part-6

208 3 0
                                    

----------------------------------------------------------------
တစ်ဖက်ခြံကိုလှမ်းကြည့်မိတော့ညကတိုင်းတံခါးတွေပိတ်ထားဆဲ။ မနေ့ညကမောင်ပြန်မလာခဲ့ပါ။
တစ်ညလုံးလိုလိုမောင်ပြန်လာပြီလားဆိုတဲ့စိတ်နဲ့လန့်နိုးလိုက်ထကြည့်လိုက်ငိုက်ကျသွားလိုက်နဲ့မလို့ကျော့ဒီမနက်လူကလန်းဆန်းမနေပေ။

သို့သော်..ဆေးရုံသွားရမည်ဖြစ်တာကြောင့်ပြတင်းပေါက်နားမှရပ်နေရာကနေရှောင်ထွက်လာခဲ့လိုက်၏။
မျက်နှာသစ်ရေချိုးပြင်ဆင်ပြီး ချည်သားလက်တိုဝမ်းဆက်လေးဝတ်ဆင်ပြီး ဖိနပ်ပါးလေးကိုထိုးဆီး၍အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်လေသည်။

ဒီနေ့ကျော့ဘာမှသိပ်မပြင်ဆင်ဖြစ်ပေ။ပုံမှန်ဆိုကြွကြွရွရွလေးတွေဝတ်ဆင်တတ်ပြီးဒေါက်မြင့်လေးတွေသာစီးတတ်သည့်ကျော့ဟာဒီနေ့တော့ခြေညှပ်ဖိနပ်ပါးလေးကိုသာအလွယ်အကူစီးခဲ့လေသည်။

"ကျော့ရေ..!နိုးပြီလား။ဒီနေ့နို့စိမ်းချက်တယ်ကွယ် ကျော့အကြိုက်ပဲ"

"ဟုတ်..!ကျော့ဗိုက်မဆာဘူးအန်တီမေ။ညနေပြန်လာမှစားမှာကြောင့် ချန်ထားပေးနော်"

"အို..မရပါဘူးကွယ်။နည်းနည်းတော့စားသွားရမယ်။လာပါ အန်တီမေတစ်ယောက်ထဲမစားချင်ဘူး"

အန်တီမေဇွတ်ခေါ်နေတာကြောင့်ကျော့နည်းနည်းဝင်စားရလေသည်။အန်တီမေချက်ရင်
​အရမ်းကြိုက်သည့်နို့စိမ်းခေါက်ဆွဲဟာဒီနေ့စားရတာဘာအရာသာမှမတွေ့သလိုပဲ။

"နေမကောင်းဘူးလားကျော့"

ကျော့မျက်နှာအနေထားကြောင့်အန်တီမေကမေးလာတော့ကျော့ခေါင်းရမ်းပြရင်း။

"ကောင်းပါတယ်အန်တီမေရဲ့။ကျော့ညကစာလေ့လာတာနဲ့အိပ်ရေးမဝတာကြောင့်ခေါင်းမကြည်ဖြစ်နေတာ"

ကျော့လိမ်ညာဖြေဆိုမိသည်။ မောင့်ကိုဘယ်သူကမှအဆိုးမြင်မှာကိုကျော့မလိုချင်တာပါ။

ပွမ်..ပွမ်..!
အိမ်ရှေ့မှကားဟွန်းသံကြောင့်ကျော့ကိုယ်လေးမတ်ကနဲ။ အန်တီမေကထပြီးလှမ်းကြည့်ပေးသည်။ကျော့အစားတောင်ထပ်မစားနိုင်ပဲအနားကကုပ်အကျီ်နဲ့အိတ်ကိုဆွဲလွယ်ပြီးအပြေးလာကြည့်မိ၏။

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now