မရဘူးလားBoss ''

'' ဘာဖြစ်ရပြန်တာလဲပုံရိပ်ယောင် ဒီကိစ္စအတွက်
မင်းနဲ့ကိုယ် ညှိထားပြီးပြီထင်တယ်.. ''

'' ကျွန်တော် မသတီလို့ ''

ကျွီ~!

ရိပ် ဒီလိုပြောမည်လို့ မထင်မှတ်ထားတဲ့အတွက်
ဇိုင်း ကားကို ကျွီခနဲ ရပ်ချလိုက်သည်...။

'' ဘာကွ! ''

ရိပ် စိတ်ထဲတော့ သူ့ဘက်ကလွန်တာ မလွန်တာ မစဥ်းစားမိ ရတီပြောသွားတဲ့စကားတွေကသာ နားထဲကို ထပ်ဆင့်'' ရောက်လာနေလေသည်..။

• BossကGayတစ်ယောက်ပဲရိပ်..
ငါတောင်းပန်ပါတယ် ငါတကယ် တစ်အိမ်ထဲနေရမယ်ဆိုတာမသိလို့ ငါလျှိုထားခဲ့တာပါ ငါပြောလိုက်ရင် နင်အလုပ်ခါမလျှောက်တော့မှာစိုးလို့

Boss ကGayပဲ
Bossက Gayပဲ
Bossက Gayတစ်ယောက်ပဲ! ..•

''......''

'' အဟား! ပုံရိပ်ယောင် မင်းက မသတီရအောင်
ငါက မင်းကိုဘာတွေများလုပ်နေလို့လဲ မင်းနေရာမှာ
အခြားသူသာဆို စောင့်ကန်ထုတ်ပြီးပြီကွ! ''

'' ခဗျားကGay ဆိုတာဟုတ်လား ''

'' ငါGayဆိုတာ Companyတစ်ခုလုံးသိတယ်
ဟေ့ကောင်! ''

'' ဒါပေမဲ့ ကျွန်တော်မသိဘူးလေ ''

'' အေး..မင်းမသိတာမင်းတုံးလို့လေ ငါ Gayဖြစ်တာနဲ့ မင်းက မသတီရအောင် မင်းကဘာသောက်ဆင့်များရှိလို့လဲ ''

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now