"ဘယ်သူလဲ?"
ရုတ်တရက်တံခါးခေါက်သံကို ကြားလိုက်ရချိန်တွင် ခလိုင်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဆန်းကြယ်သောသတ်သေမှုနှင့် သူကြုံတွေ့ရမည့် မသိနိုင်သောအန္တရာယ်အကြောင်းကို စဥ်းစားနေချိန်ဖြစ်သည်။ သူအံဆွဲကို အလိုအလျောက်ဖွင့်လိုက်မိပြီး ခြောက်လုံးပြူးသေနတ်ကို ထုတ်ကာ သတိဖြင့်မေးလိုက်သည်။
တစ်ဖက်ကနှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီး အနည်းငယ်စူးရှသောအသံဖြင့် ပြန်ဖြေသည် "ငါပါ မောင့်ဘက်တန် ဘစ်ချ်မောင့်ဘက်တန်"
အသံကခဏမျှရပ်သွားပြီး ထပ်ပြောသည် "ရဲ"
ဘစ်ချ်မောင့်ဘက်တန်....ခလိုင်းထိုနာမည်ကို ကြားလိုက်သည်နှင့် ထိုအမည်ပိုင်ရှင်အား ချက်ခြင်းတွေးမိလိုက်သည်။
သူသည် တိုက်ခန်းတည်ရှိရာလမ်းကို တာဝန်ယူရသောရဲသားဖြစ်သည်။ ရိုင်းစိုင်းကြမ်းတမ်းပြီး လက်ပါတတ်သောလူဖြစ်သည်။ သို့သော် ထိုကဲ့သို့သောသူမျိုးကသာ အရက်သမားများ၊ သူခိုးများ ၊ အချိန်ပိုင်းသူခိုးမျိုး၊ လူဆိုးများနှင့် လမ်းသရဲများကို တားဆီးနိုင်ပေမည်။
ထို့အပြင်သူ၏ ထူးခြားသောအသံမှာ သူ၏အမှတ်တံဆိပ်ဟုပြောနိုင်သည်။
"ဟုတ်ကဲ့ ကျွန်တော်ချက်ခြင်းလာခဲ့မယ်" ခလိုင်းကျယ်လောင်စွာပြန်ဖြေလိုက်သည်။
သူခြောက်လုံးပြူးသေနတ်အား အံဆွဲထဲပြန်ထည့်ရန်ကြံစည်ထားသော်လဲ မည်သည့်အကြောင်းကြောင့် အပြင်တွင်ရဲရောက်နေသည်ကို သူမသိကြောင်းတွေးမိပြီး ရဲများအခန်းကိုရှာဖွေခြင်းနှင့် အခြားအရာများကိုလုပ်လောက်မည်ကို တွေးကာ မီးငြိမ်းပြီးပြီဖြစ်သောမီးဖိုဆီသို့ သတိဖြင့်ပြေးကာ ခြောက်လုံးပြူးသေနတ်အား ထည့်လိုက်သည်။
ထို့နောက်သူမီးသွေးပုံးအားမလိုက်ကာ မီးဖိုထဲသို့ မီးသွေးအနည်းငယ်ပစ်ထည့်ပြီး သေနတ်ကိုဖုံးကာ နောက်ဆုံးတွင် မီးဖိုပေါ်ရေနွေးအိုးတင်ကာ အားလုံးကို ဖုံးထားလိုက်သည်။
ထိုအရာအားလုံးကိုလုပ်ပြီးနောက် သူ့အဝတ်များကို အနည်းငယ်ကြည့်ကောင်းအောင်လုပ်ကာ တံခါးဆီသို့မြန်မြန်သွားပြီး တိုးတိုးပြောလိုက်သည် " တောင်းပန်ပါတယ် ကျွန်တော်အခုလေးတင်အိပ်နေလို့"
