15

523 118 11
                                    

အပိုင်း (၁၅)

မီးသတ်ဝန်ထမ်းတွေက သူများအတွက် မီးငြှိမ်းပေးနိုင်ပေမဲ့ သူတို့ကိုယ်တိုင် မီးလောင်ရင်တော့ မငြှိမ်းနိုင်ကြတာလား?

ဝမ်ရိပေါ်က လောကကြီးရဲ့အကောင်းဆုံးသောအရာတွေကို မမြည်းစမ်းရသေးတဲ့ သာမန်လူငယ်လေးတစ်ယောက်ပါ၊ အခုလက်ရှိမှာ သူ့ရဲ့အချစ်တွေကို မြေစမ်းခရမ်းပျိုးပြီး နည်းနည်းချင်း ထုတ်ပြနေတယ်။

ဒါပေမဲ့ တစ်ဖက်လူက သူ့အချစ်တွေကို မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ၊ သူပေးတာ မလုံလောက်ရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုမျိုး စိုးရိမ်စိတ်တွေနဲ့ ရှင်သန်ရတဲ့အခါ ပါးလွှာနေတဲ့ ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ရသလို စိတ်မလုံခြုံမှုကို ခံစားရတယ်။

"မင်း ဒီလိုကြီး ပိတ်ရပ်နေရင် ငါဘယ်လိုလုပ်ပြီး အခန်းထဲ ဝင်အိပ်ရမှာလဲ?"

ရှောင်းကျန့် ဒီစကားကို ပြောလာတဲ့အချိန်မှာ မျက်နှာကိုမော်ချီထားတယ်၊ အဲဒီမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားလေး ရှောင်းကျန့်ရဲ့မာန်တွေ ပြန်ပေါ်လာတယ်၊ ဝမ်ရိပေါ်ကို ကျိန်ရဲတဲ့၊ ဝမ်ရိပေါ် စိတ်ဆိုးပြီး နောက်တစ်နေ့ စာအတူ မလုပ်တော့မှာကို မကြောက်တဲ့ ရှောင်းကျန့်ကို ပြန်မြင်ရတယ်။

ဝမ်ရိပေါ် ခြေထိုးခံရလို့ လဲကျသွားချိန် စီနီယာအတန်းကကျောင်းသားကို ဒေါသတကြီးပြေးထိုးတဲ့ ရှောင်းကျန့်ကလဲ ဒီလိုပုံစံမျိုးပါ၊ ဆရာတွေ ဝိုင်းဆွဲနေတာတောင် ပါးပြင်နှစ်ဖက် နီရဲတက်လာတဲ့အထိ ဒေါသတွေထွက်ခဲ့တာ၊ ဟိုဘက်ကို မထိုးရတော့ ဝမ်ရိပေါ်ဘက်ပြန်လှည့်လာပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဆူသေးတယ်။

"မင်းကငတုံးလား.. ဘာလို့ခံနေတာလဲ?"

ဝမ်ရိပေါ် မမှားဘူးဆိုရင် အဲဒီရှောင်းကျန့်က ဟိုးအစကတည်းက ဝမ်ရိပေါ်တိတ်တိတ်လေး ပျော်ဝင်ခဲ့ရတဲ့ ရှောင်းကျန့်ပဲ။

နောက်ဆုံးစာမေးပွဲ ပြီးသွားတဲ့အချိန်မှာ ရှောင်းကျန့်က ဝမ်ရိပေါ်အိမ်ထိ ရောက်လာပြီး ဖွင့်ပြောခဲ့တယ်၊ အငြင်းခံလိုက်ရတော့ ဝမ်ရိပေါ်ကို တစ်ပြန်ကြီး ခြိမ်းခြောက်ပြီး ကျိန်စာတိုက်သွားတယ်၊ 'မင်းအိပ်မက်ထဲထိ နောင်တရမှာ' တဲ့လေ။

Willful Man & Stubborn StoneWhere stories live. Discover now