Part - 6 [Uni&Zaw]

750 20 7
                                    

Unicode

🥂အပိုင်း (၆)🥂

"စွဲမက်"

သူ့နံမည်​ကို​ခေါ်လိုက်​တာ​ကြောင့်​ စွဲမက်ခေါင်း​ထောင်​ကြည့်​မိသည်​။

"ကိုကို့..."

နားရက်မှာ ရုတ်တရပ် ကိုကိုက အိမ်ရောက်လာကြောင့် စွဲမက်ပျော်သွားရကာ ထိုင်နေရာကနေစွေ့ခနဲထရင်း ထည်ဝါ့ခါးကိုပြေးဖက်သည်။

"ကိုကို ဘာကိစ္စရှိလို့လဲဟင်..."

"မရှိဘူး...အသေးလေးဆီပဲလာတာ..."

"ဟီး....လာထိုင်....လာ ကိုကို"

စွဲမက် ထည်ဝါ့လက်မောင်းကို ဆွဲကာခုံမှာထိုင်ဖို့နေရာ​ပေးကာ သူပါအတူပြန်​ထိုင်​သည်​။ဟို​နေ့က​ကိစ္စအပြီး သူတို့နှစ်​ယောက်​ပိုမိုခင်​မင်​ကာ နီးနီးကပ်ကပ်ဖြစ်သွားခြင်းဖြစ်​သည်​။အ​ခေါ်အ​ဝေါ်​တွေကလဲအရင်​ကလိုမဟုတ်​ဘဲနူးနူးညံညံ​ပြောင်းလဲလာခဲ့သည်​။ရှုတင်မှာဆိုရင်​လည်းအရင်​လိုဖာသ်ိဖာသာမဟုတ်​ကြ​တော့။တစ်ယောက်နဲ့တစ်ယောက်စလိုက်​ကြ​နောက်​လိုက်​ကြ။
တစ်​ခါတစ်​လေနှစ်​ယောက်​သားက​လေးကစားကွင်းကို​ရောက်​နေကြသည့်​က​လေး​တွေအတိုင်း။

"အသေးလေးအတွက်"

"ဟင်...အဲ့တာ ဘာကြီးလဲ ကိုကို"

ထည်ဝါ‌ပေးသည့်​ပုလင်းကိုပြူး​ကြောင်​ကြောင်​လေးကြည့်​ကာ စွဲမက်ကမေးတော့ ထည်ဝါက အသည်းယားစဖွယ်ရယ်​လေသည်​။

"ဝိုင်​ပုလင်း​လေကွာ..."

"ဟာ...ဟုတ်​လို့လား၊ကိုကို့ ဝိုင်​ပုလင်းကလဲ​ရှေးတုန်းက​ဆေးအိုးကြီးကျနေတာပဲ"

စွဲမက်က ဝိုင်အိုးလေးကို ပတ်ပတ်လည်လည်မှောက်လှန်ကြည့်ရင်း နှာခေါင်းလေးရှုံ့ကာပြောသည်။

"အသေးလေးရယ်  ပြောလဲ​ပြောတတ်​တယ်​...ဒါက ကိုကိုကိုယ်​တိုင်​လုပ်ထားတဲ့ဝိုင်​...မက်​မွန်းဝိုင်​တဲ့...ဒါကို​သောက်​လိုက်​ရင်​စိတ်​တွေလဲကြည်​တယ်​...ခွန်​အား​တွေလဲပြည့်​တယ်​...ကျန်းမာ​ရေးနဲ့လဲညီညွတ်​တယ်​ကွ.."

ထည်ဝါ့အဖိုးမှာက ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းရှိတာမို့ ထည်ဝါအနေနဲ့ ဝိုင်ကောင်းကောင်းတစ်ခွက်ထွက်လာအောင် ဘယ်လိုထုတ်လုပ်သင့်မှန်းသိသည်။ထို့အပြင် ဘယ်အမျိုးအစားတွေအားလုံးနီးပါးသိသလို၊ကိုယ်တိုင်လည်းလုပ်တတ်သည်။

Make You MineWhere stories live. Discover now