တံခါးအပြင်ဖက်တွင် အဖြူအနက် ချက်တာယူနီဖောင်းနှင့် ရဲဦးထုပ်များကိုဆောင်းထားသော ရဲသားလေးဦးရပ်နေသည်။ အညိုရောင်မုတ်ဆိတ်နှင့် ဘစ်ချ်မောင့်ဘန်တန်က ချောင်းတစ်ချက်ဟန့်ကာ ခလိုင်းကိုပြောလိုက်သည် "ဒီရဲအင်စပတ်တာသုံးယောက်က မင်းကိုမေးစရာတစ်ခုရှိလို့"
ရဲအင်စပတ်တာတွေ? ခလိုင်းအခြားသုံးယောက်၏ ပုခုံးတံဆိပ်များကို အလိုအလျောက်ကြည့်မိလိုက်ရာ နှစ်ဦးတွင် ငွေဆဋ္ဌဂံသုံးခုရှိပြီး တစ်ဦးတွင် နှစ်ခုရှိသည်ကိုရှာတွေ့လိုက်သည်။ နှစ်မျိုးလုံးမှာ ဗွီပုံတံဆိပ်သုံးခုသာရှိသော ဘစ်ချ်မောင့်ဘန်တန်ထက် ရာထူးကြီးပုံပေါ်သည်။
သမိုင်းကျောင်းသားအနေနှင့် ခလိုင်းမှာ ရဲရာထူးအဆင့်များကို ရှာဖွေ့လေ့လာထားခြင်းနည်းနည်းလေးမှပင်မရှိချေ။ ဘစ်ချ်မောင့်ဘန်တန်က သူ့ကိုယ်သူ စီနီယာရဲကြပ်ကြီးဖြစ်ကြောင်း ကြွားကြွားတတ်သည်ကို ကြားဖူးသည်မှလွဲ၍။
ဆိုတော့ဒါတွေက ရဲအင်စပတ်တာတွေပေါ့? ဘန်ဆန် ၊ ဝဲလ်ချ် နှင့် သူ့အတန်းဖော်များနှင့် စကားပြောထားသည်များကြောင့် လမ်းဖယ်ပေးကာအခန်းတွင်းသို့ ဝင်ရန်လမ်းညွှန်ပေးရမည်ဟူသော အသိစိတ်လေးတော့ ခလိုင်းတွင်ရှိချေသည်။
"အထဲဝင်ပါဦး ကျွန်တော်ဘယ်လိုကူညီပေးနိုင်မလဲ"
ရဲအင်စပတ်တာသုံးယောက်၏ခေါင်းဆောင်မှာ စူးရှသောမျက်လုံးများနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူသည် လူ့စိတ်ကိုဖတ်နိုင်စွမ်းရှိကာ သူများအား ကြောက်ရွံ့အောင်လုပ်နိုင်စွမ်းရှိပုံပေါ်သည်။ သူ့မျက်လုံးများတွင် အရေးအကြောင်းများရှိပြီး ဦးထုပ်အစွန်းမှသည် အညိုဖျော့ရောင်ဆံပင်များကို မြင်ရသည်။ သူအခန်းကိုလှည့်ပတ်ကြည့်ကာ အသံအောအောဖြင့် မေးလိုက်သည် " မင်း ဝဲလ်ချ် မက်ဂါဗန်ကို သိလား"
"သူဘာဖြစ်လို့လဲ" ခလိုင်းတုန်သွားကာ ပက်ခနဲပြန်မေးမိသည်။
"မေးခွန်းမေးနေတဲ့သူကငါနော်" သိက္ခာရှိပုံပေါ်သောသက်လတ်ပိုင်းရဲအင်စပတ်တာ၏ မျက်လုံးများတွင် ခက်ထန်သောအကြည့်များရှိသည်။
သူ့ဘေးနားရှိ ငွေဆဋ္ဌဂံသုံးပွင့်ရှိသော ရဲအင်စပတ်တာက ခလိုင်းကိုကြည့်ကာ ငြင်သာစွာပြုံးပြသည်။
"စိတ်မပူပါနဲ့ ။ ဒါတာဝန်အရပုံမှန်မေးခွန်းမေးတာပါပဲ"
ရဲသားမှာသုံးဆယ်ဝန်းကျင်ရှိပုံပေါ်ပြီး နှာတံဖြောင့်ဖြောင့်နှင့် သူ့အား ပြောပြမတတ်နိုင်သည့် နက်ရှိုင်းမှုအငွေ့အသက်အားပေးသည့် မည်သူမှမလာသည့် ရှေးဟောင်းတောအုပ်ထဲမှ ရေကန်သဖွယ် မီးခိုးရောင်မျက်လုံးများရှိသည်။
