အပိုင်း(၁)
လက်ကိုင်မှန်ဘီလူးနဲ့ ဆော့ဖူးကြသလား?
မှန်ဘီလူးဆိုတဲ့အရာက ပုံရိပ်တစ်ခုကို ချုံ့ပစ်လိုက်နိုင်သလို အဆမတန် ချဲ့ကားပေးပြီးလဲ ထင်ရှားသိသာအောင် လုပ်ပေးနိုင်တယ်၊ ဒီလိုပဲ ငယ်ငယ်လေးကတည်းက ရှောင်းကျန့် မျက်လုံးထဲမှာ ၀မ်ရိပေါ်ရဲ့ပုံရိပ်က အကြီးချဲ့ပြီး ကြည့်ရသလို ထင်ထင်ရှားရှား သိသိသာသာ ဖြစ်ခဲ့တာ၊ အရာရာချွင်းချက်မရှိ ပြည့်စုံတယ်လို့ ရင်ထဲအသည်းနှလုံးထဲကနေ ခံစားရတဲ့ ၀မ်ရိပေါ်ကို ရှောင်းကျန့်ဘက်က နှစ်တွေအများကြီး အများကြီးကြာတဲ့အထိ ချစ်ခဲ့တယ်။
ရှောင်းကျန့် ၀မ်ရိပေါ်ကို ဘယ်တုန်းက စသိခဲ့တာလဲ?
အဲဒါက ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသားလေး ရှောင်းကျန့် ကျောင်းအသစ်ရဲ့ အားကစားကွင်းအလယ်မှာ ရပ်နေတုန်းက ဖြစ်လိမ့်မယ်။
ပူပြင်းလွန်းတဲ့ နေရောင်ကြောင့် ရှောင်းကျန့်ရဲ့ မျက်တောင်ရှည်တွေမှာ ချွေးစတွေ သီးနေခဲ့တယ်၊ အောက်ခင်းတမံတလင်းကနေ အပူငွေ့တွေ တလှိုက်လှိုက်တက်နေတာကို ကောင်းကောင်းကြီး ခံစားမိနေတဲ့အချိန်မျိုးပေါ့၊ ကြာတော့ တကယ်ပူနေသလား၊ အမြင်တွေ ဝေဝါးနေလို့ပဲ ပူလွန်းတယ်လို့ ခံစားနေရသလားတောင် မသဲကွဲတော့ဘူး။
ကျောင်းအုပ်ကြီးက စင်မြင့်ပေါ်တက်ကာ အပ်ကြောင်းထပ်နေပြီဖြစ်တဲ့မိန့်ခွန်းနဲ့ ကျောင်းသားအသစ်တွေကို ကြိုဆိုတယ်၊ သေချာနားထောင်ကြည့်မယ်ဆိုရင် အသံချဲ့စက်က ထွက်လာတဲ့အသံတွေကြားမှာ ဘက်စကတ်ဘောကွင်းဘေးက အစိမ်းရောင်သစ်ပင်တွေမှာနေကြတဲ့ ပုစဉ်းရင်ကွဲတွေရဲ့ ဆူဆူညံညံအော်သံတွေကိုပါ ကြားရလိမ့်မယ်။
နွေရာသီစတင်တဲ့ စက်တင်ဘာလဆိုပေမဲ့ တဆိတ်ပူလွန်းနေတယ် မဟုတ်ဘူးလား?
"အစီစဉ်အရ အထက်တန်းပထမနှစ်ကျောင်းသား ၀မ်ရိပေါ်က ကျောင်းသားအားလုံးကိုယ်စား အဖွင့်နှုတ်ခွန်းဆက်စကား ပြောပေးမှာဖြစ်ပါတယ်"
ကစားကွင်းထဲမှာ လက်ခုပ်တီးသံ သံပြိုင်ထွက်လာတယ်၊ နောက်ဆုံးရဲ့အစွန်မှာရပ်နေတဲ့ ရှောင်းကျန့်က အလံတိုင်အောက်မှာရပ်ပြီး နှုတ်ခွန်းဆက်စကားပြောနေတဲ့ ကောင်လေးကို မမှိတ်မသုန် ကြည့်နေမိတယ်၊ ဒီကောင်လေးနာမည်ခေါ်လိုက်တာနဲ့ လူတိုင်းလှုပ်လှုပ်ရွရွ ဖြစ်ကုန်တာ ဘာကြောင့်များပါလိမ့်? အထူးသဖြင့် ဘေးကကျောင်းသူလေးတွေ၊ သူတို့က အချင်းချင်း တွန်းထိုးလိုက်လုပ်ပြီး စကားတွေ တီးတိုးပြောကုန်ကြတာ။
YOU ARE READING
Willful Man & Stubborn Stone
Fanfic⚠️ Marriage first, love later (?), Firefighter AU, BJYX, Yizhan I do not own this story. Authorized translation. All rights reserved to the original author PrimSix.