အခန်း(၄) : ဗေဒင်ဟောခြင်း

13 3 0
                                    

ထိုင်ခုံဆီသို့ ပြန်သွားပြီးသောအခါ ဘုရားဝတ်ပြုကျောင်းမှ ခေါင်းလောင်းသံသဲ့သဲ့အား သူကြားရပြန်သည်။ ခေါင်းလောင်းသံခုနစ်ကြိမ်ထိမြည်ပြီးနောက် ကျိုးမင်ရွေ့ ဖြေးညှင်းစွာထရပ်လိုက်သည်။ ဘီဒိုဆီသို့သွားကာ သူ၏အဝတ်များအား ထုတ်လိုက်သည်။

အနက်ရောင်လက်ပြတ်ဗက်စ်အင်္ကျီနှင့် လိုက်ဖက်သော အနောက်တိုင်းဝတ်စုံ ၊ သူ၏ခြေထောက်များ၌ ကွက်တိကပ်နေသော ဘောင်းဘီ ၊ ဦးထုပ်ရှည်နှင့် ပညာတတ်အငွေ့အသက်တို့သည် ကျိုးမင်ရွေ့အား ဝိတိရိယခေတ်အား အခြေခံထားသည့် အင်္ဂလိပ်ဇာတ်လမ်းတွဲတစ်ပုဒ်အား ကြည့်ရှုနေရသလို ခံစားရစေသည်။

သူလှောင်ပြုံးတစ်ခုဖြင့် ခေါင်းကိုခါလိုက်ရင်း ရုတ်တရပ်ရေရွတ်လိုက်သည် "ငါလူတွေ့စစ်မေးပွဲသွားမှာမှ မဟုတ်တာ။ ငါ့ကံတက်ယတြာအတွက် လိုမဲ့ပစ္စည်းတွေသွားဝယ်ရုံပဲကို"။

ခလိုင်းသည် လာမည့်သူ၏လူတွေ့မေးမြန်းပွဲအတွက်လွန်စွာမှ စိတ်ပူနေလေရာ ဗီဇထဲထိ စီးဝင်နေတော့သည်။ သူအာရုံမစိုက်မိလိုက်သည်နှင့် သူ၏တစ်စုံတည်းသော တင့်တင့်တည်တည်ရှိသည့် အဝတ်အစားများအား အကျင့်အတိုင်းဝတ်ဆင်ပြီးနေချေပြီ။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ကျိုးမင်ရွေ့ သူ၏ ဝတ်စုံနှင့် လက်ပြတ်အင်္ကျီတို့အား ချွတ်လိုက်ပြီး ဝါညိုရောင်ကုတ်အင်္ကျီကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ဦးထုပ်ကိုလဲ အရောင်တူသည့် သက္ကလပ်ဦးထုပ်ဝိုင်းအား ပြောင်းလဲကာဆောင်းလိုက်သည်။

အဝတ်အစားဝတ်ဆင်ခြင်းအမှုပြီးဆုံးသွားသောအခါ အိပ်ယာဘေးဆီသို့ သူလျှောက်သွားလိုက်ပြီး စတုရန်းပုံကူရှင်အား မလိုက်သည်။ ကူရှင်အောက်ရှိ တော်ရုံမမြင်ရလောက်သည့် အပေါက်ထဲသို့ လက်နှိုက်ကာ မွှေနှောက်လိုက်သောအခါ ကြားထဲမှအလွှာတစ်လွှာအား စမ်းမိသွားသည်။

သူ၏ညာလက်အား ပြန်ရှုတ်လိုက်သောအခါ ပိုက်ဆံတစ်လိပ် လက်ဖဝါးထဲတွင်ရှိနေပြီဖြစ်သည်။ ထိုပိုက်ဆံလိပ်ထဲတွင် အရောင်လွင့်နေသည့် အစိမ်းရင့်ရောင်ပိုက်ဆံရှစ်ရွက်ခန့်ပါရှိသည်။

Lord of the Mysteries[Myanmar Translation]Where stories live. Discover now