16

103 41 1
                                    

အပိုင်း (၁၆)

ပူစပ်ပူလောင်ရှိလှတဲ့ နေ့လည်ခင်းတစ်ခု။

စာသင်ခန်းထဲမှာ ဖွင့်ထားတဲ့ ပန်ကာက တဂျစ်ဂျစ် မြည်သံပေးတယ်၊ စာမေးပွဲ မေးခွန်းနဲ့ အဖြေလွှာ စာရွက်တွေ လှန်လှောသံကလွဲရင် တစ်ခန်းလုံး ငြိမ်သက်တိတ်ဆိတ်နေတယ်၊ ရှေ့ဆုံးမှာတော့ မေးကို လက်တစ်ဖက်နဲ့ ထောက်ထားရင်း ငိုက်မြည်းနေတဲ့ ဆရာရှိနေတယ်။

အရင်အပတ်က အတန်းထဲက အင်္ဂလိပ်အိမ်စာတွေ စုပြီး ဆရာများနားနေခန်းမှာ သွားပို့တုန်းက အတန်းမှူးနဲ့တွေ့ခဲ့တယ်၊ ဝမ်ရိပေါ်ကိုမြင်တော့ အတန်းမှူးက သူ့ပခုံးကို ဖွဖွဖိညှစ်လာပြီး အတန်းပိုင်ဖက်ကို လှည့်ပြောတယ်။

"လောင်ရှီး အတန်းမှာ တော်တဲ့ကလေးတွေ ရထားတာပဲ.. ဒါနဲ့ဟိုတစ်ခါက ကျောင်းသားဝမ်ရိပေါ်ကို အင်္ဂလိပ်နည်းနည်း အားမရချင်ဘူးလို့ ပြောသံကြားမိတယ်.. အဲဒါ ကုလောင်ရှီး အတန်းထဲက ရှောင်းကျန့်နဲ့အတူ စာကျက်ခိုင်းလိုက်ရင် မကောင်းဘူးလား.. စာတော်တဲ့ ကျောင်းသားအချင်းချင်း တစ်ယောက်တစ်လှည့် ကူကျက်ပေးတော့ ပိုအကျိုးရှိမယ် ထင်တယ်"

ဒါပေမဲ့ သူ့အတန်းပိုင်က။

"တကယ်တော့ ရိပေါ်က သိပ်အားမနည်းပါဘူး.. ဒီတစ်ခါဖြေတာ အဆင့် ၃ ထဲတော့ ဝင်တယ်"

"နောက်တစ်ခေါက် စာမေးပွဲမှာ ဒီထက် အမှတ်တက်လာရင် အဲလိုလုပ်ဖို့တောင် မလိုလောက်ဘူး"

အဖြေလွှာ စာရွက်ပေါ်က အက်စေးအတွက် ပေးထားတဲ့ နေရာလွတ်ကို ဝမ်ရိပေါ်  စိုက်ကြည့်နေတယ်၊ အားထည့် ပြီး ညှစ်ထားတဲ့ လက်ထဲကခဲတံက သိပ်မကြာခင်မှာ ကျိုးတော့မယ်၊ ဝမ်ရိပေါ်က အဲဒီနေရာလွတ်မှာ စာကြောင်း ၂ ကြောင်းပဲရေးပြီး တမင်ရပ်ထားလိုက်တာ။

အဖြေလွှာတွေ စစ်ရတဲ့နေ့မှာတော့ ဝမ်ရိပေါ်ရဲ့အဖြေလွှာပေါ်က အက်စေးအတွက် ကျန်ရစ်ခဲ့တဲ့ နေရာလွတ်ကိုကြည့်ရင်း ဝမ်ရိပေါ်ရဲ့အတန်းပိုင် ခေါင်းကိုက်လာတယ်၊အက်စေးကတော့ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး လေးငါးကြောင်းလောက်တော့ ဖျစ်ညှစ်ပြီး ရေးလိုက်သင့်တယ် မဟုတ်ဘူးလား။

Willful Man & Stubborn StoneWhere stories live. Discover now