ခလိုင်းအသက်ပြင်းတစ်ချက်ရှူလိုက်ကာ စကားကိုသေချာစီလိုက်သည်။
"ခင်ဗျားက ကွန်းစတန့်မြို့က ဝဲလ်ချ် မက်ဂါဗန် ၊ ခိုအီတက္ကသိုလ်ကျောင်းဆင်းကို ပြောနေတာဆိုရင်တော့ ကျွန်တော်သေချာပေါက်သိပါတယ်။ ကျွန်တော်တို့က တွဲဖက်ပါမောက္ခကြီး ကွင်တင် ကိုဟန်ရဲ့ တပည့်အတန်းဖော်တွေပါ"
လိုအန်တိုင်းပြည်တွင် "ပါမောက္ခ" မှာ အတတ်ပညာဆိုင်ရာဂုဏ်ပုဒ်ပဲ မဟုတ်ဘဲ ကမ္ဘာမြေမှ ပါမောက္ခများနှင့် ဌာနမှူးအားပေါင်းစပ်ထားသကဲ့သို့ ရာထူးအဆင့်လဲဖြစ်သည်။ ဆိုလိုသည်မှာ တက္ကသိုလ်ဌာနတစ်ခုတွင် ပါမေက္ခတစ်ယောက်သာ ရှိနိုင်သည်။ အကယ်၍တွဲဖက်ပါမောက္ခသာ ပါမောက္ခဖြစ်လိုပါက သူတို့အထက်အရာရှိပင်စင်ယူသွားသည်အထိကို စောင့်လျှင်စောင့် မဟုတ်လျှင် သူတို့အစွမ်းဖြင့် အထက်အရာရှိအား ဖယ်ထုတ်ရန်သာရှိသည်။
ပါရမီရှင်များအား ထိန်းသိမ်းထားရန်လိုပေရာ တိုင်းပြည်၏ အဆင့်မြင့်ပညာရေးကော်မစ်ရှင်က နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာပြီးနောက် ကထိက ၊ တွဲဖက်ပါမောက္ခ နှင့် ပါမောက္ခဟူ၍ သုံးဆင့်ခွဲထားသောစနစ်တွင် တွဲဖက်ပါမောက္ခကြီးဟူသော ရာထူးအားထပ်ပေါင်းထည့်ခဲ့သည်။
ထိုအချိန်တွင် ခလိုင်းတစ်ယောက် သက်လတ်ပိုင်းရဲအင်စပတ်တာ၏မျက်လုံးအား ကြည့်လိုက်ပြီး တစ်ချက်တွေးလိုက်သည်။
"အမှန်ပြောရရင် ကျွန်တော်တို့ဆက်ဆံရေးကတော်တော်လေးကောင်းပါတယ်။ ဒီတလောမှာ ကျွန်တော်သူနဲ့ နာယာတို့နဲ့ တွေ့ပြီး သူပိုင်တဲ့ စတုတ္ထခေတ်ကမှတ်စုစာအုပ်ကို အဓိပ္ပာယ်ဖော်ပြီး ဆွေးနွေးဖြစ်ပါတယ်။ ရဲအင်စပတ်တာကြီးများခင်ဗျာ သူတစ်ခုခုများဖြစ်လို့လား"
ဖြေရမည့်အစား သက်လတ်ပိုင်းရဲအင်စပတ်တာက သူ၏မီးခိုးရောင်မျက်လုံးနှင့် လုပ်ဖော်ကိုင်ဖက်အား စွေကြည့်လိုက်သည်။
ရဲဦးထုပ်ဆောင်းထားပြီး သာမန်မျက်နှာရှိသောရဲအင်စပတ်တာက ဖြေးညှင်းစွာဖြေသည် " ကျွန်တော်စိတ်မကောင်းပါဘူး မစ္စတာဝဲလ်ချ်ဆုံးပါးသွားပါပြီ"
"ဘာရယ်?" ထင်နေသော်ငြား ခလိုင်းမနေနိုင်စွာ တအံ့တဩဖြင့်အော်လိုက်မိသည်။
ဝဲလ်ချ်လည်းပဲ မူလခန္ဓာကိုယ်ပိုင်ရှင်လို သေသွားတယ်လား?
