part-2

260 4 0
                                    

----------------------------------------------------------------
"ကျော့..!မနက်ဖြန်ငါ့မွေးနေ့ကိုလာခဲ့ရမယ်နော်။နင်မနက်ဖြန်နေ့လည်ဆေးရုံဂျူတီမကျအောင်ဆရာကြီးကိုပြောထားအုံး။သိတဲ့တိုင်းမနှစ်ကလိုဖြစ်သွားမှ"

ကျော့ သက်ထားစံအပြောကြောင့်ပြုံးရယ်လျှက်ဖြင့်..။

"မဖြစ်ပါဘူးအသက်ရယ် ငါ့ဂျူတီလည်းမရှိသလိုဆရာကြီးကိုလည်းပြောထားလိုက်တယ်။အဆင်ပြေပြီလား"

ကျော့ ပြောတော့သက်ထားစံကကျေနပ်ပြုံးလေးပြုံးရင်းခေါင်းငြိမ့်လေသည်။

"ကျော့..!မနက်ကနင့်ကိုလာခေါ်တော့နင့်အိမ်ဘေးက လူရောက်နေပြီကော။ဘယ်တုန်းကရောက်တာလဲ မနေ့ကလိုက်ပို့တော့မတွေ့ပါဘူး"

အသက်အမေးကြောင့် ကျော့စားဖို့ပြင်နေသည့်ထမင်းဇွန်းကိုပြန်ချလိုက်ရင်းဖြင့်။

"မနေ့ကထဲကနေ့လည်လောက်ထဲကရောက်နေတာတဲ့အသက်ရဲ့။မနေ့ညနေဘက်က နင်သတိမထားမိလိုက်တာနေမယ်"

"အော်..!မိသားစုတွေအများကြီးပဲလား။ငှားတာလား ဝယ်တာတဲ့လားကျော့"

သက်ထားစံအမေးကို ကျော့ကပြန်မဖြေသေးပဲသူစားနေသည့်ထမင်းကိုအရင်တစ်လုတ်စား၏။နောက်တော့ခေါင်းလေးအသာရမ်းရင်း..။

"ငှားတာမဟုတ်ဘူး ဝယ်လိုက်တာတဲ့အသက်ရဲ့။မိသားစုတွေကမရှိတာလား ဘယ်လိုလည်းငါလည်းသေသေချာချာမသိဘူး။လက်ရှိကောင်လေးတစ်ယောက်နေတာပဲတွေ့တယ်"

"ဟုတ်လား..!အိမ်အကြ​ီးကြီးထဲမှာသူတစ်ယောက်ထဲပေါ့"

ကျော့ကအသက်အမေးကိုခေါင်းငြိမ့်ကာတုန့်ပြန်လေသည်။

"နာမည်ကထွဋ်သူရိန်လင်းတဲ့ ငါ့ထပ်ငယ်တယ်ပြောတာပဲ။မနေ့ကသူ့အိမ်အဲကွန်းပျက်နေလို့ပြင်လူခေါ်ခိုင်းပေးလို့ခေါ်ပေးရင်းသိလိုက်တာ"

"အမယ်..!ဇတ်လမ်းတွေဖြစ်တော့မှာများလား"

"ဟယ်..ဘာတွေလျှောက်ပြောနေတာလဲ။စားမှာစား "

နားရွက်ဖျားများနီရဲတွတ်သွားတဲ့သူငယ်ချင်းမကိုကြည့်၍သက်ထားစံကကြိတ်ကာပြုုံးလေတော့သည်။တစ်ရက်တော့ ထိုကောင်လေးကိုတွေ့ဖူးအောင်တွေ့အုံးမှ..ဒီမိန်းမမရိုးသားဘူး..။
~~~~~~~~~~~~~~~~~~~~
​​ေရှ့ကခုံပေါ်မှဖုန်းမြည်သံကြောင့် လက်ထဲမှmacbookကို ကြည့်နေရင်းမှဖုန်းယူကိုင်လိုက်လေသည်။ ဒီချိန်ခေါ်ဆိုသူမှာဟန်နေတာကလွဲလို့တခြားမရှိ။

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now