Unicode
ဒုတိယမြောက်နေ့ နံနက်စောစော အာရုံတတ်ချိန်တွင် ဟွားရှင်းအထက်တန်းကျောင်း၏ လေထုဟာ ငိုက်မျဥ်းရာမှ နိုးထလာခဲ့သည်။ Limited edition ဇိမ်ခံကားများမှာ ကျောင်းဝင်းထဲသို့ တစ်ခုပြီးတစ်ခုဝင်လာကြ၏။ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ဇိမ်ခံကားထဲကထွက်လာကြပြီး ကျောင်းဝင်းတစ်ခုလုံး၏ မနက်ခင်းအခြေအနေမှာ တတ်ကြွမှုပြန်လည်ရရှိလာခဲ့သည်။
တတိယနှစ်၊ အခန်း၁တွင်။
အတန်းပိုင်ဆရာသည် ကျောင်းသားတွေ ထိုင်ခုံအပြည့်နီးပါး သူ့ကိုမျက်နှာမူရင်းထိုင်နေကြတာကို မြင်ပြီးနောက် အောင်မြင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဟုတ်တာပေါ့။ ဒါတွေအားလုံးက ကျောင်းသားတွေရဲ့မျက်လုံးထောင့်၊ ညာဘက်ကပြတင်းပေါက်နားမှာ ထိုင်နေတဲ့ စုန့်ကျင့်ဟောင်ကြောင့်ပဲဆိုတာ သူနားလည်ပါသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကစပြီး စုန့်ကျင့်ဟောင်ဟာ တစ်ခုခုပြောင်းလဲသွားပုံရသည်။ သူသည် သူ့ကိုယ်ပိုင်စတူဒီယိုတွင် တစ်ချိန်လုံးရှိနေသော်လည်း အခုဆို အတန်းတတ်ရန် မနက်တိုင်းလိုလို စာသင်ခန်းထဲသို့ အချိန်မှန်ရောက်ရောက်လာတတ်သည်။ အတန်းပိုင်ဆရာဖြစ်သူက ကျောင်းအုပ်ကြီးဆီက ဘောနပ်ကိစ္စ လျှောက်ထားနိုင်လိမ့်မည်ဟု တွေးထင်ထားတာကြောင့် ဝမ်းသာအားရပင်ဆုံးဖြတ်လျက် လျှောက်လွှာတစ်ခုရေးတင်ရန် ပြန်သွားချင်စိတ်ပင်ပေါ်လာသည်။
"ကျောင်းသားတို့....အရင်ဆုံးပြောစရာတစ်ခုရှိတယ်....ဆရာတို့အတန်းကိုသင်နေကျ တရုတ်ဘာသာဆရာက ရုတ်တရက်ကြီးနှုတ်ထွက်သွားတဲ့အတွက် ဒီနေ့မင်းတို့ဆီ ဆရာအသစ်တစ်ယောက် ရောက်လာလိမ့်မယ်....ဒါကြောင့် ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြပါ"
အမှန်တော့ တရုတ်ဆရာအသစ်က ဘယ်သူဖြစ်မှန်း ဆရာဖြစ်သူကိုယ်တိုင်တောင် မသိထားပါချေ။ ကျောင်းကနေ ရုတ်တရက်ကြီး အကြောင်းကြားစာရောက်လာခဲ့တာ ဖြစ်သည်။
အတန်းပိုင်ဆရာ၏ စကားတွေက ကျောင်းသားတွေကြားထဲ၌ စိတ်အားထက်သန်မှုတစ်စုံတရာ မဖြစ်စေခဲ့ပေ။ ဒါက ဆရာအပြောင်းအလဲလေး တစ်ခုပဲလေ။
YOU ARE READING
ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]
RomanceAssociated Name: 快穿之又见老攻我好方 (2017) Author: 金浮屠 (Jin Futu) Chapter: 159 end (14 world + extra) __________________ _________ ကျင့်ကြံခြင်း၌ ပါရမီရှင်တစ်ဦးဖြစ်သော လုဖေးယွီဟာ သူသေဆုံးသွားချိန်၌ သူနေထိုင်ရာကမ္ဘာမှာ စာအုပ်တစ်အုပ်မျှသာဖြစ်ပြီး သူကစာအုပ်ထဲ...