ဒါနည်းနည်းလေးတော့ ကြောက်ဖို့ကောင်းလာပြီ!
"နာယာကော" ခလိုင်းမြန်မြန်ပင်မေးလိုက်မိသည်။
"မစ်နာယာလဲ ဆုံးပါးသွားပါပြီ" မီးခိုးရောင်မျက်လုံးနှင့် ရဲအင်စပတ်တာက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောသည် " နှစ်ဦးလုံး မစ္စတာဝဲလ်ချ်ရဲ့ နေအိမ်မှာ ဆုံးပါးသွားပါတယ်"
"အသတ်ခံရတာလား?" ခလိုင်းတွင် မရေရာသောခန့်မှန်းမှုတစ်ခုရှိသည်။
သတ်သေတာဖြစ်ကောင်းဖြစ်နိုင်တယ်...
မီးခိုးရောင်မျက်လုံးနှင့် ရဲအင်စပတ်တာကခေါင်းခါလိုက်သည်။
"မဟုတ်ဘူး အခင်းက သူတို့သတ်သေသွားတယ်လို့ ညွှန်ပြနေတယ်။ မစ္စတာဝဲလ်ချ်က နံရံမှာသွေးတွေရွှဲနေတဲ့အထိ ခေါင်းကိုနံရံနဲ့ အကြိမ်ပေါင်းများစွာဆောင့်ထားပြီးမစ်နာယာက ဘေစင်ထဲမှာ သူ့ကိုယ်သူရေနှစ်ထားတယ်။ အင်း မင်းတို့မျက်နှာသစ်တဲ့ဘေစင်မျိုးမှာ"
"မဖြစ်နိုင်တာ...." ခလိုင်းထိုထူးဆန်းသောမြင်ကွင်းအား မြင်ယောင်ကြည့်နိုင်သဖြင့် ကြက်သီးမွှေးညှင်းများထောင်လာသည်။
မိန်းကလေးတစ်ယောက်က ထိုင်ခုံပေါ်တွင် ဒူးထောက်ကာ ရေအပြည့်ဖြည့်ထားသော ဘေစင်ထဲတွင် မျက်နှာကိုနှစ်ထားသည်။ သူမ၏ ပျော့ပြောင်းသောအညိုရောင်ဆံပင်များက လေထဲတွင်လွင့်နေသော်လဲ သူမကတော့ မလှုပ်မယှက်ပင်ရှိနေသည်။ ဝဲလ်ချ်က မြေပြင်ပေါ်တွင်လဲကျနေပြီး မျက်နှာကျက်ကို တစိုက်မတ်မတ်စိုက်ကြည့်နေသည်။ သူ့နဖူးမှာ သွေးများဖြင့်ဗရပွဖြစ်နေပြီး နံရံတွင် သွေးများစီးကျနေကာ စောင့်ရာများကိုမြင်နေရသည်။
မီးခိုးရောင်မျက်လုံးနှင့်ရဲအင်စပတ်တာက ဆက်ပြောသည် " ကျွန်တော်တို့လဲ ဒီလိုပဲထင်တာပါပဲ ဒါပေမဲ့ အလောင်းခွဲစိတ်စစ်ဆေးထားတဲ့ရလဒ်နဲ့ အခင်းဖြစ်ပွားရာနေရာက အခြေအနေတွေက မူးယစ်ဆေးဝါးနဲ့ ပြင်ပအင်အားစုတွေကို ပယ်ထုတ်ထားတယ်။ သူတို့ _မစ္စတာဝဲလ်ချ်နဲ့ မစ်နာယာ_က ရုန်းကန်ထားတဲ့လက္ခဏာလုံးဝမပြဘူး။
