Unicode
Jမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်။
"အားဟောင်....အမေမင်းနဲ့လိုက်ခဲ့ဖို့ တကယ်မလိုဘူးလား"
စုန့်မိခင်ဟာ လုဖေးယွီအား အထပ်ထပ်အခါခါမှာကြားရင်း မျက်ရည်တွေဖိသုတ်ကာ သူမအသံကအစ တွန့်ဆုတ်မှုအပြည့်။
သူမသားလေးမှာ ဘာဖြစ်နေမှန်းပင် မသိတော့ပေ။ ဟိုးအရင်တည်းက နိုင်ငံခြားသွားချင်တယ်လို့ပြောဖူးပေမယ့် အခုတော့ တစ်ယောက်တည်းသွားချင်တာတဲ့လေ။ အားဟောင်က သူတို့လင်မယားနှစ်ယောက်ကို တစ်ခုခုတောင်းဆိုခဲသည်။ တစ်ခြားအရာတွေသာဆို သူတို့ချက်ချင်းသဘောတူချင် တူမိနိုင်ပေမာ့် တစ်ယောက်တည်းဘယ်လိုလုပ် လွှတ်ရက်မှာတဲ့လဲ။ အားဟောင်က ငယ်စဥ်ကတည်းက သူမတို့နဲ့သာ အတူနေထိုင်ခဲ့တာဖြစ်သည်။ အားဟောင်က သူ့ရောဂါအခြေအနေကြောင့် ပြင်ပကမ္ဘာနဲ့ထိတွေ့မှု နည်းပါးခဲ့သည်။ သူတစ်ယောက်တည်း နိုင်ငံခြားရောက်သွားလို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် ဒီကလေးကစိတ်ပိုင်းဖြတ်ထားပုံရပြီး တစ်ယောက်တည်းသာထွက်သွားချင်နေသည်။ သူမနဲ့ စုန့်ဖခင်မှာ ဘာလုပ်လို့လုပ်ရမှန်းပင် မသိတော့ပေ။
လုဖေးယွီမှာ စုန့်မိခင် ဝမ်းနည်းစွာငိုကြွေးနေသည်ကိုမြင်တော့ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ စုန့်ဖေဖေနဲ့ စုန့်မေမေကို ဒီလိုဝမ်းနည်းနာကျင်အောင် လုံးဝမလုပ်ချင်ပေမယ့် သူ့မှာသူ့ကိုယ်ပိုင်တာဝန်ရှိနေတာကြောင့် ဒီတစ်ကြိမ်ထွက်ခွာသွားဖို့ လိုအပ်လေသည်။
စုန့်ဖခင်၏ကုမ္ပဏီသည် တုန်းဖန်းမိသားစု၏ အရှေ့တိုင်းလုပ်ငန်းစုကြီးနဲ့ ယှဥ်ဖို့အနည်းငယ်လိုအပ်နေသေးသည်။ Mတိုင်းပြည်သို့ ပန်းချီပညာလေ့လာနိုင်ဖို့ရန် သွားတယ်ဆိုတာကလည်း အကြောင်းပြချက်တစ်ခုသာဖြစ်သည်။ အခု ဇာတ်လိုက်နဲ့ဇာတ်လိုက်မက တွဲသွားပြီ။ တုန်းဖန်းယဲ့က တုန်းဖန်းချိန်တွင်ရှိသည့် အထူးခြားဆုံးသော တရားမဝင်သားတစ်ယောက်ဖြစ်မှန်း ယခင်ဇာတ်ကြောင်းကတစ်ဆင့် သိထားသည်။ ထို့ကြောင့် တုန်းဖန်းယဲ့နဲ့ ခဏကြာတိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး ဇာတ်ကြောင်းကတစ်ဆင့် သိခဲ့ရသော အရှေ့တိုင်းလုပ်ငန်းစု၏ လျှို့ဝှက်ချက်များအကြောင်း ပြောပြခဲ့၏။ ပြန်ရောက်လာတဲ့သတင်းတွေကို ကြည့်ရင် တုန်းဖန်းယဲ့က ကောင်းကောင်းကြီးအသုံးချခဲ့သော်လည်း တုန်းဖန်းမင်ရဲ့အနေအထားကို ခြိမ်းခြောက်ဖို့ လုံလောက်ရန်အလှမ်းဝေးနေသေးသည်။ ဒါကြောင့် သူမြန်မြန်ဖွံ့ဖြိုးတိုးတတ်လာဖို့ လိုသည်။
YOU ARE READING
ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]
RomanceAssociated Name: 快穿之又见老攻我好方 (2017) Author: 金浮屠 (Jin Futu) Chapter: 159 end (14 world + extra) __________________ _________ ကျင့်ကြံခြင်း၌ ပါရမီရှင်တစ်ဦးဖြစ်သော လုဖေးယွီဟာ သူသေဆုံးသွားချိန်၌ သူနေထိုင်ရာကမ္ဘာမှာ စာအုပ်တစ်အုပ်မျှသာဖြစ်ပြီး သူကစာအုပ်ထဲ...