Unicode
လုဖေးယွီတတ်ရမည့် အတန်းသည် တတိယနှစ် အခန်း၁ဖြစ်သည်။ အဖြူရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားသောလူငယ်လေးသည် စာအုပ်အနည်းငယ်ကိုကိုင်ဆောင်ထားပြီး စာသင်ခန်းအတွင်းရှိ ဒါဇင်ပေါင်းများစွာသော မျက်လုံးများအောက်တွင် သူထိုင်ရမည့်နေရာကို အေးဆေးလှမ်းကြည့်ကာ သူ့အနားကလူတွေ၏ တီးတိုးသံတွေကိုလျစ်လျူရှု့လျက် ဝင်ထိုင်လိုက်သည်။
"host....ခင်ဗျားရဲ့ဇာတ်ကောင်စရိုက် ပြိုကျသွားတာကို သိလား....စုန့်ကျင့်ဟောင်က အကြောင်းပြချက်မရှိပဲ လူမြင်ကွင်းမှာ ဘယ်တော့မှပြုံးမှာမဟုတ်ဘူး"
ရှောင်ဂျူ၏အသံမှာ လုဖေးယွီစိတ်ထဲ တိုက်ရိုက်ထွက်ပေါ်လာပြီး အနည်းငယ်နာကြည်းနေပုံလည်းပေါ်သည်။ သူ့ကိုပေးထားတဲ့နာမည်က အရမ်းကောင်းတယ်မဟုတ်ဘူးလား။
"တကယ်ပဲ ဒါက ကံတရားနဲ့ အကြောင်းတရားပဲလား"
"ဘာပြောတာလဲ?"
"ဘာမှမဟုတ်ဘူး....ဖေဖေ၊မေမေ သီချင်းအကြောင်း တွေးမိသွားလို့"
"ငါ့ကိုမနှောင့်ယှက်နဲ့....ငါအတန်းတတ်ရမယ်....စုန့်ကျင့်ဟောင်က ကျောင်းသားကောင်းတစ်ယောက်လေ"
ရှောင်ဂျူဟွား : "....."
စုန့်ကျင့်ဟောင်က ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်ပေမယ့် လုဖေးယွီကတော့ မဟုတ်ပေ။ စုန့်ကျင့်ဟောင်ရဲ့ အမှတ်ရစရာမှတ်ဥာဏ်အားလုံးကို သူလက်ခံရရှိထားပေမယ့် ထိုမှတ်ဥာဏ်တွေနဲ့ သိပ်မရင်းနှီးသေးပါချေ။ ကံကောင်းထောက်မစွာဖြင့် လုဖေးယွီဟာ ဤသင်ခန်းစာအကြောင်းအရာတွေကို အလွန်စိတ်ဝင်တစားရှိလှသောကြောင့် မနက်ခင်းတစ်လျှောက်လုံး ခက်ခက်ခဲခဲလေ့လာခဲ့ပြီး ဆက်တိုက်ဆိုသလို တိုးတတ်လာခဲ့သည်။
ထိုနေ့တွင် တတိယနှစ် အခန်း၁၏ ကျောင်းသားတတ်ရောက်မှုနှုန်းမျာ မမျှော်လင့်ပဲ ၉၀ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည့်အတွက် ဆရာဖြစ်သူကိုတောင် စိတ်လှုပ်ရှားသွားစေခဲ့သည်။ တတ်ရောက်သူပိုများလေလေ ကျောင်းအုပ်ကြီးအား လစာတိုးတောင်းဖို့အခွင့်အရေး ရှိလေလေဖြစ်သည်။
YOU ARE READING
ငါ့ရဲ့gongအိုကြီးကိုတွေ့မိကြသေးလား [Translatoin]
RomanceAssociated Name: 快穿之又见老攻我好方 (2017) Author: 金浮屠 (Jin Futu) Chapter: 159 end (14 world + extra) __________________ _________ ကျင့်ကြံခြင်း၌ ပါရမီရှင်တစ်ဦးဖြစ်သော လုဖေးယွီဟာ သူသေဆုံးသွားချိန်၌ သူနေထိုင်ရာကမ္ဘာမှာ စာအုပ်တစ်အုပ်မျှသာဖြစ်ပြီး သူကစာအုပ်ထဲ...