ခလိုင်းဘာမှပြန်မပြောနိုင်ခင် သူအခန်းထဲတွင် ဝင်သွားပြီး သာမန်ကာလျှံကာပုံစံဟန်ဆောင်ကာ မေးသည် "မင်းမစ္စတာဝဲလ်ချ်နဲ့ မစ်နာယာကို နောက်ဆုံးအခေါက်တွေ့တာ ဘယ်အချိန်တုန်းကလဲ"
သူပြောရင်း ငွေဆဋ္ဌဂံနှစ်ခုနှင့် လုပ်ဖော်ကိုင်ဖက်အား မျက်ရိပ်မျက်ချည်ပြလိုက်သည်။
ထိုသူမှာ ခလိုင်းနှင့် သက်တူရွယ်တူပုံပေါက်သည့် ငယ်ရွယ်သောရဲအင်စပတ်တာဖြစ်သည်။ အနက်ရောင်နားသယ်မွှေးများနှင့် မျက်လုံးစိမ်းများရှိကာ ကြည့်ကောင်းပြီး ကဗျာဆရာ၏ စိတ်ကူးယဥ်ဆန်ဆန်အငွေ့အသက်ရှိသည်။
မေးခွန်းကိုကြားသောအခါ ခလိုင်းစဥ်းစားလိုက်ပြီး တွေးတွေးဆဆဖငြ့်ဖြေလိုက်သည် " ဇွန်လ ၂၆ ရက်နေ့ကဖြစ်လိမ့်မယ်။ ကျွန်တော်တို့တွေ မှတ်စုစာအုပ်ထဲက အပိုင်းသစ်ကိုဖတ်နေကြတာ။ နောက်တော့ ကျွန်တော်အိမ်ပြန်ပြီး ဇွန် ၃၀ ရက်နေ့ကျရင်ရှိတဲ့ ကျွန်တော့်လူတွေ့စစ်ပွဲအတွက် ပြင်နေတာ။ အမ် လူတွေ့စစ်ပွဲက တင်ဂျန်တက္ကသိုလ် သမိုင်းဌာနအတွက်"
တင်ဂျန်မှာ တက္ကသိုလ်များ၏မြို့တော်အဖြစ် လူသိများသည်။ တင်ဂျန်တွင်တက္ကသိုလ်နှစ်ခုရှိသည် _တင်ဂျန်နှင့် ခိုအီ။ ထို့အပြင် နည်းပညာကျောင်းများ ၊ ဥပဒေကောလိပ်များနှင့် စီးပွားရေးကောလိပ်များလဲရှိသည်။ မြို့တော်ဖြစ်သော ဘက်ခ်လန်းအောက်ဒုတိယလိုက်သည်။
သူပြောပြီးသည်နှင့် မျက်လုံးထောင့်မှသည် ငယ်ရွယ်သောရဲအင်စပတ်တာက သူ့စားပွဲဆီလျှောက်သွားကာ ဒိုင်ယာရီနှင့် ပိုတူသောမှတ်စုစာအုပ်အား ကောက်ကိုင်လိုက်သည်လို မြင်လိုက်ရသည်။
သေစမ်း! ငါဖွက်ဖို့မေ့သွားတယ်!
