part-3

204 6 0
                                    

---------------------------------------------------------------
အိမ်ရှေ့ကခေါင်းလောင်းတီးသံကြောင့် ကျော့လက်ထဲမှစားလက်စကိတ်ကိုစားပွဲပေါ်ကပန်းကန်ထဲပြန်ထည့်ခဲ့ပြီး အိမ်ရှေ့ထွက်လာခဲ့လိုက်လေသည်။

​အန်တီမေကကျော့ဆေးရုံကပြန်ရောက်ထဲက တရေးအိပ်နေသည်။
တံခါးရှေ့တွေ့လိုက်ရသူကြောင့် ကျော့နှုတ်ခမ်းပါးလေးများအနည်းငယ်တွန့်ချိုးကာပြုံးရင်း။

"ထွဋ်သူရိန်လင်း.. !ဘာလိုပြန်လို့လဲ"

"အဟွန်း..!ဘာမှမလိုပါဘူးမကျော့ရယ်။ဒီမှာလေ မနေ့ညက ကျတော့်ကိုညစာကျွေးလို့ကျေးဇူးတင်တဲ့အနေနဲ့ အပြင်ရောက်တုန်းမုန့်ဝယ်လာတယ် မကျော့နဲ့အန်တီမေအတွက်"

"အဲ..!အားနာစရာကြီး။ ထမင်းတစ်နပ်စာကျွေးရတာမခဲယဥ်းပါဘူး ဒါတွေပေးစရာမှမလိုတာကို"

"ကဲပါ...ကျတော်ဝယ်လာပေးပြီးပြီဆိုတော့ လက်ခံလိုက်ပါ။ခြံတံခါးဖွင့်ပြီးယူပေးအုံး"

နေပူတာကြောင့် ကျော့လည်းခြံတံခါးဖွင့်ပေးပြီး ခြံထဲဝင်ခိုင်းလိုက်လေသည်။တံခါးနှင့်မလှမ်းမကမ်းမှာရှိသည့်ကြိမ်ခုံတန်းလေးပေါ် ကျော့ဝင်ထိုင်လိုက်တော့ သူလည်းကျော့အနားမှာဝင်ထိုင်သည်။

ပုံမှန်ဆို ဒီလိုသူစိမ်းတွေနဲ့ကျော့ဟာဘယ်တုန်းကမှရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိဖို့လွယ်ကူတဲ့သူမဟုတ်ပေမဲ့ ဒီကောင်လေးကတော့ချွင်းချက်ဖြစ်နေသလိုပင်။

"ဘာတွေလဲ မုန့်က"

"မာလာရှမ်းကော! ပုဇွန်တန်ပူရာကြော် နှပ်ကော်ဖီတစ်ခွက် အဲ့တာပါပဲဗျ"

"အဲ..!အစ်မအကြိုက်တွေပဲ"

"ဟုတ်လား..!အဆင်ပြေသွားတာပေါ့။မိန်းကလေးတွေအများစုကအဲ့လိုတွေကြိုက်တယ်ပြောကျလို့ကျတော်ဝယ်ခဲ့လိုက်တာ။ဒါနဲ့ ဒီနေ့မကျော့အိမ်ပြန်လာတာစောသားပဲ ဂျူတီမရှိဘူးလား"

ထွဋ်သူရိန်လင်း မေးတော့မေသွယ်ကျော့ကခေါင်းရမ်းပြ၏။

"မဟုတ်ဘူး အစ်မရဲ့သူငယ်ချင်းမွေးနေ့ရှိလို့ ​ညနေကျရင်တွေ့ကျဖို့ချိန်းထားတာကြောင့်လေ။အဲ့တာကြောင့်နေ့တစ်ပိုင်းခွင့်ယူလိုက်တယ်"

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now