Part - 7 [Uni&Zaw]

1K 26 2
                                    

Unicode

ဒီ​နေ့​တော့အတော်လေးပင်ပန်းတဲ့နေ့လို့ပြောရသသည်။ပြေးရလွှားရနဲ့ Action Sceneတစ်ချို့ကြောင့် ထည်ဝါတို့အပါအဝင် Staff အဖွဲ့တွေပါအတော်ပင်ပန်းကြရသည်။Setting သေချာစီစဥ်ရ အပြေးအလွှာလေ့ကျင့်လိုက်ရနှင့် ချွေးပြန်နေရသည်။ထို့ကြောင့် ဒီSceneပြီးတာနဲ့ နောက်မှာလည်းအရေးကြီးတဲ့Sceneတွေမရှိတော့သည့်အပြင် အရမ်းလဲမများ​တော့​တာကြောင့် စော​စော ရှုတင်breakလိုက်​ကြသည်​။ရှန်ဟိုင်းရဲ့ရာသီဥတုက အအေးဓာတ်ကဲပေမယ့် နေ့လည်ခင်းအချိန်မှာတော့ ပုံမှန်အပူချိန်လိုပဲ အပူလှိုင်းတွေရှိနေဆဲပင်။အခုမှ အသီသီးနားလိုက်ရတာမို့ အားလုံးနီးပါက ချွေးစိုစိုနဲ့ အပူငွေ့ရိုက်ခံနေတော့သည်။ပင်ပန်းရသည့်အကြည့်ကြား ချွေးတို့ပါထွက်တာမို့ အားတွေပါဆုတ်ယုတ်ကုန်ရသည်။

ထည်ဝါ သူချွေးစို့နေတာဂရုမစိုက်အားဘဲ Stylist ကို ပေးထားသည့် မက်မွန်းဝိုင်ပုလင်းကိုတောင်းကာ ကလေးသေးသေးဆီထွက်လာလိုက်သည်။
တွေ့ပါပြီ။မယ်မင်းကြီးမလေးက သူမလေး Stylistကိုင်ထားပေးသည့်ပန်ကာလေလေးကိုခံယူကာ မျက်ဝန်းလေးတွေမှိတ်ရင်း ခုံပေါ်မှီနေ၏။

"ကလေးလေး"

"ဟင် ကိုကို့"

"ချွေးတွေထွက်နေတုန်းလား....၊မှေးမနေနဲ့ထဦး"

ထည်ဝါက စွဲမက်နဖူးလေးတစ်ဝှိုက်မှာစိုနေသည့်ချွေးပါးပါးကို လက်ဖမို့လေးနဲ့ဖိကပ်သုတ်ပေးရင်းပြောသည်။

"ကိုကို ကလေးလေးအတွက် မက်​မွန်းဝိုင်​ယူလာပေးတယ်....၊သောက်လိုက်ဦး ကလေးလေး"

"စွဲမက် မသောက်ချင်သေးဘူးလို့ ကိုကို့"

ထည်ဝါက ကလေးကိုချော့မော့ကာ မုန့်ကျွေးနေသည့်လူကြီးတစ်ယောက်နဲ့တူနေသည့်တိုင် စွဲမက်ကတော့ ခြေကန်ဂျီကျတဲ့ကလေးလေးကဲ့သို့ဆိုးနေတော့သည်။

"အခုမှ ချွေးထွက်လို့နားတာကို အခုလိုကြီးမှေးမနေနဲ့လေ....၊ကလေးလေး ထလာခဲ့"

"ဟင့်အင်းလို့"

စွဲမက်ဖွယ်ဆိုတာ ထိုသို့သောအဆိုးလေးဖြစ်သည်။သူမလုပ်ချင်ဘူးဆို ဘယ်တော့မှ ဆူလို့ပြောလို့လည်းမရ။ချော့လည်းနာမဝင်၊ဆူလည်းအဖတ်မလုပ်ပေ။ထည်ဝါ စိတ်​လျော့ကာဝိုင်​ကိုတစ်​ငုံ​မော့သောက်​လိုက်​တော့သည်။အဆိုးလေးကတော့ အခုထိ မျက်ဝန်းတွေမှေးမှိတ်ထားဆဲ။

Make You MineWhere stories live. Discover now