2

1K 149 9
                                    

အပိုင်း (၂)

အခန်း ၁ ရဲ့ အတန်းပိုင်ဖြစ်တဲ့ ကုလောင်ရှီးက အင်္ဂလိပ်သင်ရတဲ့ ဆရာ၊ သူက အခန်း ၂ ကိုပါ သင်ပေးရတယ်၊ ဒီတော့ အတန်း ၂ ရဲ့ ကျောင်းသား ကိုယ်စားလှယ် ဖြစ်တဲ့ ဝမ်ရိပေါ်က ကုလောင်ရှီးဆီ အိမ်စာစာအုပ်တွေ သွားပို့ပေးရတိုင်း ရှောင်းကျန့်နာမည်ကို မကြာမကြာ ကြားရလေ့ရှိတယ်။

"ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်လို ကလေးမျိုးတွေ ကုလောင်ရှီး အတန်းထဲမှာ ရှိနေတာ အတော်ဟန်ကျတာပဲ.. ဒီနှစ်တော့ ကုလောင်ရှီး ကံကောင်းတဲ့နှစ်ပဲ.. ကျောင်းမှာ အတော်ဆုံး ကျောင်းသား နှစ်ယောက်ကို သင်ခွင့်ရတာ မဟုတ်လား"

"ဒီတစ်ခါလဲ အင်္ဂလိပ် လပတ် စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့လူက ရှောင်းကျန့်ပဲမလား?"

"အမှန်ပဲ.. ဒါပေမဲ့ ရှောင်းကျန့်က သင်္ချာတော့ နည်းနည်း အားနည်းတယ်.. သူနဲ့ရိပေါ်က မတိမ်းမယိမ်းရယ်.. ရိပေါ်ကျ သင်္ချာတအားတော်ပေမဲ့ အင်္ဂလိပ်ကိုတော့ နည်းနည်းအားမရဘူးလားလို့"

"စကားမစပ် ရိပေါ် ဒီတစ်ခေါက် အင်္ဂလိပ်စာ အမှတ်ဘယ်လောက်ရလဲ?"

ဝမ်ရိပေါ်က ခေါင်းငုံ့ပြီး အိမ်စာစာအုပ်တွေကို ရေတွက်နေတာ၊ သူ့ကို လှမ်းမေးလိုက်တဲ့ ဆရာမစကားကြောင့် မော့ကြည့်လာပြီး ယဉ်ယဉ်ကျေးကျေး ပြန်ဖြေတယ်။

"ကျွန်တော် ဒီတစ်ပတ် အမှတ်မကောင်းဘူး"

"ဟယ် ဘယ်လောက်မို့ အမှတ်မကောင်းဘူး ပြောရတာလဲ မင်းက?"

အဲဒီမေးခွန်းကြားတော့ လက်ထဲမှာ ရေနွေးဓာတ်ဘူးလေးကိုင်ပြီး အနားပြန်ရောက်လာတဲ့ ကုလောင်ရှီးက ဝမ်ရိပေါ်ကို နှစ်သိမ့်လာတယ်။

"အမှတ်က ပွိုင့်လောက်လေး ကွာသွားလို့ အဆင့် ၃ ဖြစ်သွားတာပါကွာ"

အိမ်စာစာအုပ်တွေ အပ်ပြီး အတန်းပြန်တော့မဲ့အချိန်မှာတော့ ကုလောင်ရှီးခုံပေါ်မှာ တင်ထားတဲ့ အမှတ်စာရင်းကို ဝမ်ရိပေါ် အမှတ်တမဲ့ မြင်လိုက်ရတယ်၊ ရှောင်းကျန့်က အင်္ဂလိပ်ဘာသာမှာ ပထမရတာမှန်ပေမဲ့ ဘာသာရပ်အားလုံး အဆင့်နဲ့ပြန်စီလိုက်တဲ့အချိန်မှာတော့ ဒုတိယ ဖြစ်သွားတယ်။

Willful Man & Stubborn StoneWhere stories live. Discover now