13

635 135 6
                                    

အပိုင်း (၁၃)

နိုဝင်ဘာမို့ ရာသီဥတုက စတင်ကာ အအေးပိုလာပြီ၊ ဒီလိုရာသီမှာ အခန်းတွင်း အပူပေးစနစ်ကိုသာ ဖွင့်မထားမိရင် ရှောင်းကျန့်ရဲ့ ခြေဖျားလက်ဖျားတွေက ကျိန်းသေပေါက် အေးနေလိမ့်မယ်၊ အခုကျ ရှောင်းကျန့် ကျောပြင်မှာ ချွေးစတချို့တောင် ထွက်နေခဲ့ပြီ။

ရှောင်းကျန့်က ခပ်တောင့်တောင့်လေး ရပ်နေတာ၊ ဝမ်ရိပေါ်က အနောက်ကနေ သိုင်းဖက်ထားတဲ့အပြင် လက်ချောင်းတွေကိုပါ ဆွဲယူပြီး ဆုပ်ကိုင်ထားတယ်၊ ဒီလိုအခြေအနေမျိုး ရှောင်းကျန့်ဘဝမှာ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပဲ။

ဒီတစ်မိနစ်တာ အခိုက်အတန့်မှာတော့ သူတို့နှစ်ယောက်ကြားက အကွာအဝေးက ဇီးရိုးဖြစ်နေတယ်။

"တစ်မိနစ်လောက်.. တစ်မိနစ်လောက်ပါပဲ"

ဝမ်ရိပေါ်ရဲ့တည်ငြိမ်တဲ့ အသက်ရှူသံကို ရှောင်းကျန့် တစ်မိနစ်တိတိ ငြိမ်ပြီးနားထောင်နေမိတယ်၊ ဒီတစ်မိနစ်လုံး ရှောင်းကျန့်ခေါင်းထဲမှာ လေဟာနယ်လို ဗလာကျင်းပြီး၊ ဘာတစ်ခုမှ တွေးမရခဲ့ဘူး။

"တစ်မိနစ်ပြည့်ပြီ"

ရှောင်းကျန့်က ဝမ်ရိပေါ်ကို တတောင်နဲ့တွတ်ပြီး အနောက်ပြန်တွန်းထုတ်ရင်း ပြောတယ်၊ သူ့အသံမှာ ခံစားချက် တစ်စုံတရာ ပေါ်မနေဘူး၊ ဝမ်ရိပေါ်ကလဲ ချက်ချင်း ပြန်လွှတ်ပေးလိုက်တယ်၊ အဲဒီနောက်တော့ နှစ်ယောက်သားက အချင်းချင်း ညှိထားကြတဲ့အတိုင်း ဒီကိစ္စအကြောင်းကို ဆွေးနွေးတာတွေ မလုပ်ကြဘဲ အောက်ထပ်ဆင်းလာခဲ့ကြတယ်။

ထမင်းစားခန်းက လူကြီးတွေကတော့ စကားတပြောပြောနဲ့ အေးအေးဆေးဆေး ညစာစားနေကြတာ၊ သူတို့နှစ်ယောက် ဆင်းလာတာမြင်တော့ ရှောင်းပါးက ဝမ်ရိပေါ်ကို အနားခေါ်ပြီး အတူသောက်ဖို့ ပြောတယ်။

"သူ ကားမောင်းရအုံးမှာ.. သောက်လို့မဖြစ်ဘူး"

ရှောင်းကျန့်က ခေါင်းငုံ့စားနေရင်း ဧည့်နှင်တဲ့စကားကို ရက်ရက်စက်စက် ထုတ်ပြောတယ်။

"ဒီနေ့ မင်းနဲ့လိုက်လာတာမို့.. ကားမောင်းစရာ မလိုဘူးလေ"

ဝမ်ရိပေါ်က လက်နှစ်ဖက်နဲ့ ခွက်ကိုင်လိုက်ပြီး ရှောင်းပါးငှဲ့ပေးလာတဲ့ဝိုင်ကို တရိုတသေ လက်ခံလိုက်တယ်၊ ရှောင်းကျန့် ပြောချင်တဲ့သဘောကို သူကောင်းကောင်းသဘောပေါက်သားပဲ၊ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ၊ သိနေလဲ နားမလည်ချင်ယောင်ဆောင်ပြီး နေရတာပဲပေါ့။

Willful Man & Stubborn StoneWhere stories live. Discover now