Arc(1) 'ကျောင်းတွင်းမယ်ရီဆူးအချစ်ကမ္ဘာ'

899 102 0
                                    

Unicode

1.1 - ရှောင်ဂျူက မင်းရဲ့နာမည်သစ်ပဲ။ ကျေးဇူးပြုပြီး တန်ဖိုးထားပါ။

______________

မနက်စောစောတွင် ပြတင်းပေါက်ကနေရောင်ခြည်က ဖြာကျလာ၏။ ကုတင်ပေါ်က ကောင်လေးဟာမျက်တောင်ခတ်ရင်း အိပ်ငိုက်နေတဲ့မျက်လုံးတွေကို ဖွင့်လိုက်သည်။ ထိုမြင်ကွင်းက ​ပန်းချီကားတစ်ချပ်လိုလှပပေသည်။

​"host နိုးလာပြီလား"

လုဖေးယွီ မတုံ့ပြန်နိုင်သေးခင်မှာပင် ရှောင်ဂျူဟွား၏အသံက သူ့နားကနေထွက်ပေါ်လာခဲ့သည်။

သူဒီလောကကိုရောက်တာ တစ်ပတ်နီးပါးရှိပြီ။ သူဝင်ရောက်ခဲ့တဲ့ဇာတ်ကောင်မှာ ဟွားရှင်းအထက်တန်းကျောင်းဝင်းထဲက အထီးကျန်စိတ်ဝေဒနါရှင် စုန့်ကျင့်ဟောင်ဟုခေါ်သည်။

ဒါက အတန်ငယ်ထူးဆန်းသည့် ကမ္ဘာတစ်ခုဖြစ်သည်။ ထိုနေ့ သူဒီလောကထဲကိုဝင်လာစဥ်ကတည်းက ဒီလောက၏တိုးတတ်မှုအခြေအနေမှာ သူ့ရှေ့သို့ရောက်လာပြီးချေပြီ။

ဇာတ်လိုက်အမျိုးသမီးက အလွန်ရိုးရှင်းပြီး ဟန်မဆောင်တတ်သူတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က ပါးနပ်သောမိန်းကလေးများနှင့် ကွဲပြားသည်။ သူမသည် သာမန်မိသားစုတစ်စုမှ ဆင်းသက်လာသော်လည်း သူမ၏ကိုယ်ပိုင်ကြိုးစားမှုဖြင့် အရာရှိမိသားစုကဆင်းသက်လာသော ဒုတိယမျိုးဆက်များနှင့် ချမ်းသာသူများပြည့်နှက်နေသော မင်းမျိုးမင်းနွယ်ကိုယ်ပိုင်ကျောင်းတစ်ကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ ကျောင်းမှာ ကျောင်းသားတစ်ယောက်၏အထောက်အထားက လူတွေကိုသေလောက်အောင် ခွဲခြားဆက်ဆံမှုလမ်းစဥ် ပေါ်ပေါက်လာစေမှာသေချာသည်။ မိန်းကလေးတိုင်းနီးပါး စင်ဒရဲလားနဲ့မင်းသားလေး ဇာတ်လမ်းကိုစိတ်ကူးယဥ်ဖူးကြပြီး ဒီဇာတ်လိုက်အမျိုးသမီးကလည်း ထိုအကြောင်းကိုတွေးရုံသာမက တကယ်လည်းလက်တွေ့ကြိုးစားခဲ့လေသည်။

အိုး။ အင်တာနက်ဗန်းစကားများစွာကို ဘယ်လိုသင်ယူခဲ့သလဲလို့ သူ့ကိုမေးချင်ရင် ဒီရက်ပိုင်းအတွင်း သူ့ကိုသင်ကြားပေးခဲ့တဲ့ ရှောင်ဂျူကို ကျေးဇူးတင်သင့်ပေသည်။

ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]Where stories live. Discover now