'' ဦးဇိုင်း! ကျွန်တော့်ကိုလွှတ် ''
'' အဝတ်အစားမရွေးပေးသရွေ့ မလွှတ်ဘူးလို့
ပြောပြီးသား '''' ကြိုက်တာယူဝတ်ပါဆို ''
'' မရဘူး မင်းရွေးပေး ''
ရေချိုးပြီးထဲက အသက်34နဲ့မလိုက်ဖက်အောင်
ဂဂျီဂဂျောင် ကျနေတဲ့ ကလေးအိုကြီးကြောင့် ပုံရိပ်ခေါင်းတွေအတော်ပူထူနေပြီဖြစ်သည်...။ အရှက်မပြေသေးပါဘူးဆို လူကိုလာဖက်ပြီး ဂျီတိုက်နေသည်တဲ့လေ...။'' ရွေးပေးမယ် လွှတ်တော့ ''
'' ကျွန်တော့်မှာ အကြီးဆုံးအင်ကျီဆို ဒီ t shirtလေးရှိတယ် ဘောင်းဘီကတော့ ကျွန်တော်ကအတိုဝတ်တာများတော့မရှိဘူး ကျွန်တော့်ဘောင်းဘီနည်းနည်းရှည်တဲ့ထဲကပေးမယ် ''
အဝတ်ဗီဒိုထဲကနေ တစ်ခုရွေးလိုက် အကျိုးကြောင်းပြောလိုက်လုပ်နေတဲ့ကောင်လေးကို ပိုသဘောကျမိလာသည်မှာလိမ်လို့မရပေ...။
'' အင့်... ဝတ် ရပြီမလား အတွင်းခံကတော့ ''
'' မင်းဟာနဲ့တော့ ကိုယ်တော်မှာမဟုတ်ဘူး မင်းဟာကအရမ်းသေးလွန်းတယ်လေ ကိုယ်ကအဲ့ထက်10ဆလောက်ကြီးတယ် ''
'' ဦးဇိုင်း! ခဗျားနော် ''
'' ဟားဟား! ''
'' ကိုယ့်ဘာသာဝတ်ပြီးထွက်လာတော့ ကျွန်တော်ဆင်းတော့မယ်! ''
'' 3လက်မတောင်ပြည့်ရဲ့လားကွ ဟားဟား! ''
ဘာကြောင့်ရယ်မှန်းမသိ ဒီကောင်လေးကိုစနေရရင်
ဇိုင်းအမြဲတမ်းပြုံးရသည်..။ သဘောကျသည်...။
ဒါက အချစ်မှာရူးသွပ်နေကြတဲ့လူတွေပြောတဲ့အချစ်ဆိုတဲ့အရာပဲလားဆိုတာလဲဇိုင်းမသိ...။
ဇိုင်းသိတာက ဇိုင်း ဒီကောင်လေးကိုသဘောကျတယ်ဆိုတာပဲ....။••• သဘောကျတာနဲ့ ချစ်တာနဲ့ကမတူပါဘူး သဘောကျရုံပဲ...ဟုတ်တယ်.... သဘောကျတာ •••
___________________________________________
ထမင်းစားခန်းထဲမှာတော့ ဇိုင်း လာမှာကိုစောင့်ကြရင်းစကားဆက်မိနေကြတော့တယ်...။ ရိပ် အမေက ဟင်းညိုဟင်းပူပူလေးချက်နေသည့်အတွက်တော့ ရတီနဲ့ရိပ် တို့အနားအတူရှိမနေပေ...။
YOU ARE READING
My Boss Is Gay ( ငါ့ရဲ့BossကGayနေတယ်)
DragosteGay တွေကိုသိပ်မုန်းတဲ့ ပုံရိပ်ယောင် တစ်ယောက် သူအတွင်းရေးမှူးအဖြစ် အလုပ်ဝင်လျှောက်လိုက်တဲ့ Company ပိုင်ရှင်က Gay(Top) တစ်ယောက်ဖြစ်နေတာကို သိလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ...