10

630 142 8
                                    

အပိုင်း (၁၀)

၇ လွှာက ဖြန့်ချိရေးဌာနကတော့ ပြန်လည်ပြင်ဆင်ဖို့ တစ်ပတ်ပိတ်ရက် ယူခဲ့တယ်၊ တစ်ရက် ရှောင်းကျန့် ပထမထပ်မှာ ဓာတ်လှေကား စောင့်နေတုန်း ၇ လွှာက ဝန်ထမ်းအချင်းချင်း သူတို့ဌာန မီးလောင်တဲ့အကြောင်း ပြန်ပြောနေတာနဲ့ ကြုံသွားတယ်၊ မီးက မမျှော်လင့်ထားတဲ့အချိန်မှာ ထလောင်ခဲ့ပုံပေါ်တယ်။

အဲဒီနေ့က ခွင့်ယူထားလို့ မသိလိုက်တဲ့ဝန်ထမ်းက နားထောင်နေရင်း နှမျောတသဖြစ်စွာ မှတ်ချက်ပေးတယ်။

"အတော်လေး ဆုံးရှုံးသွားတာပဲ"

ရှောင်းကျန့်က ပြောပြနေတဲ့ ဝန်ထမ်းနာမည်ကို မမှတ်မိပါဘူး၊ ဖြန့်ချိရေးနဲ့ ပတ်သတ်သမျှက လုလုကိုပဲ ခိုင်းလေ့ရှိတာ၊ သူကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်ရတာမျိုး မလုပ်ရဘူး၊ ဒါပေမဲ့ ဝန်ထမ်းတွေကတော့ ကုမ္ပဏီရဲ့အရာရှိ အကြီးပိုင်းဆိုရင် သိကြတာ ထုံးစံပဲလေ။

ရုတ်ချည်းဆိုသလိုပဲ ဝန်ထမ်းက ထမေးတယ်။

"အဲဒီနေ့က ရောက်လာတဲ့ မီးသတ်သမားတွေထဲမှာ အသိရှိတာလား အယ်ဒီတာချုပ်?"

"ဟင်..ဘာလို့ဒီလိုမေးတာလဲ?"

"အဲဒီနေ့တုန်းက မီးသတ်ကာကွယ်ရေးဝတ်စုံ သေချာမဝတ်ထားတဲ့ မီးသတ်သမားတစ်ယောက်က အပေါ်ပြေးတက်လာပြီး အယ်ဒီတာချုပ်ကို လိုက်ရှာနေတာမို့လို့ပါ"

"အာ..ဟုတ်လား.."

ရှောင်းကျန့် ဘာမှတ်ချက်မှ မပေးမိဘဲ ယဉ်ယဉ်ကျေးကျေးပဲ ပြုံးပြလိုက်တယ်။

မီးက ၇လွှာကနေ ၈လွှာကို ကူးလာရလောက်အောင် မကြီးခဲ့တာ ကံကောင်းတယ် ပြောရရမယ်၊ ၈ လွှာကိုသာ ရောက်လာခဲ့ရင်း အမြင့်ကြောက်တဲ့ ရှောင်းကျန့် မီးထဲမှာ ပိတ်မိနေလောက်တယ်။

အဲဒီနှစ်က ယူနီဗာဆယ်စတူဒီယိုမှာ ဒိုင်နိုဆောရိုလာကိုစတာ သွားစီးခဲ့ပေမဲ့ သူ့ရဲ့အမြင့်ကြောက်စိတ်ကိုတော့ မကျော်လွှားနိုင်ခဲ့ဘူး၊ လေ့ကျင့်ရင်းနဲ့ အကျင့်ရသွားမှာဖြစ်ကြောင်း ဝမ်ရိပေါ်ပြောခဲ့လို့ ကြိုးစားကြည့်ခဲ့ပေမဲ့ ရှောင်းကျန့်အတွက်ကတော့ အရာမထင်ခဲ့ဘူး။

Willful Man & Stubborn StoneWhere stories live. Discover now