Part - 3 [Uni&Zaw]

965 24 0
                                    

Unicode

စွဲမက် ဖုန်းကနာရီကိုကြည့်ကာ အောက်နူတ်ခမ်းလေးကိုကိုက်ထားမိသည်။မနက်ကတည်းကသေချာပြင်ဆင်ထားခဲ့ပေမယ့် ဒီနေ့က မိတ်ဆတ်ပွဲနေ့ဖြစ်တာမို့ စောချင်တာကြောင့် ကိုယ့်ဘာသာကားမောင်းထွက်ခဲ့တာဖြစ်သည်။နောက်ကျမှာဆိုး၍ PAနဲ့စတိုင်လစ်ကိုတောင် ထားခဲ့ပြီးမောင်းထွက်လာခဲ့တာ အခု လမ်းတစ်ဝက်ရောက်မှ ကားကဘာဖြစ်မှန်းမသိထိုးရပ်လေသည်။

10နာရီချိန်းထားတာဖြစ်ပြီး အခုပဲ9နာရီထိုး​တော့မည်​။သူ​မနောက်​ကျလို့မဖြစ်ဘူးဆိုတဲ့အသိက ခေါင်းထဲမှာ ခေါင်းလောင်သံတွေလို ညံစီနေသည်။အခုထိ ဖုန်းဆက်ထားသည့်လူများကလည်းရောက်မလာသေးပေ။အိမ်ရောက်မှ အကုန်လုံးအလုပ်ထုတ်ပစ်မယ်လို့သာတွေးရင်း စွဲမက်တေးမှတ်ထားလိုက်၏။

*ဝူး...ဝူး........*

ကျယ်​လောင်​သောဆိုင်​ကယ်​သံက စွဲမက်နားထဲကို အတားအစီးမရှိဆူညံစွာဝင်ရောက်လာသည်။လမ်းအကျယ်ကြီးလအရှင်းကြီးမှာ အသံကုန်မောင်းနေသည့် နားဒုက္ခပေးသူကို စွဲမက်စိတ်တိုစွာ လှမ်းကြည့်မိတော့ ခပ်လှမ်းလှမ်းက BMWတစ်စီးက စွဲမက်ကားနားသို့ရောက်တော့မယ်ဖြစ်သည်။ရုတ်တရပ် စွဲမက်စိတ်တိုတာတွေပျောက်သွားရ၏။

ယခုချိန်​မှာသူအဖြစ်​က​သေ​ပြေးရှင်​ပြေးမို့ မတတ်​နိုင်​ပါ ထိုဆိုင်​ကယ်​သမားကိုသာအကူအညီ​တောင်းရ​တော့မည်​။ သို့သော် မောင်းလာသည့်အရှိန်က မသေးတာမို့ ဘေးက ကပ်ဖြတ်သွားမှ ခေါ်ရင်လည်းကြားမှာမဟုတ် ကြားရင်တောင် ရပ်မပေးရင်ပြဿနာပေ။ထို့ကြောင့် စွဲမက် အရဲစွန့်ကာ ဆိုင်ကယ်အနားရောက်ခါနီးမှ လမ်းပေါ်မတ်တပ်ရပ်ပစ်လိုက်၏။

"ကျွီ!!"

"တောက်!"

ဘရိတ်အုပ်သံနဲ့အတူ သိပ်မရှေးမနှောင်းပင် တောက်ခေါက်သံကထွက်ပေါ်လာသည်။

"ဘာလဲ​တော်​တော်​သေချင်​နေလား...ဒါဆိုင်​ကယ်​နော်​....မင်းဘဲဟုတ်​ဘူး...​သေချင်​နေရင်​လဲလွတ်​လွတ်​လပ်​လပ်​ရထားလမ်းမှာသွားအိပ်​နေ...
ငါ့ကိုပြသနာမရှာနဲ့...​တောက်​..."

Make You MineWhere stories live. Discover now