part-1

1.1K 22 1
                                    

--------------------------------------------------------
"အန်တီမေ..!ဘေးအိမ်က အိမ်ငှားရသွားတာလား"

ဆေးရုံကပြန်ရောက်တာနဲ့ထမင်းစားခန်းထဲဝင်လက်ဆေးရင်းမှ မေသွယ်ကျော့တစ်ယောက်အန်တီမေကိုမေးလိုက်လေသည်။

ညနေစာဟင်းချက်နေသည့်အန်တီမေက ကျော့အမေးကိုပြန်ဖြေသည်။

"ဟုတ်တယ်ကျော့ရေ!အိမ်ငှားတာမဟုတ်ဘူး ဝယ်လိုက်တာဆိုပဲ!မိုးကုတ်ကနေကျောင်းလာတက်တာဆိုလားသင်တန်းလာတက်တာဆိုလား။ လူငယ်လေးတစ်ယောက်ထဲကျော့ရဲ့"

"အော်..!မိုးကုတ်ကဆိုတော့ ကိုပိုင်ကိုတောင်သတိရသွားမိတယ်။သူကောအဆင်ပြေနေရဲ့လားမသိ"

ကျော့ဘာရယ်မဟုတ်ကိုပိုင်အကြောင်းထည့်ပြောမိသွား၏။ အန်တီမေကတော့ကျော့ကိုမျက်နှာမကောင်းစွာနဲ့ပြုံးရုံမျှပြုံးပြလေသည်။

အင်း အန်တီမေကြည့်ရတာ ကျော့ကိုသနားပြီးစိတ်မကောင်းဖြစ်နေပုံပဲမလား။ဖြစ်လည်းဖြစ်ချင်စရာပါ ကျော့အဖြစ်ကလည်းသနားစရာပဲကိုး။

ကျော့တို့ချစ်သူဖြစ်ပြီးမကြာမှာပဲယူကျမယ်ဆိုပြီးမိဘတွေကို ကိုယ်ဆီဖွင့်ပြောကျတိုင်ပင်ကျချိန်မှာပဲ သူ့ဘက်ကမိဘကြောင့်ကောကိုယ့်ဘက်ကမိဘတွေကြောင့်ကောနဲ့ကျော့တို့နှစ်ယောက်ကဝေးခဲ့ကျတယ်မလား။ မေမေတို့ပြောသည့်အကြောင်းကတော့ ကိုပိုင်မိဘတွေကရှုပ်ရှုပ်ရှပ်ရှပ်တွေမလို့ဆိုပဲ ကျော့မှလမ်းမခွဲရင်အမွေပြတ်စွန့်လွှတ်မယ်လို့တစ်ချက်လွှတ်အမိန့်စကားကြောင့် နောက်ဆုံးကျော့ဟာမိဘကိုသာရွေးချယ်ခဲ့လိုက်ရသည်။

သုံးနှစ်လောက်ရှိပြီ ကျော့နဲ့ကိုပိုင်အဆက်သွယ်မရခဲ့သည်က။
ဒီချိန်ဆိုသူလည်းအိမ်ထောင်တွေများကျနေလောက်မလား..။

"အိမ်ရှင်တို့..အိမ်ရှင်တို့"

အိမ်ရှေ့မှအော်ခေါ်သံကြောင့် ကျော့ အန်တီမေနဲ့စကားပြောနေရာမှရပ်၍ထွက်လာကြည့်လိုက်၏။ လူငယ်ဆန်ဆန်တီရှပ်အဖြူနဲ့ဒူးလောက်သာရှိမည့်ဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ထားသည့်ကောင်လေးတစ်ယောက်။

"ဘယ်သူများလဲရှင်"

"အာ..ကျတော်ကဘေးအိမ်ကိုပြောင်းလာတဲ့သူပါအစ်မဗျ။အဲ့တာ အိမ်မှာကအဲကွန်းကပျက်နေတော့ ဘယ်သူ့​ပြင်ခိုင်းရမလဲမသိလို့ အစ်မတို့မှာအသိများရှိရင်ကျတော်နဲ့ချိတ်ပေးလို့ရမလား"

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now