"ဟေး" ခလိုင်းအော်မိလိုက်သည်။
ငယ်ရွယ်သောရဲအင်စပတ်တာက သူ့ကိုပြန်ပြုံးပြသော်ငြား သူ့မှတ်စုစာအုပ်အား လှန်ကြည့်နေခြင်းကိုမရပ်တန့်ချေ။ မီးခိုရောင်မျက်လုံးနှင့် အင်စပတ်တာက ရှင်းပြသည် " ဒါလိုအပ်တဲ့လုပ်ရိုးလုပ်စဥ်ပါ"
ထိုအချိန်တွင် ဘစ်ချ်မောင့်ဘက်တန်နှင့် သိက္ခာရှိပုံပေါ်သော သက်လတ်ပိုင်းရဲအင်စပတ်တာတို့က ရှာဖွေမှုအား နှောင့်ယှက်ခြင်းမရှိ ကူညီခြင်းမရှိဘဲ ကြည့်နေကြသည်။
နင်တို့ရဲ့ ရှာဖွေရေးဝရမ်းဘယ်မှာလဲ?
ခလိုင်းသူတို့အား မေးလိုက်ဖို့ရာ ရည်ရွယ်ချက်ရှိသော်ငြား ပြန်တွေးကြည့်လိုက်သော် လိုအန်တိုင်းပြည်၏ တရားဥပဒေတွင် ရှာဖွေရေးဝရမ်းကဲ့သို့သောအရာများ ရှိပုံမပေါ်ချေ။ အနည်းဆုံးတော့ ရှိမရှိသူမသိချေ။ အဆုံးတွင် ရဲအင်အားစု ဖွဲ့စည်းထားသည်မှာ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်သာရှိသေးသည်။
မူလခန္ဓာကိုယ်ပိုင်ရှင် ကလေးတုန်းက သူတို့မှာ အစိုးရလုံခြုံရေးမှူးများဟုသာ အခေါ်ခံရဆဲဖြစ်သည်။
ခလိုင်းရပ်ခိုင်းလို့မရနိုင်ပေ။ သူငယ်ရွယ်သောအင်စပတ်တာ သူ့မှတ်စုစာအုပ်ကို လှန်လှောနေသည်ကိုသာ ထိုင်ကြည့်နေရသည်။ သို့သော် မီးခိုးရောင်မျက်လုံးနှင့် အင်စပတ်တာ ဘာမေးခွန်းမှမေးမလားချေ။
"ဒီထူးဆန်းတဲ့အရာကဘာလဲ" ငယ်ရွယ်သောအင်စပတ်တာက မှတ်စုစာအုပ်အဆုံးနားလှန်ပြီးနောက် ရုတ်တရက်မေးလာသည် "နောက်ဒါဘာအဓိပ္ပာယ်လဲ? 'ငါအပါအဝင် အားလုံးသေရလိမ့်မယ်'...."
နတ်တွေကလွဲအားလုံးသေတာကို လူတိုင်းသိကြတယ်မဟုတ်ဘူးလား? ခလိုင်းစကားကပ်ပြောရင်ပြင်လိုက်သော်လည်း သူသည် ဖြစ်လာနိုင်သည့် အန္တရာယ်အတွက် ရဲများကို 'ပါဝင်ပတ်သတ်ခိုင်းရန်' ကြံစည်ထားသော်ငြား သူ့တွင် အကြောင်းပြချက်ပေးစရာမရှိသည်ကို သတိရသွားသည်။
သူချက်ခြင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ နဖူးပေါ်လက်တင်ကာ သူနာကျင်စွာဖြေလိုက်သည် "ကျွန်တော်လုံးဝမသိဘူး။ ကျွန်တော်တကယ်မသိဘူး....ကျွန်တော်ဒီမနက်နိုးလာပြီးတော့ တစ်ခုခုမှားနေသလိုခံစားရတယ်။ ကျွန်တော်တစ်ခုခုကိုမေ့နေသလိုမျိုး။ အဲဒါအခုလတ်တလောဖြစ်ထားတာတွေအတွက် ပိုတောင်မှန်သေးတယ်။ ကျွန်တော်ဒီလိုစာကြောင်းမျိုးဘာလို့ရေးမိလဲ ကျွန်တော်တကယ်မသိဘူး"
