part-7

225 2 0
                                    

--------------------------------------------------------------
"အတူလာတဲ့ကောင်ကဘယ်သူလဲ"

ကျော့ခါးကိုသူ့လက်နှစ်ဖက်နဲ့ဆွဲဖက်ထားသည်ကြောင့် ကျော့ကိုယ်လုံးလေးမှာသူ့ကိုယ်ကြီးနှင့်ပူးကပ်လို့နေလေသည်။

ကျော့အရပ်ကငါးပေလေးလက်မရှိပေမဲ့ သူ့ပုခုံးမှီရုံမျှသာရှိလေသည်။ဒီကောင်လေးတော်တော်အရပ်ရှည်လေသည်။

"အဲ့တာ ကဆေးရုံကနှလုံးအထူးကုကိုမြတ်သူပါ"

"အော်..!မကျော့နဲ့သိပ်ခင်ပုံပဲ"

ကျော့ဘက်ကလည်းသဘောရိုးနဲ့ပြောသည်ထင်ပြီးခေါင်းငြိမ့်ပြလိုက်တော့ မောင့်နှုတ်ခမ်းညိုညိုတို့မှာမဲ့တဲ့တဲ့ပြုံးလိုက်သလားလို့။

"ဒါနဲ့..!ညကဘယ်မှာရှိနေခဲ့တာလဲဟင်။ဖုန်းဆက်လာမယ်ထင်ပြီးစောင့်နေခဲ့တာ"

ကျော့ဟာဟန်မဆောင်နိုင်စွာဖြင့်မေးချလိုက်လေတော့ ​မောင်ဟာဘာမှပြန်မဖြေသေးပဲ ကျော့မျက်နှာပြင်ကိုသာစူးစမ်းကြည့်နေလေသည်။

"ဘာဖြစ်လို့လဲ ကျော့မျက်နှာမှာဘာပေ..."

"လှတယ်..!မကျော့ကလှတယ်။အင်း အတော်လှတဲ့မိန်းမထဲပါတယ်"

ကျော့ ဘာပြန်ဖြေရမလဲ!ကျေးဇူးတင်ပါတယ်လား ဒါမှမဟုတ်တကယ်လှတာလားလို့ပြန်မေးရမှာလား..။

"အထဲသွားတော့ သူတို့စောင့်နေကျတယ်မလား။ညနေမှတွေ့မယ်"

ပြွတ်..။
မောင်ဟာကျော့နှုတ်ခမ်းတွေကိုတစ်ချက်ငုံ့နမ်းပြီးကျော့ခါးပေါ်ရှိနေသည့်လက်တွေကိုဖယ်ရှားပေးလေသည်။နောက်ပြီး မောင်ကအရင်ဆုံးတစ်ဖက်ကားပါကင်ဘက်ကိုလျှောက်သွားလေပြီးသူ့ကားပေါ်တက်သွားခဲ့လေသည်။

မောင်တက်ပြီးမကြာ ဆိုင်ထဲမှာမောင်နဲ့အတူထိုင်သည့်မိန်းကလေးရယ် နောက်မောင့်အရွယ်လောက်ရှိမည့်ကောင်လေးတစ်ယောက်ရယ်ထွက်လာပြီးမောင့်ကားပေါ်တက်သွားတာတွေ့ရလေသည်။

ထိုမိန်းကလေးကတကယ်ကိုလူငယ်ဆန်ဆန်လေးနဲ့သိပ်ချစ်စရာကောင်းလှလေသည်။
ရင်တွေပူလိုက်တာ..!မောင်နဲ့ဒီကောင်မလေးကဘယ်လိုများပတ်သက်နေကျပါလိမ့်မောင်ရယ်။

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now