Part - 8 [Uni&Zaw]

2.3K 43 1
                                        

Unicode

ရန်ကုန်ကိုကျန်ခဲ့တဲ့တစ်ပတ်ကပဲ စွဲမက်တို့ တစ်​ဖွဲ့လုံးပြန်​ရောက်​လာခဲ့ကြသည်။ကိုယ့်အမိမြေပြန်‌ရောက်တော့ အရာအာလုံးက ပုံမှန်​အတိုင်းလိုပြန်​ဖြစ်​သွားသည်​။

စွဲမက်ကတော့ ဒီ​နေ့​ ကိုကို့အိမ်​သွားဖို့ရှိသည်။
မဖိတ်​စဖူး ကိုကို့ရဲ့ဖိတ်​ကြားမှု့ဆို​တော့သွားရမှာ​စိတ်လည်လှုပ်ရှားနေမိ၏။တိတိကျကျပြောရရင် အဆင့်တက်ပြီးမှ ပထမဆုံးပြန်Dateမဲ့ Home Dateပဲမဟုတ်လား။စွဲမက်ကအစကတည်းက လှနေပြီးသားမို့သိပ်​ပြင်​ဆင်​စရာမလိုသော်လည်း မိန်းကလေးတို့သဘာဝအတိုင်း ချစ်ရသူရှေ့မှာတော့ လှလှလေးဖြစ်နေချင်သည်။ထို့ကြောင့်အပြင်အဆင်တွေကိုကအစ ပန်းနုရောင်တွေချည်းရွေးသုံးကာ Cute girl typeလေးသွားထားသည်။

ပြီး​တော့မှန်ဗိရိုထဲမှာအမြတ်တနိုးသေသေချာချာသိမ်းထားသည့်လျှာထိုးဦးထုတ်​အနက်​ကို​ထုတ်လိုက်​သည်​။

ဒီဦးထုတ်​လေး။
မှတ်​မှတ်​ရရပင်​ရိုက်ကူးရေးတတိယအပတ်​မှာ
ရှုတင်ကပြန်​တော့သူနဲ့ကိုကိုနှစ်​ယောက်​သားအိမ်​မပြန်​ဘဲညစာကိုအပြင်​လစ်​ထွက်​ပြီးစားကြသည်​။စားပြီးသည်​နှင့်​ဈေးတန်းထဲကိုအ​ပျော်​လျောက်​ကြသေးသည်​။စသိကတည်းက လျှာထိုးဦးထုတ် Mask အနက်နဲ့လူဂွစာကြီးကို မှတ်မှတ်ထင်ထင်သတိရနေတတ်သည့် စွဲမက်အတွက်တော့ အမှတ်တရဖြစ်အောင် ကိုကိုနဲ့ဆင်တူဝယ်ခဲ့တာပင်။

ပုံမှန်​ဆို ကိုကိုကဆိုင်​ကယ်​၊စကိတ်​နှင့်​ပတ်​သတ်​တာကလွှဲရင်​အခြားဘာကိုမှသိပ်​သ​ဘောမကျတတ်​။ဦးထုတ်​ဆောင်းရတာလဲ အခုနောက်ပိုင်း အပြင်သွားမှ ဖုံးဖိကွယ်ဝှက်ဖို့ရာ ရံဖန်ရံခါဆောင်းတာမို့ သိပ်ပြီးသဘောကျတဲ့ပစ္စည်းမျိုးမဟုတ်ပါ။

သို့ပေမယ့် ကိုကိုက စွဲမက်စကားတွေဆို သေချာနားထောင်ပေးကာ အလိုလိုက်၍လုပ်ပေးတတ်သည်။စွဲမက် ကိုယ်တိုင်သည်လည်း ကိုကိုနဲ့တွေ့မှ မတူတဲ့အကြိုက်တွေကို သဘောကျနှစ်ခြိုက်လာခဲ့တာပင်။လျှာထိုးဦးထုတ်လေး ခပ်ငိုက်ငိုက်ဆောင်းတတ်လာသည်။မက်မွန်းဝိုင်ချိုချိုလေးကိုလည်းမက်မက်စက်စက်သောက်တတ်လာသည်။ဒါတွေက ကိုကို့ဆီကရခဲ့တဲ့ အရာလေးတွေပင်။

Make You MineWhere stories live. Discover now