Unicode
လုဖေးယွီအိပ်ပျော်ရာမှ နိုးလာပြီးသူ့မျက်လုံးတွေကိုရုတ်တရတ်ဖွင့်လိုက်သည်။ သူမြင်သမျှက အဆုံးမရှိ ကြယ်ကောင်းကင်ကြီးတစ်ခုပင်။ သူဟာ ဤနေရာ၏တစ်ဦးတည်းသော သက်ရှိတစ်ယောက်ဖြစ်ပုံရသည်။ အနက်ရောင်ကန့်လန့်ကာကြီးက လှပပြီးအန္တရာယ်များပုံပေါ်ကာ ကြယ်များဖြင့်ပြည့်နှက်နေ၏။
မတ်မတ်ထိုင်ရင်း သူ့နဖူးကိုပွတ်လိုက်သည်။ သူ၊ သူဘယ်ရောက်နေတာလဲ။
"မင်္ဂလာပါ host....ကျွန်တော်က system 001လို့ ခေါ်ပါတယ်....ကျွန်တော့်က hostရဲ့ အသက်ရှင်လိုစိတ်ပြင်းပြတဲ့ ဝိဥာဥ်ကိုရှာတွေ့ခဲ့တာကြောင့် hostရဲ့ဝိဥာဥ်ကို ကျွန်တော်နဲ့ချည်နှောင်ထားတာဖြစ်ပါတယ်"
ရုတ်တရတ်ဆန်သည့် လေးနက်သောအသံတစ်ခုက ထွက်ပေါ်လာပြီး ဤနေရာလွတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထို့နောက် ခေတ္တမျှရပ်တန့်ပြီး ထပ်ပြော၏။
"ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး စနစ်တစ်ခုအနေနဲ့ ခင်ဗျားကိုကမ္ဘာလောကကြီးကိုပြသဖို့ ကျိန်းသေပေါက် ပျံသန်းခေါ်ဆောင်သွားပေးပါ့မယ်"
လုဖေးယွီ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ရှေ့ကနေရာလွတ်အတွင်းကနေ နူးညံ့တဲ့အစိမ်းရောင်အဖူးအပွင့်လေးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက သာမန်မျက်စိဖြင့်မြင်နိုင်တဲ့အရှိန်နှုန်းဖြင့် လူတစ်ယောက်အရပ်အမြင့်ထိ လျှင်မြန်စွာကြီးထွားလာခဲ့လေသည်။ နူးညံ့သောအဝါရောင်ပန်းပွင့်လေးဟာ အဖူးကနေပွင့်လန်းလာပြီး ပန်းပွင့်ချပ်များမှာ ဆန့်ထွက်စပြုလာခဲ့သည်။ နောက်ဆုံးတော့ သူထိုပန်းမျိုးစိတ်ကို မှတ်မိသွားသည်။ ၎င်းက....ဂန္ဓမာပန်းဖြစ်သည်။
လုဖေးယွီ ဘာတွေတွေးနေမှန်း သိနေသလိုမျိုးပင်။ စနစ်ဆီက မကျေမနပ်စကားသံထွက်လာ၏။
"ဂျူဟွားမဟုတ်ဘူး....ဂျူဟွားမဟုတ်ဘူးလို့....နေကြာပန်းပါဗျာ....နေကြာပန်း....အစေ့မပါတဲ့ နေကြာ....ခင်ဗျား ဘယ်ဂျူဟွားပန်းမှာ မျက်နှာကြီးပါတာ မြင်ဖူးလို့လဲ"
(T/N - တရုတ်လိုမျိုး ဂန္ဓမာပန်းကို ဂျူဟွားလို့ ခေါ်ပါတယ်။)
YOU ARE READING
ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]
RomanceAssociated Name: 快穿之又见老攻我好方 (2017) Author: 金浮屠 (Jin Futu) Chapter: 159 end (14 world + extra) __________________ _________ ကျင့်ကြံခြင်း၌ ပါရမီရှင်တစ်ဦးဖြစ်သော လုဖေးယွီဟာ သူသေဆုံးသွားချိန်၌ သူနေထိုင်ရာကမ္ဘာမှာ စာအုပ်တစ်အုပ်မျှသာဖြစ်ပြီး သူကစာအုပ်ထဲ...