(1.5)

401 64 4
                                    

Unicode

"ကျွန်မက ချန်းယွီကျား....အထက်တန်းကျောင်းသူတစ်ယောက်ပဲ....ကျွန်မရှင့်ကို မကြောက်ဘူး"

ချန်းယွီကျားက မကြောက်မရွံ့ပြန်စိုက်ကြည့်သည်။

တုန်းဖန်းမင်ဟာ ဒေါသထွက်နေသောချန်းယွီကျားကို ကြည့်ရင်း စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက သူမနား ဖြည်းညင်းစွာချည်းကပ်သွား၏။ သူ့မျက်နှာက သူမနဲ့နီးကပ်လာသည်။ သူ့ရဲ့ နွေးထွေးသော ဝင်သက်ထွက်သက်က သူမမျက်နှာပေါ် ဖြန်းကနဲတိုးဝင်လာခဲ့သည်။ ပြီးတာနဲ့ တုန်းဖန်းမင်က လွှမ်းမိုးချုပ်ကိုင်နိုင်သော CEOတစ်ဦးအသွင် အိုဟောင်းနေတဲ့ စကားတစ်ခွန်းကိုပြောလိုက်သည်။

"အမျိုးသမီး....မင်းငါ့ရဲ့အာရုံစူးစိုက်မှုကိုရအောင် မကြိုးစားခဲ့သင့်ဘူး....ငါပြောရမယ်ဆိုရင် မင်း အောင်မြင်သွားပြီ"

ချန်းယွီကျား၏ ချက်ချင်းပင်နီရဲတတ်လာသော မျက်နှာကိုကျေနပ်စွာစိုက်ကြည့်ရင်း တုန်းဖန်းမင်ဟာ သွေးဆောင်မှုအပြည့်ဖြင့် သူ့အသံကိုနှိမ့်ချလိုက်သည်။

"မင်းသာ ငါ့ရည်းစားလုပ်မယ်ဆိုရင် အဲ့ဒီကား မင်းကိုပေးမယ်....Aston Martin One-77 က အရမ်းတန်ဖိုးရှိတာနော်"

"အဲ့လောက်တန်ကြေးရှိရင်ရော ဘာဖြစ်လဲ....ကမ္ဘာပေါ်က ယောက်ျားတွေအကုန်သေသွားရင်တောင် ကျွန်မရှင့်လိုလူနဲ့ ဘယ်တော့မှအတူမနေဘူး"

ချန်းယွီကျားဟာ တုန်းဖန်းမင်ရဲ့စကားတွေကို ကြားကြားချင်း အရမ်းစိတ်လှုပ်ရှားလာပေမယ့် ဒီလိုခပ်ဆိုးဆိုးကောင်လေးတွေရဲ့ သဘောသဘာဝကို သူမကတစ်ခြားသူတွေထက် ပိုသိသည်။ လွယ်လွန်းတဲ့အရာတွေဆို အလွယ်တကူစွန့်ပစ်ခံရနိုင်တာမို့ သူမ ဟန်ဆောင်ဖို့လိုအပ်နေဆဲပင်။ သန်မာသောမြင်းတစ်ကောင်ကသာ လူတွေကို အနိုင်ယူလိုသောဆန္ဒအား ပေးစွမ်းနိုင်ပေလိမ့်မည်။

"အရမ်းကောင်းတယ်....တစ်နေ့ မင်းခဲ့ပြောတဲ့စကားကို နောင်တရစေရမယ်"

တုန်းဖန်းမင်သည် ချန်းယွီကျားကို လေးလေးနက်နက်စိုက်ကြည့်ရင်း လှည့်ထွက်သွား၏။

ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]Where stories live. Discover now