21../

967 11 4
                                    

"ဘာဖြစ်တာတဲ့လဲ!ဆေးထိုးခဲ့ရဲ့လား"

ဆေးခန်းထဲကပြန်ထွက်လာပြီးကားပေါ်ရောက်တာနဲ့ကျော့ကိုမောင်ဟာစတင်မေးလာခဲ့လေသည်။
ကျော့ အောက်နှုတ်ခမ်းကိုနာနာဖိကိုက်ထားရင်းစိတ်ကိုတင်းလိုက်လေသည်။

"မောင်"

"အင်း ပြော"

ကျော့ ခေါ်တော့မောင်ဟာကျော့ကိုသာကြည့်၍ပြန်ထူးလာခဲ့လေသည်။

​"ကျော့..ကျော့မှာကိုယ်ဝန်ရှိနေပြီမောင်"

မောင်ဟာ ကျော့ကိုမယုံနိုင်ခြင်းမျက်လုံးအစုံနဲ့ကြည့်၏။

"နောက်နေတာလား မောင့်ကို"

"ဟင်..!ဟင့်အင်း ကျော့ပုံစံကနောက်နေတာနဲ့တူနေလားမောင်"

မောင်ဟာမျက်နှာပျက်ပျက်နဲ့ငြိမ်ကျသွား၏။
နောက်တော့ ကျော့ဘက်ကိုပြန်ကြည့်လာခဲ့လေသည်။

"ဘယ်လိုဖြစ်ရတာလဲ! အဲ့ဒီနေ့ကဆေးသောက်ခဲ့တာမဟုတ်ဘူးလား"

"သောက်ခဲ့တယ်မောင်!ဒါပေမဲ့ ပြန်အန်မိခဲ့တယ် ထပ်သောက်ဖို့ပြင်ခဲ့ပေမဲ့အဲ့ရက်တွေကသားဥကြွေရက်လည်းမဟုတ်ဘူးဆိုပြီးကျော့ဆက်မသောက်မိခဲ့ဘူး"

"ကျစ်...!အဓိပ္ပယ်မရှိလိုက်တာ"

ကျော့ရဲ့အလိမ်အညာစကားကိုမောင်ဟာမယုံကြည်ဘူးထင်ပါသည်။

"တောင်းပန်ပါတယ်!ကျော့ တောင်းပန်ပါတယ် "

"တောင်းပန်လို့ရတဲ့အရာလား! ဖျက်ချလိုက် အကောင်းဆုံးဆရာဝန်နဲ့ချိတ်ပေးမယ်"

"မောင်.."

ကျော့နားထဲ သံရည်ပူနဲ့အလောင်းခံလိုက်ရသလိုပူလောင်သွားခဲ့လေသည်။
မောင်ဟာ မောင်ဟာကျော့ကိုပြောသည့်စကားကဖျက်ချလိုက်တဲ့။

"ဟင့်အင်း.. !မဖျက်ချနိုင်ဘူး ကျော့ကလေးကိုကျော့မွေးမယ်မောင်။အသက်တစ်ချောင်းကိုဘာလို့လွယ်လွယ်သတ်ပြစ်ဖို့ပြောနိုင်ရတာလဲ မဟုတ်ဘူး ကျော့ဗိုက်ထဲက ကလေးကမောင့်ကလေးလေ မောင့်သွေးသားကို ဘာလို့.."

"တောက်..! တော်လိုက်တော့မေသွယ်ကျော့။မင်းကိုအစထဲကဒီလိုတွေဖြစ်လာမှာဆိုးလို့ငါအကာကွယ်သုံးဖို့လုပ်ခဲ့တယ်။ဒါကိုမင်းသိသိရဲ့နဲ့လက်မခံခဲ့ပဲဆေးသောက်မယ်ဆိုပြီးလုပ်တယ် အခုကျတော့ဒီကိုယ်ဝန်ကရလာပြီ ငါ့ဘဝငါ့မိသားစုကိုမင်းနဲ့ပဲဖြတ်သန်းမယ်လို့ငါတစ်ခါမှစိတ်ကူးမယဥ်ခဲ့ဘူး။ဒီလိုကိုယ်ဝန်ရှိလာဖို့ဆိုတာလည်းငါမဖြစ်ချင်ဆုံးအရာပဲ ဒါကိုမှမင်းက..!ဟာကွာ"

