(1.9)

266 47 1
                                    

Unicode

ထိုသူက လည်စည်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာက တုန်းဖန်းချန်လောက်တောင် မချောဘူး။ သူ့မျက်လုံးတွေက တုန်းဖန်းချန်လောက်မလှဘူး။ သူ့နှာခေါင်းကတုန်းဖန်းချန်လောက် မဖြောင့်ဘူး။ သူ့ပါးစပ်က တုန်းဖန်းချန်လောက် ဆွဲဆောင်မှုမရှိဘူး။ သူ့အရပ်က တုန်းဖန်းချန်လောက် မမြင့်ဘူး။ လုဖေးယွီမျက်လုံးထဲတွင် ထိုလူရဲ့ဝတ်စားဆင်ယင်ပုံကအစ ရုပ်ဆိုးသောအတုယူသူတစ်ယောက်သဖွယ် ဖြစ်လာသည်။

လုဖေးယွီသည် သူ့အတွေးသူ အနည်းငယ်အံ့ဩမိသွား၏။ သူအခု တစ်ခြားသူတွေကို တုန်းဖန်းချန်နဲ့ မတော်တဆနှိုင်းယှဉ်နေခဲ့မိတာလား။

ထိုသူဟာ လုဖေးယွီနားချဉ်းကပ်လာသော်လည်း ရုတ်တရတ်ထွက်ပေါ်လာသည့် လူထွားကြီးနှစ်ယောက်ကြောင့် လုဖေးယွီဆီ မရောက်ခင်မှာပင် ရပ်တန့်သွားခဲ့သည်။ လုဖေးယွီက သူ့မျက်လုံးခွံကို ပင့်တင်ပြရင်း လိုက်ဖက်သောအပြုံးတစ်ခု ပေးလိုက်သည်။ ထိုသူကဒေါသတကြီးဖြင့် လူထွားကြီးနှစ်ယောက်ကိုကြည့်ကာ လှည့်ထွက်သွားခဲ့ရ၏။

လုဖေးယွီဟာ ထိုသီးသန့်ဘော်ဒီဂတ်နှစ်ဦးကို စူးစမ်းကြည့်လိုက်သည်။ ဒီbarရဲ့ သူဌေးက သိပ်မဆိုးဘူးထင်၏။ အနည်းဆုံးတော့ ဖောက်သည်တွေဆိုတာ ဘုရင်မှန်းနားလည်သည်။ တကယ်တော့ လုဖေးယွီက ဒီကိုသောက်ဖို့အတွက် လာတာမဟုတ်ပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဘဝကိုဖျက်ဆီးခဲ့တဲ့ လူဆိုးဂိုဏ်းသားတွေ၏ အသွင်အပြင်ကို ရှာဖွေနိုင်ဖို့ မှတ်ဉာဏ်ထဲကပုံရိပ်တွေကို ဆွဲထုတ်ကာပြန်လည်ရှာဖွေနိုင်ဖို့ ကွန်ပျူတာကို အသုံးပြုခဲ့ရသည်။ သူဒီကိုရောက်လာတာက တစ်စုံတစ်ယောက်ကို ထိုသူတွေကိုရှာဖွေဖို့ရန် ခိုင်းချင်တာကြောင့်ဖြစ်သည်။ ထိုသူတွေက လူဆိုးတွေဖြစ်တာကြောင့် ဤကဲ့သို့သော နေရာမျိုးတွေမှာသာ ပုန်းရှောင်နိုင်ပေလိမ့်မည်။ နောက်ဆုံးတော့ Jမြို့က သူတို့ပုန်းရှောင်နိုင်တဲ့ တစ်ခုတည်းသောနေရာပဲလေ။ နောက်တစ်ခုကတော့ ရောက်လာမယ့်သတင်းကို စောင့်ရုံပေါ့။

စုန့်ကျင့်ဟောင်၊ စိတ်မပူပါနဲ့။ အကုန်လုံးရဲ့အပြစ်တွေကို တစ်ယောက်ပြီးတစ်ယောက် ပေးချေရပေမည်။

ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]Where stories live. Discover now