Unicode
ယနေ့သည့် ဟွားရှင်း အထက်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားနေ့ဖြစ်သည်။ Cတိုင်းပြည်၏ ထိပ်တန်းအဆင့် မင်းမျိုးမင်းနွယ်အထက်တန်းကျောင်း တစ်ခုအနေဖြင့် ဟွားရှင်း၏ကျောင်းအုပ်ကြီးသည် ကျောင်းရဲ့ဩဇာလွှမ်းမိုးနိုင်မှုကို ပိုမိုချဲ့ထွင်ရန်အတွက် ဤအခွင့်အရေးကို သဘာဝအတိုင်း လက်လွှတ်ခံမည်မဟုတ်ပေ။ ထို့အပြင် သူသည် ထိုပုဂ္ဂိုလ်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး ထိုသူသည် ယနေ့မိန့်ခွန်းပြောရန်အတွက် စင်မြင့်ပေါ်တတ်ရောက်လာပေလိမ့်မည်။ Cတိုင်းပြည်က ကျောင်းတွေအားလုံးထဲမှာ ဟွားရှင်းအထက်တန်းကျောင်း တစ်ခုတည်းကပဲ ဒီလိုဂုဏ်မျိုး ရရှိနိုင်တာဖြစ်နိုင်သည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးက အလွန်အမင်းဂုဏ်ယူလို့နေ၏။
ညအချိန်တွင် ဧကတစ်ထောင်နီးပါး ကျယ်ဝန်းသော ဟွားရှင်းအထက်တန်းကျောင်း၏ ဧရိယာအတွင်းကနေ ပြိုးပြိုးပြက်ပြက်လင်းလက်နေသော Jမြို့၏ရှားရှားပါးပါးမြင်ကွင်းတစ်ခုဖြစ်သော ကြယ်ပင်လယ်ကို လူတိုင်းမြင်တွေ့ခွင့်ရခဲ့ကြသည်။ ကျောင်းသားအားလုံး ကျောင်းနှစ်ပတ်လည်နေ့ကလွဲရင် တစ်ခါမှဝတ်ဆင်လေ့မရှိသည့် တစ်ခုတည်းသောခက်ခက်ခဲခဲစည်းမျဥ်းကြီးဖြစ်သော ကျောင်းဝတ်စုံတွေကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ဖို့လိုအပ်လေသည်။
ဟုတ်တာပေါ့။ ဒီကိစ္စကို မလိုက်နာချင်ရင်ခွင့်တောင်းနိုင်ပေမယ့် ဟွားရှင်းအထက်တန်းကျောင်း၏ ဖွင့်ပွဲအခမ်းအနားနေ့တွေတိုင်း မိန့်ခွန်းတတ်ပြောဖို့ရန် စီးပွားရေးနဲ့နိုင်ငံရေးလောကက နာမည်ကြီးတစ်ချို့ကို ဖိတ်ခေါ်လေ့ရှိတဲ့ အစဥ်အလာရှိတာကြောင့် ကျောင်းသားအများစုကတော့ ကျောင်းရဲ့စည်းမျဥ်းတွေကို လိုက်နာဖို့သာရွေးချယ်တတ်ကြသည်။ အချိတ်အဆက်တွေရှာနိုင်ဖို့အတွက် လိုက်နာတာလို့ပြောရင် ပိုမှန်ပေလိမ့်မည်။ မင်းသာ အမျိုးသားဇာတ်လိုက်လို အဆင့်အတန်းမျိုးရှိမနေရင် မင်းမိသားစုနောက်ခံနဲ့ အဆင့်အတန်းကို ဒီလိုချပစ်လိုက်လို့ အဆင်မပြေပေ။
အခမ်းအနား၏ တရားဝင်လုပ်ထုံးလုပ်နည်းတွေ တရွေ့ရွေ့ပြီးဆုံးသွားသည်နှင့်အမျှ မုတ်ဆိတ်မွှေးတွေဖြင့် ကျောင်းအုပ်ကြီးဟာ အစီအစဥ်တင်ဆက်သူ၏ လုပ်ငန်းစဥ်ကိုဆောင်ရွက်ဖို့ရန် စင်မြင့်ပေါ်သို့တတ်သွားခဲ့သည်။ သူ့ရဲ့ အလင်းရောင်အောက်တွင် တောက်ပပြောင်လက်နေသော ဦးခေါင်းကြီးမှာ အထူးသဖြင့်အမြင်အာရုံဖမ်းစားနိုင်၏။ ထို့နောက်ပရိတ်သတ်ရှေ့တွငိ မိုးခြိမ်းသံပမာ သူ့ရဲ့နက်နဲကြမ်းတမ်းသောအသံကြီးအား အသုံးပြုခဲ့သည်။
YOU ARE READING
ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]
RomanceAssociated Name: 快穿之又见老攻我好方 (2017) Author: 金浮屠 (Jin Futu) Chapter: 159 end (14 world + extra) __________________ _________ ကျင့်ကြံခြင်း၌ ပါရမီရှင်တစ်ဦးဖြစ်သော လုဖေးယွီဟာ သူသေဆုံးသွားချိန်၌ သူနေထိုင်ရာကမ္ဘာမှာ စာအုပ်တစ်အုပ်မျှသာဖြစ်ပြီး သူကစာအုပ်ထဲ...