Part - 1 [Uni&Zaw]

6.3K 107 13
                                        

Unicode

ဆူညံ​နေ​သောအသံများကြားထဲမှ၊
အ​တောက်​ပဆုံးနတ်​သားနတ်​သမီးများထဲမှ၊
အ​တောက်​ပဆုံး​သော ခန့်ညားထက်မြက်သည့် မင်းသားတစ်ပါးလိုအရှိန်အဝါရှိသော သူတစ်ယောက်။

သူ့ နာမည်​က​

"အောင်မြင်ထည်ဝါ"

"ထည်ဝါ နေ​ကောင်းတယ်​မလား"

"အင်း...ကောင်းပါတယ်​"

ဒါသူ့အကျင့်​ပါ။အမြဲတမ်းတိုတိုနှင့်​လိုရင်းသာ​ပြောတတ်​သူ။ထို့​ကြောင့်​လည်း အောင်မြင်ထည်ဝါ ဆို​သည့်သူက မာနကြီးတဲ့မင်းသားတစ်ယောက်ဖြစ်သည် ဆိုသည့် ရာထူးကိုရရှိခဲ့သည်​ပဲမဟုတ်​လား။သို့သော် သူ့ပရိတ်သတ်များအတွက်ကတော့ ဤအချက်သည် အပြစ်မြင်စရာဟာကွက်တစ်ခုအစား စွဲမက်ဖွယ်အကျင့်တစ်ခုကဲ့သို့သာဆက်လက်တည်ရှိနေ၏။ထို့ကြောင့် အောင်မြင်ထည်ဝါ၏ ပရိတ်သတ်အပေါ်လွှမ်းမိုးနိုင်မှူ့အားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားလွန်းသည်။

ထည်ဝါရောက်​ရှိ​နေသည်​ကတရုတ်​နိုင်​ငံ ​ဟောင်​ကောင်​မြို့ရဲ့အကြီးကျယ်​ခမ်းနာဆုံး နံမည်​ကြီး Idol တို့အားဖိတ်​ခေါ်ပြီးစု​ဝေး​သော Miss Show ပွဲတစ်​ခုမှာပင်။ထည်ဝါက မြန်မာပြည်ကဖြစ်သည့်တိုင် တရုတ်ကအနုပညာရှင်တစ်ချ်ို့နဲ့ Project အမြောက်အမြားကိုပူးတွဲလုပ်ဆောင်ထားသည့် အနုပညာရှင်တစ်ယောက်ဖြစ်သည့်အလျောက် အလေးထားဖိတ်ကြားခံရသည့် မြန်မာအနုပညာရှင်တစ်ယောက်ဖြစ်၏။

"ထည်ဝါ မင်းဒီလထဲဘာအစီအစဉ်​ရှိလဲ"

"ဘယ်​တစ်​ခုကို​မေးတာလဲ ရိုက်​ကူး​ရေးလား ပြိုင်​ပွဲ​တွေလား"

အသိမိတ်​ဆွေတစ်​ဦးရဲ့စကားကို ထည်ဝါစိတ်​ရှုပ်စွာပြန်​လည်​မေးခွန်းထုတ်​မိခြင်းပင်။အမှန်​တကယ်​ဆို သူဒီချိန်​မှာဘယ်​သူနဲ့မှစကားမ​ပြောချင်​ပါ။သူ့စိတ်အခြေအနေအရ ပွဲကိုတောင် မဖြစ်မတေသဘောဖြင့်သာတက်ရောက်နေရခြင်းပင်။

"ရိုက်​ကူး​ရေးကို​ပြောတာပါ"

"မရှိပါဘူး...။ဒီလထဲမှာ ဘယ်ရိုက်ကူးရေးမှလက်​မခံထားပါဘူး"

Make You MineWhere stories live. Discover now