တစ်ခါတရံတွင် ပွင့်ပွင့်လင်းလင်းလုပ်ခြင်းက ပြဿနာဖြေရှင်းရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဒါပေါ့ ပညာလေးတွေတော့လိုသေးတာပေါ့။ ပြောသင့်သည့်အရာမပြောသင့်သည့်အရာရှိသလို မည်သည့်အရာကိုပထမဆုံးပြောသနည်းဆိုသည်ကလဲ အရေးပါသေးသည်။
ကျွမ်းကျင်သော ကီးဘုတ်စည်သည်တစ်ဦးအနေဖြင့် ခလိုင်းမှာ နှစ်ပေါက်တစ်ပေါက်ရိုက်ရာတွင်လဲ တော်သည်။
"ဒါအဓိပ္ပာယ်မရှိတာ! မင်းငါတို့ကိုအရူးလို့ထင်နေတာလား?" ဘစ်ချ်မောင့်ဘန်တန်မနေနိုင်ဘဲ စိတ်တိုစွာကြားဖြတ်ပြောမိသည်။
ဤအလိမ်အညာမှာ ဆိုးရွားလှလေရာ သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်တို့၏ ဉာဏ်ရည်ကို စော်ကားနေသကဲ့သို့ပင်။
"ကျွန်တော်အမှန်ပြောနေတာ" မောင့်ဘန်တန်နှင့် သက်လတ်ပိုင်းရဲအင်စပတ်တာတို့ မျက်လုံးအား စိုက်ကြည့်ပြီး ခလိုင်းပွင့်ပွင့်လင်းလင်းပင်ပြန်ဖြေလိုက်သည်။
ဤထက်မှန်နိုင်စရာမရှိတော့ပေ။
"ဟုတ်ရင်ဟုတ်မှာပေါ့" မီးခိုးရောင်မျက်လုံးနှင့် ရဲအင်စပတ်တာက ဖြေးညှင်းစွာပြောသည်။
ဘာလား? သူတကယ်ကြီးယုံတယ်လား? ခလိုင်းသူ့ဘာသာပင်အံ့ဩသွားသည်။
မီးခိုးရောင်မျက်လုံးနှင့် အင်စပတ်တာကသူ့ကိုပြုံးပြလိုက်ပြီးပြောသည် "ကျွမ်းကျင်ပညာရှင်နှစ်ရက်နေရင် ရောက်လာလိမ့်မယ်။ ငါ့ကိုယုံ သူက မင်းကို မင်းရဲ့ပျောက်ဆုံးသွားတဲ့မှတ်ဉာဏ်တွေကို ပြန်မှတ်မိဖို့ အကူအညီပေးနိုင်လိမ့်မယ်"
ကျွမ်းကျင်ပညာရှင်? ငါ့မှတ်ဉာဏ်တွေကို ပြန်မှတ်မိအောင် ကူညီပေးမယ်? စိတ်ပညာနယ်ပယ်ကလား? ခလိုင်း မျက်မှောင်ကြုပ်မိသည်။
ဟေး ငါ့ရဲ့ကမ္ဘာပေါ်ကမှတ်ဉာဏ်တွေ ပေါ်သွားရင်ဘယ်လိုလုပ်မလဲ? သူကိုယ့်သူ မျက်နှာအုပ်မိချင်စိတ်ပေါက်သွားသည်။
ငယ်ရွယ်သောရဲအင်စပတ်တာက သူ့မှတ်စုစာအုပ်အားချလိုက်ပြီး သူ့စားပွဲနှင့်အခန်းအား ရှာဖွေလိုက်သည်။ ကံကောင်းလျောင်စွာ သူသည်ရေနွေးအိုးကိုမရမည့်အစား စာအုပ်တွေအပေါ်အာရုံစိုက်နေသည်။
