part 7(U+Z)

7.6K 275 5
                                    

သားဖြစ်သူကိုချီပြီးအောက်ဆင်းလာတဲ့သူဋ္ဌေးလေး
ကြောင့်ဒေါ်ပွင့်ဖြူစိတ်ထဲဖြန်းထနဲပင်ဖြစ်သွားရတယ်..။

'' ဟယ် သူဋ္ဌေးလေး.. သား သူဋ္ဌေးလေးကိုဘာလို့ချီခိုင်းတာလဲ အားနာစရာကွယ် ''

'' မဟုတ်ပါဘူး ကျွန်တော့်ကြောင့်သူခြေထောက်ခြေဆစ်နည်းနည်းထိခိုက်သွားလို့ ကျွန်တော်ချီလာတာပါ လမ်းရောက်ရင်ဆေးခန်းပါဝင်ပြပေးပါမယ် ''

'' ဟယ်....မဟုတ်တာပဲကွယ် အန်တီပိုက်ဆံပေးလိုက်မှာပေါ့ သူဋ္ဌေးလေးဝင်ပြဖို့မလိုပါဘူး
အပိုအလုပ်ရူပ်တာပေါ့ အန်တီပဲပြပေးလိုက်ပါမယ် ''

'' ရပါတယ် ​ကျွန်တော့်ကြောင့်ဖြစ်တာဆိုတော့ ကျွန်တော်ပဲ တစ်ခါထဲပြပေးလိုက်ပါမယ် company
နဲ့ကလဲတစ်လမ်းထဲဆိုတော့ ''

'' တမင်လုပ်တာမှ မဟုတ်ပဲလေ ဖြစ်တတ်ပါတယ်သူဋ္ဌေးလေးရဲ့ မနက်စာလေးစားသွားဦးနော် သူဋ္ဌေးလေး သားရော..''

'' သားကိုသတိရသေးသားပဲ ''

'' ဟယ် ဒီကလေး ဘာတွေပြောနေတာလဲ ''

'' အမေတို့ချင်းပဲသားအမိလိုဖြစ်နေကြတာကို...''

'' ဟဲ့ကလေးရဲ့ သူဋ္ဌေးလေးကိုအားနာစရာ ''

'' ရပါတယ်အန်တီ.... ပုံရိပ်ယောင်က ကျွန်တော့်ကို
အန်တီ့ပါးစပ်ကသား လို့ခေါ်တာကြားချင်နေတာဖြစ်မယ်....''

ရိပ် ကိုကြည့်ပြီးတစ်လုံးချင်းကပ်သပ်ပြောနေတဲ့လူကြောင့် ရိပ် အံလေးတကြိတ်''နဲ့ ညိုးထားရသည်..။

'' မနက်စာ စားသွားကြဦးနော် ''

'' ကျွန်တော်မစားတော့ပါဘူး companyလဲနောက်ကျတော့မယ် လမ်းကြမှတစ်ခုခုဝယ်စားလိုက်တော့မယ် ''

'' အေးပါကွယ် ဒါဆိုလဲ အန်တီ သားရဲ့ အဝတ်အစားထုတ်တွေသွားယူလိုက်ဦးမယ် ''

'' ဟုတ်ကဲ့ဗျ ''

ဒေါ်မိုးပွင့်ဖြူလဲ ရိပ် ရဲ့ အဝတ်အစားပစ္စည်းအနည်းငယ်ထုတ်ထားတဲ့ လက်ဆွဲအိတ်ခပ်ကြီးကြီးလေးကို ကားပေါ်ထိလိုက်တင်ပေးရတယ်..။

'' သား...မုန့်ဖိုးလေးယူသွားဦး ''

ပြောရင်းဆိုရင်းနဲ့ ဒေါ်မိုးပွင့်ဖြူကသူ့လက်ထဲက ပိုက်ဆံ တစ်သောင်းတန်5ရွက်ကို ရိပ်ကိုထုတ်ပေးတယ်...။

My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်) Where stories live. Discover now