အခန်း (၆) : စည်းကျော်သူ

9 2 0
                                    

သူတို့နှစ်ဦးလုံး လိုအန်ဘာသာစကားကို ပြောရုံသာမက တူညီသောတင်းမာသည့်အငွေ့အသက်များလဲ ရှိသေးသည်။

ငါဘယ်မှာလဲ? ငါဒီမှာ ဘာလုပ်ဖို့ကြံနေတာလဲ? ငါလဲပဲသိချင်ပါတယ်....ကိုယ့်ကိုကိုယ် စိတ်အေးအောင်လုပ်ရင်း ကျိုးမင်ရွေ့ ထိုနှစ်ဦးဆီမှ မေးခွန်းများအား ကျိုးမင်ရွေ့ တိတ်တဆိတ် လိုက်ရေရွတ်မိသည်။

သူ့အားအမှတ်အရစေဆုံးမှာ စာကြောင်းများမှ စကားလုံးများမဟုတ်သလို ထိုနောက်ကွယ်မှ အဓိပ္ပာယ်လဲ မဟုတ်ပါချေ။ ထိုနှစ်ဦး ဖော်ပြနေသည့် စိတ်ရှုပ်ထွေးမှု ၊ သတိချပ်မှု ၊ ထိတ်လန့်မှု နှင့် ကျိုးနွံမှုတို့ပင် ဖြစ်ပါ၏။

ပဟေဠိဆန်ဆန်အကြောင်းပြချက်ဖြင့် ထိုလူနှစ်ဦးမှာ မီးခိုးရောင်မြူများဆိုင်းနေသည့် ဤလောကအတွင်းသို့ ဆန်းကြယ်စွာဖြင့် ဆွဲခေါ်ခြင်းခံလိုက်ရသည်။ ကျူးလွန်သူ ကျိုးမင်‌ရွေ့ပင်လျှင် အံ့အားသင့်ကာ တုန်လှုပ်သွားလေရာ ဤအရှုပ်အထွေးထဲသို့ လုံးဝအသားလွတ်ဆွဲခေါ်ခံလိုက်ရသည့် ထိုနှစ်ဦးဆိုလျှင် မပြောသင့်တော့ပေ။

သူတို့အတွက်တော့ ထိုကဲ့သို့ အဖြစ်အပျက် အတွေ့အကြုံများသည် သူတို့တွေးခေါ်နိုင်စွမ်းကို ကျော်လွန်နေလောက်ပြီ မဟုတ်ပါလော။

ခဏအတွင်းတွင် ကျိုးမင်ရွေ့  ရွေးချယ်စရာနှစ်ခုအားတွေးမိသည်။ ပထမရွေးချယ်စရာမှာ ခံရသူဟန်ဆောင်ကာ သူမည်သူမည်ဝါဖြစ်ကြောင်းဖုံးကွယ်ပြီး ယုံကြည်မှုအားရယူရန်ဖြစ်သည်။ ထို့နောက်တွင် စောင့်ကြည့်ကာ လိုအပ်ပါက သူ၏အခြေအနေအား အမြတ်ထုတ်၍ရနိုင်သည်။ နောက်ရွေးချယ်စရာတစ်ခုမှာတော့ ထိုလူနှစ်ဦးမျက်လုံးထဲတွင် သူ၏ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ပုံစံအား ဆက်လက်ထိန်းသိမ်းရန်ဖြစ်သည်။ ထို့နောက်တွင်တော့ မည်သို့မည်ပုံလမ်းဆက်ရမည်ကို သူလွမ်းမိုးကာ ထိုသူတို့ထံမှ အသုံးဝင်သော အချက်အလက်များအား သတင်းနှိုက်၍ရမည်ြဖစ်သည်။

အခြေအနေအား နှိုင်းဆရန်အချိန်မရှိလေရာ သူ့စိတ်ထဲတွင် ဖြတ်ခနဲပေါ်လာသည့်အတွေးကိုသာ ဖမ်းဆုပ်လိုက်ရသည်။ ဒုတိယအကြံအားလုပ်ကြည့်ရန် ချက်ခြင်းပင် သူဆုံးဖြတ်ချက်ချလိုက်သည်။

Lord of the Mysteries[Myanmar Translation]Where stories live. Discover now