"ကဲ မစ္စတာခလိုင်းရေ မင်းရဲ့ပူးပေါင်းဆောင်းရွက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းတင်ဂျန်ကနေ မထွက်သွားဖို့ ငါတို့အကြံပေးချင်တယ်။ မင်းသွားရမယ်ဆိုရင် အင်စပတ်တာမောင့်ဘန်တန်ကို အသိပေးပါ မဟုတ်ရင် မင်းဝရမ်းပြေးဖြစ်သွားလိမ့်မယ်" မီးခိုရောင်မျက်လုံးနှင့် ရဲအင်စပတ်တာကသတိပေးသည်။
ဒါပဲလား? ဒီနေ့အတွက်ဒါပဲလား? ပိုပြီးအတွင်းကျတဲ့ရှာဖွေမှုစစ်ဆေးမှုတွေနဲ့ မေးခွန်းတွေမလာတော့ဘူးလား? ဒါမှမဟုတ် ရဲစခန်းကိုခေါ်သွားပြီး ငါ့ကိုသတင်းအချက်အလက်အတွက် နှိပ်စက်တော့မှာလား? ခလိုင်းကြောင်တောင်တောင်ဖြစ်သွားသည်။
မည်သို့ပင်ဖြစ်စေ သူသည်လဲ ဝဲလ်ချ်ကြောင့်ဖြစ်လာသည့် ထူးဆန်းသည့်ဖြစ်ရပ်များအား ဖြေရှင်းလိုပေသည်။ ထို့ကြောင့် သူခေါင်းငြိမ့်လိုက်သည်။
"ဒါပြဿနာရှိမှာမဟုတ်ပါဘူး"
အင်စပတ်တာတို့ အခန်းမှတစ်ယောက်ပြီးတစ်ယောက်ထွက်သွားကာ အသက်ငယ်ငယ်အမျိုးသားက ခလိုင်းကို ရုတ်တရပ်ပုခုံးပုတ်လိုက်သည်။
"ဒါတကယ်ကောင်းတယ်။ ကံတော်တော်ကောင်းတယ်"
"ဘာကိုလဲ?" ခလိုင်းစဥ်းစားမရဖြစ်သွားသည်။
မျက်လုံးအစိမ်းရောင်နှင့် ကဗျာဆရာအငွေ့အသက်ရှိသောရဲအင်စပတ်တာက ပြုံးလိုက်ပြီး ပြောသည် "ပုံမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလိုဖြစ်ရပ်မျိုးမှာ ပါဝင်ပတ်သတ်တဲ့သူမှန်သမျှ သေဆုံးဖို့ဆိုတာပုံမှန်ပဲ။ ခင်ဗျားအသက်ရှင်သေးတာကိုမြင်ရတာ ကျွန်တော်တို့အရမ်းဝမ်းသာပါတယ်"
ထိုသို့ပြောပြီးနောက် သူအခန်းထဲမှထွက်ကာ သူ့နောက်မှတံခါးကို သေချာစွာပိတ်ပေးလိုက်သည်။
ပုံမှန်ဆိုအားလုံးတူတူသေကြတာ? ငါအသက်ရှင်နေသေးလို့ အရမ်းဝမ်းသာတယ်? ငါအသက်ရှင်နေသေးတာ ကံကောင်းတယ်?
ယခုလိုဇွန်နေ့လည်ခင်းကြီးတွင် ခလိုင်းကြက်သီးများထသွားသည်။~~~~~~~~~~~~
YOU ARE READING
Lord of the Mysteries[Myanmar Translation]
Fantasyရေနွေးငွေ့စွမ်းအင်နှင့် စက်မှုပညာတို့ထွန်းကားလာသည်နှင့်အမျှ မည်သို့သောသူသည် စည်းကျော်သူတစ်ဦးဖြစ်ရန် နီးစပ်နိုင်ပါသနည်း။ သမိုင်းနှင့် အမှောင်တရားတို့၏ မြူခိုးငွေ့များကြား ပုန်းကွယ်ရင်း အကျွန်ုပ်တို့၏ နားထဲသို့တီးတိုးပြောဆိုနေသည့် ချောင်းမြောင်းနေသော...