(1.6)

472 76 3
                                    

Unicode

ထိုအချိန်တွင် ဟွားရှင်းအထက်တန်းကျောင်းကတော့ ခါတိုင်းလို ငြိမ်းငြိမ်းချမ်းချမ်း ရှိမနေတော့ပေ။ ပြောရရင် ဒီနေ့ အတန်းတောင်မရှိ။ တုန်းဖန်မင်ရောက်လာမည်ကို စောင့်မျှော်နေကြသော ကျောင်းသားအများအပြားက ကစားကွင်းထဲမှာ စုဝေးလျက်ရှိနေကြသည်။ အမှန်တော့ တုန်းဖန်းမင်ကိုယ်တိုင်က သူတို့ကိုကြိုတင် အသိပေးထားပြီး မလိုက်နာရင် နောက်ဆက်တွဲအကျိုးဆက်တွေကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ကြောင်း ထပ်ပြောခဲ့သေးသည်။ ဒါကြောင့် သူတို့ရှေ့ကမြင်ကွင်းမျိုး ပေါ်လာခဲ့ခြင်းဖြစ်သည်။

အားလုံးစောင့်မျှော်ပြီးသည့်နောက် တုန်းဖန်းမင်ဟာ မွန်းတည့်ချိန်ကိုရောက်သည်နှင့် နှင်းဆီပန်းစည်းကို ကိုင်ဆောင်လျက် ကားပေါ်ကဆင်းလာကာ မိန်းကလေးအားလုံး၏ နှလုံးသားထဲက စွဲမက်ဖွယ်ကောင်းသော မင်းသားလေးသဖွယ် စိတ်ကူးယဥ်ဆန်ဆန် ပုံရိပ်ကို ချပြလာခဲ့သည်။

တုန်းဖန်းမင်က လူအုပ်ကြီးဆီ ချဥ်းကပ်လာပြီး သူ့အတန်းဖော်တွေက သူ့နောက်က အလိုလျောက်လိုက်လာကြသည်။

ချန်းယွီကျား မတ်တပ်ထရပ်လိုက်ပြီး တုန်းဖန်းမင် သူမဆီတဖြည်းဖြည်း ချဥ်းကပ်လာသည်ကို ကြည့်နေ၏။ သူမရင်ဘတ်ထဲက နှလုံးမှာ ခုန်ထွက်ခါနီးလို့တောင် သူမ ခံစားနေရသည်။ နတ်ဘုရားက သူမကိုချစ်ခင်နေတုန်းပဲဆိုတာ သူမ သိသည်။ သူမ မကြာခင်မှာပင် တုန်းဖန်းမင်ရဲ့ ချစ်သူ ဖြစ်လာတော့မည်ပင်။ သူမက အမှန်တကယ်ကို သာလွန်ကောင်းမွန်တဲ့ ဘဝမျိုးနေထိုင်နိုင်တော့မည်။ သူမကို ဘယ်သူမှ နှိမ့်ချဖို့ သတ္တိရှိတော့မည်မဟုတ်ပေ။ သူမကို အနိုင်ကျင့်ခဲ့တဲ့လူတိုင်း သူမကို နောက်ကွယ်မှာသာ လှောင်ပြောင်ဝံ့ကြပေတော့မည်။ သူမသည် မကြာခင်မှာပင် ထိုလူတွေကို သူမရှေ့ ဒူးထောက်ခိုင်းပြီး တောင်းပန်ခိုင်းနိုင်တော့မည် ဖြစ်သည်။ သူမရဲ့ ကြိုးစားမှုအားလုံးက ထိုက်တန်လေသည်။ ချန်းယွီကျားက တစ်ခါမှ ဤလောက်ထိ မသေချာဖူးပေ။

တုန်းဖန်းမင်ဟာ ချန်းယွီကျားရှေ့ တရွေ့ရွေ့လျှောက်လာပြီး သူ့ပတ်ဝန်းကျင်ကလူတွေ၏ အံ့အားသင့်နေသော အကြည့်များနဲ့အတူ ချန်းယွီကျား၏ ပြူးကျယ်နေသော မျက်လုံးရှေ့တွင် သူ့လက်ထဲက နှင်းဆီပန်းကို သူမထံ ကမ်းပေးလိုက်၏။

ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]Where stories live. Discover now