part-4

211 4 0
                                    

----------------------------------------------------------------
"ကျော့ရေ..!သားသူရိန်လင်းလာတယ်ကွယ်"

အိမ်အောက်ထပ်မှအန်တီမေအပြောကြောင့် ကျော့ ကိုမြတ်သူနဲ့ဖုန်းပြောနေရင်းမှ ရုတ်တစ်ရက်အမြန်ချလိုက်မိလေသည်။
နောက် အိမ်အောက်ပြေးဆင်းလာခဲ့မိ၏။

ဧည့်ခန်းမှာထိုင်နေသူရဲ့ကျောပြင်ကိုကြည့်ပြီး ကျော့စိတ်လှုပ်ရှားနေမိ၏။ လေးရက် လေးရက်ရှိပြီဒီနေ့နဲ့ဆို ကျော့ထိုကောင်လေးကိုသူ့အိမ်မှာမတွေ့ရတာ။
အသက်မွေးနေ့ကကျော့နဲ့သူနောက်ဆုံးတွေ့ခဲ့ရတာဖြစ်၏။

"ကောင်လေး..!ဘယ်တွေပျောက်နေခဲ့တာလဲ"

ကျော့ မှာဟန်မဆောင်နိုင်စွာဖြင့် ကောင်လေးကိုမေးရင်းသူနှင့်မျက်စောင်းထိုးမှခုံပေါ်ဝင်ထိုင်လိုက်လေသည်။
အန်တီမေကတော့ ဘုရားရှင်ဆွမ်းကပ်ဖို့ပြင်နေသည်ကြောင့် မီးဖိုခန်းထဲပြန်ဝင်သွား၏။

"အင်း အလုပ်လေးရှုပ်နေလို့ပါ။အိမ်ထဲမှာပဲရှိတယ်"

သူ့အဖြေကြောင့် ကျော့ရင်ထဲတမျိုးပဲ။ အိမ်ထဲမှာရှိနေခဲ့တာတောင် ဒီလေးရက်တွင်း ကျော့တို့ဘက်ဆီတစ်ချက်မလာ။ အို..ဘုရားရေ ကျော့ ကျော့ကသူ့ကိုမျှော်နေခဲ့မိတာလား။

"အော်..!အမြဲအိမ်ကတိတ်ဆိတ်နေပြီးလူရိပ်လူခြေမတွေ့ရတော့လူမရှိဘူးထင်နေခဲ့တာ"

ကျော့ ပြောတော့သူဟူခေါင်းငြိမ့်ပြ၏။
နောက်တော့ စားပွဲခုံပေါ်ကိုမေးငေါ့ပြရင်းမှ..။

"မနက်စာ ကော်ဖီနဲ့ဘဲသားမုန့်ဝယ်လာခဲ့တယ်။စားလိုက်အုံး"

"ဟင်..!"

ကျော့ဒီတစ်ကြိမ်လည်းထပ်ကာအံ့သြမိပါသည်။ကျော့အကြိုက်ကိုသူဘယ်လိုသိပြန်တာလဲ ဒါကဆိုင်ဆိုင်မူ့ပဲလား။

"ကျတော်မနက်စာသွားစားရင်းဝယ်လာခဲ့ပေးတာ ကျတော်စားတဲ့တိုင်းမကျော့လည်းစားနိူင်မယ်ထင်မိလို့ပါ။မကျော့တို့ကြိုက်မှစားပါ"

"မဟုတ်တာ...!ဟို အစ်မကြိုက်တဲ့မုန့်ပဲ။မင်းလည်းကြိုက်တာပဲလား"

"အွင်း...!ကြုိက်တယ်။မကျော့မနက်စာ စားတော့လေ ဆေးရုံသွားရအုံးမယ်မလား"

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now