Part - 5 [Uni&Zaw]

891 27 0
                                    

Unicode

ခြံကျယ်ကြီးထဲဝင်လိုက်တာနဲ့ ခန့်ထည်နေတဲ့ အိမ်ကောင်းကြီးက ဆီးကြိုနေသည်။ထ်ဝါကားကို ဆင်ဝင်အောက်ထိမောင်းသွားပြီးမှ နေရာသေချာယူကာ ကားရပ်သည်။ပြီးနောက် သူအရင်ကားပေါ်ကဆင်းကာ စွဲမက်အတွက်ကားတံခါးကိုဖွင့်ပေးသည်။

"လျှောက်နိုင်ရဲ့လား"

ဂျစ်ကန်ကတ်စိတ်လေးက အမောက်ထောင်လာတာကြောင့် စွဲမက်မဖြေဘဲ အောက်နူတ်ခမ်းလေးကိုကိုက်လိုက်သည်။အစကတည်းကသူ့ကိုလိုက်ပို့ခိုင်းတာလည်းမဟုတ်ဘဲ။နောက်ပြီး မခိုင်ကိုသူပဲထားခဲ့တာ။

"ဟင်...ဘာ....ဘာလုပ်တာလဲ"

ရုတ်တရပ်ကြီး လူကိုပွေ့ချလိုက်သည့် သူ့ကြောင့် စွဲမက်လန့်ဖြန့်ကာ သူ့လည်ပင်းကို ဖက်ထားမိပြီး မေးရသည်။

"မင်းဖြေတာကိုစောင့်နေရင် ဒီနေ့ နေပါဝင်သွားလိမ့်မယ်"

"အဲ့တာနဲ့ပဲ စွဲမက်ကို ဘာလို့လာပွေ့နေတာလဲ....အောင်မြင်ထည်ဝါကြီးနော် ချပေး...ခု"

"........."

"အောင်မြင်ထည်ဝါကြီးနော်"

"ဟ!"

နား နားကိုအတင်းကပ်အော်ချပစ်လိုက်တာကြောင့် ထည်ဝါနားတွေအူသွားရသည်။

"ဘယ်လိုဖြစ်လို့အော်နေတာလဲကွာ"

"ရှင်ကြီး စွဲမက်ကို ဘာလို့ချီလာ‌လဲ"

"အေး....အခုပစ်ချပေးမယ် မင်းကို"

"အားးးးး"

ထည်ဝါက ပြောလည်းပြော တကယ်ပစ်ချပစ်မည်ပုံစံနဲ့ သူမကို ပင့်မြောက်လိုက်တာမို့ စွဲမက်အလန့်တကြားနဲ့ ထည်ဝါလည်ပင်းကိုကြုံးဖက်ကာ ရင်ခွင်ထဲကိုအတွင်းဝင်သည်။

"နောက်တစ်ခါအော်ကြည့် ပစ်ကိုချမယ်"

ဒီတစ်ခါတော့ စွဲမက်အသံလေးတိတ်သွားကာ ထည်ဝါ့လည်ပင်းကိုဖက်ထားရင် ရင်ခွင်ထဲမှာငြိမ်သက်နေတော့သည်။ထည်ဝါ အသံမထွက် ခပ်ဟဟပြုံးရင်း ဧည့်ခန်းထဲရောက်တဲ့အထိခေါ်လာကာ သူမလေးကို ဆိုဖာပေါ်အသာချပေးလိုက်သည်။ပြီးတာနဲ့ သူမရှေ့မှာ မုဆိုးဒူးထောက်ထိုင်ချလိုက်ရင်း နီရဲနေသည့် ခြေမျက်စေ့လေးကိုစူးစမ်းဖို့အတွက် ခြေထောက်လေးကိုအသာဆွဲယူလိုက်သည်။စစချင်းကသိပ်မသိ‌သာသေးပေမယ့် အခုမှ တဖြည်းဖြည်းရဲကာယောင်လာသည်။ဒီပုံနဲ့ဆို ဒဏ်ဖြစ်သွားနိုင်သည်မို့.....၊

Make You MineWhere stories live. Discover now