(1.8)

481 65 1
                                    

Unicode

လုဖေးယွီအသံက တဖြည်းဖြည်းနှေးကွေးသွားသည်။ တုန်းဖန်းချန်က ချက်ချင်းမဖြေ။ တင်းမာသောမျက်နှာထားဖြင့် ကားအရှိန်ကိုလျှော့ချလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်မှုက လေထုထဲစိမ့်ဝင်သွားပြီး သူတို့နှစ်ယောက်ကြားက လေထုမှာ အဆင်မပြေဖြစ်လာခဲ့သည်။

"ကျွန်တော်ခင်ဗျားကို နောက်လိုက်တာပါ....ကျွန်တော်က လူကောင်းတစ်ယောက်ပဲလေ"

လုဖေးယွီဟာ သူ့နှလုံးသားထဲက မရေမတွက်နိုင်သော ဆုံးရှုံးမှုခံစားချက်ကို ဖုံးကွယ်ကာ ပြုံးလျက် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

"တကယ်တော့ ဒါကိုမင်းကိုယ်တိုင်လုပ်စရာမလိုပါဘူး....ကိုယ်မင်းကို ကူညီနိုင်တယ်"

တုန်းဖန်းချန်၏အသံမှာ ကားမောင်းသူနေရာကထွက်ပေါ်လာတာဖြစ်ပေမယ့် လုဖေးယွီနားထဲမှာတော့ နေရောင်ခြည်ကဲ့သို့နွေးထွေးတောက်ပနေခဲ့သည်။

"ဘာကြောင့်လဲ?"

လုဖေးယွီက မေးသည်။

"အကြောင်းပြချက်မရှိဘူး....မင်းလုပ်ချင်နေတဲ့အတွက် မင်းမှာအကြောင်းပြချက်ရှိလိမ့်မယ်လို့ ကိုယ်ယုံတယ်...ကိုယ်သိတာက ကိုယ်မင်းကိုကာကွယ်ချင်တယ် ဆိုတာပဲ"

တုန်းဖန်းချန်မှာ သူကိုယ်တိုင်ပင်မသိိလိုက်ပါပဲ လုဖေးယွီအပေါ် သူထားတဲ့အချစ်က ပိုပိုမြင့်တတ်လာခဲ့လေသည်။

"ကောလဟလတွေက အမှန်ဆိုတာ မင်းမသိလို့ဖြစ်မယ်....ကိုယ့်အဖေက တုန်းဖန်းgroupကို ကိုယ့်ဆီလွှဲပေးဖို့ရည်ရွယ်ထားပေမယ့် ကိုယ်ကအစတည်းက စီးပွားရေးလုပ်ဖို့ ရည်မှန်းချက်မရှိတော့ ငြင်းပယ်ခဲ့တယ်....ဒါပေမယ့် တုန်းဖန်းချိန်ရဲ့နှလုံးသားက လုံးဝမည်းနက်နေလိမ့်မယ်လို့ ကိုယ်မထင်ခဲ့မိဘူး....ကိုယ့်အဖေက မထင်မှတ်ပဲအပြင်းဖျားသွားခဲ့ပြီး တုန်းဖန်းချိန်က ကိုယ့်ကိုသတ်ဖို့လူသတ်သမားငှားခဲ့တယ်....ကိုယ့်အဖေကမသေခင်မှာ ကိုယ့်ကိုလွတ်မြောက်အောင် ကူညီပေးခဲ့ပေမယ့် တုန်းဖန်းချိန်ရဲ့အသက်ကို ထိခိုက်အောင်မလုပ်ဖို့ ကတိတောင်းခဲ့တယ်....ကိုယ်ချန်းရွှီနဲ့အတူ တရုတ်ကိုပြန်မလာခင် Eနိုင်ခံမှာ ခုနှစ်နှစ်လောက် နေခဲ့ရပြီး တုန်းဖန်းချိန်ကကိုယ့်ကို ကြောင်ကကြွက်ကို လိုက်ဖမ်းသလိုမျိုး လှောင်ပြောင်ရင်း မကောင်းကြံစည်နေခဲ့တာ....ကိုယ်ခံစားခဲ့ရသလို ကိုက်ဖြဲဆုတ်ဖြဲဖို့ ပြန်လုပ်ခွင့်မရတာ နှမြောစရာပဲ"

ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]Where stories live. Discover now