ကျော့ ရင်ဘက်တွေအောင့်လာမိ၏။နာကျင်ရလွန်းလို့ အခုနေ​သေသွားရင်ကောင်းမယ်ဆိုတဲ့အတွေးတို့တောင်ဝင်လာမိခဲ့လေသည်။
မောင်ဟာကျော့ထင်ထားတာထပ်ပိုပြီးကျော့ကိုမချစ်ခဲ့တာပဲ။ကျော့ကိုအပျော်တွဲဖို့အတွက်တင်တွဲနေခဲ့တာလား။ကျော့ထင်ထားတာထပ်ပိုပြီးမောင်ကရက်စက်လိုက်တာ။

"တောင်းပန်ပါတယ်မောင်! ကျော့ကားငှားပြီးပြန်လိုက်ပါ့မယ် မောင်အဆင်ပြေတဲ့အချိန်ကျရင်တော့ကျော့ကိုဆက်သွယ်လာပေးပါ။ကျော့ကိုတာဝန်ယူပေးပါမောင် မောင်ပြောသလိုဒီကိုယ်ဝန်ကိုလည်းဖျက်ချမပေးနိုင်သလို single momအနေနဲ့လည်းကျော့ရှေ့မဆက်ရဲလို့ပါ"

မေသွယ်ကျော့ဟာထိုစကားများပြောပြီးကားပေါ်မှဆင်းသွားလေသည်။ ကျန်နေခဲ့သူမှာ ယိုင်နဲ့နဲ့ကားငှားဖို့ပြင်နေသူကိုကြည့်ပြီးနောက်
စိတ်ပေါက်ပေါက်နဲ့ ကားထဲကအမြန်ထွက်လာခဲ့လိုက်ရလေသည်။

"တူမကြီး ဘယ်သွားမလိုလဲ"

"ဟုတ်ကဲ့ အရှေ့နားကဇေယျဝတီလမ်း...!"

"မငှားတော့ဘူးဦးလေး!ကျတော်သူ့အမျိုးသားပါ"

မောင်ဟာကျော့လက်ကိုဆွဲကိုင်ရင်းကားသမားဦးလေးကိုပြောလိုက်လေသည်။နောက်တော့ သူ့ကားရှိရာဆီကျော့ကိုခေါ်လာပြီးကားနောက်ခန်းထဲဝင်ထိုင်စေပြီးကားခါးပတ်ပတ်လေသည်။

"မောင်.."

"ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်လိုက်ခဲ့"

ကျော့ ကိုမောင်ဟာလေသံမာမာနှင့်ကြည့်ကာပြော၏။
မောင်စိတ်တိုနေတာကြောင့် ကျော့ဘာမှဆက်မပြောဖြစ်ပဲငြိမ်ပြီးလိုက်ခဲ့ရလေသည်။

အင်း မောင်စိတ်တိုစိတ်ဆိုးနိုင်ပါတယ်။မောင့်ကိုလည်းတောင်းပန်ပါတယ် မောင့်ခွင့်ပြုချက်မပါပဲလုပ်ခဲ့မိလို့ပါ။ဒါပေမဲ့ ကျော့နဲ့ကျော့တို့က​လေးလေးနားမှာမောင်ရှိနေပေးပါ မောင်ရှိနေပေးတာကိုလိုချင်ခဲ့မိလို့ပါမောင်..။မောင့်ကိုကျော့အဆုံးရှုံးမခံနိုင်လို့ပါ မောင့်ကိုချစ်လွန်းလို့ကျော့လုပ်ခဲ့မိတာတွေကို မောင်သိပြီးအပြစ်မမြင်ပေးရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲမောင်။
___________________________________

ဒါလေးက  paid group လုပ်ထားတာမလို့ အခန်းဆက်ထပ်ဖတ်ချင်သူများ မေမြတ်မိုးမေ အကောင့်ကိုလာဝယ်ပေးပါရှင့်။ လက်ရှိအပိုင်း၂၄ထိသာရပါသေးတယ်ရှင်။

You've reached the end of published parts.

⏰ Last updated: Jun 09 ⏰

Add this story to your Library to get notified about new parts!

မောင်နှင့်အချစ်ရှိရာ Where stories live. Discover now