part-5

193 7 0
                                    

----------------------------------------------------------------
တစ်ဖက်ခြံထဲကိုဝင်သွားသည့်ကားနှစ်စီးကိုကျော့အခန်းကနေလှမ်းကြည့်နေမိလေသည်။
ကားအကြောင်းတွေသိပ်မသိပေမဲ့ ထိုကားတွေမှာမော်ဒယ်မြင့်စျေးမြင့်ထဲကမှန်းနံပတ်တွေမြင်တာနဲ့တင်သိရလေသည်။

"​မောင်...!

ကိုယ်ကိုတိုင်ပင်သတိမထားမိလိုက်ချိန်မှာပဲ အိမ်ရှေ့ထွက်ကာကြိုဆိုနေသည့်သူကိုမြင်၍
နှုတ်ခမ်းဖျားတို့ဆီမှထွက်ကျသွားသည်ကမောင်တဲ့။
ဟင်..! မိန်းမလေးတစ်ယောက်ပဲ။ ကားနှစ်စီးအနက်မှတစ်စီးပေါ်ကနေအပြေးအလွှားဆင်းပြီး မောင့်ကိုလှမ်းကာပွေ့ဖက်လိုက်သည့်မြင်ကွင်း။

မောင်..မောင့်ကိုဖက်နေတာပဲ။သူနဲ့ကဘယ်လိုပတ်သက်မူ့မျိုးလဲ မောင်ဖုန်းပြောတာကြားရသည့်ထဲကဆုဆိုသည့်အမျိုးသမီးလေးလား။

ကျော့ စိတ်တွေရှုပ်​ထွေးလာသည်။နောက်ပြီးရင်တွေတုန်ရင်နေမိ၏။
ပြီးခဲ့တဲ့ရက်ကမှတင်ကျော့ကို မောင်လို့ခေါ်ဖို့နှင့်မခေါ်ရင်တောင်ခိုးပြေးမယ်ဆိုပြီးအတည်ပေါက်ပြောခဲ့တဲ့စကားတွေကဘာတွေများလဲမောင်။

ကျော့ ကျော့လေမညာဘူး။မောင့်အပြောတွေမောင့်အကြည့်တွေဆယ်ခါမှတစ်ခါလောက်သာပြုံးပြတတ်သည့်မောင့်အပြုံးတွေကိုကျော့သိပ်ကိုရင်ခုန်မိသည်။သိပ်ကိုကြိုက်သည်။ဒါဟာ သုံးနှစ်ကြော်ကာလကြာမြင့်ချိန်အပြီးကျော့ဘက်မှစ၍ရင်ခုန်သွားမိသူကမောင်ဆိုသောသူတစ်ယောက်ဖြစ်ခဲ့လို့နေတာကိုလည်းအံ့သြမိခဲ့ရပါသည်။

"ငထွဋ်..!သူများခြံကိုဘာလှမ်းကြည့်နေတာလဲကွ"

ဟန်နေတာကထွဋ်သူရိန်လင်း၏ပုခုံးကိုဆွဲဖက်ရင်းပြောလာလေသည်။ထွဋ်သူရိန်လင်းတစ်ဖက်ခြံမှထောင့်စွန်းအခန်း၏ခန်းစီးများလှုပ်ခတ်သွားတာကိုမြင်ဖြစ်အောင်မြင်လိုက်ရသည်။
ဟန်နေတာတို့ကိုခေါင်းသာရမ်းပြပြီးနောက် အိမ်ထဲဝင်လာခဲ့လိုက်ကျ၏။

"ကိုကို..! ဒီမှာနေရတာအဆင်ပြေရဲ့လား။ကိုကိုစားဖို့သောက်ဖို့တွေတို့အိမ်ရှင်းလင်းဖို့တို့ကကောဘယ်လိုလဲ"

ဧည့်ခန်းကျယ်ထဲရောက်တာနဲ့ မနားတမ်းမေးလာသည့်မေးခွန်းများမေးကာစပ်စုနေပြန်သူကဟန်နေတာ၏အဖေတူအမေကွဲညီမဆုရတီဖြစ်လို့နေသည်။

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now