Unicode
"မာမီ!"
"မာမီ သမီးငယ်လေး...၊ဒီတစ်လော အဆင်ပြေနေရဲ့လား"
"စွဲမက် ဘာပဲလုပ်နေနေ မာမီစိတ်မဝင်စားဘူးထင်နေတာ...၊အခုတော့မဟုတ်သလိုပါလား"
"သမီးငယ် မာမီကိုခနဲ့ပါနဲ့...."
"စွဲမက် မခနဲ့ပါဘူး မာမီရဲ့....၊အံ့သြရုံပါ"
"မာမီက သမီးကိုဝမ်းနဲ့လွယ်ပြီးမွေးခဲ့တာ....၊သမီးကို ဂရုမစိုက်ဘဲနေပါ့မလား"
"ဟွန်း!"
မိခင်ဖြစ်သူနဲ့စကားပြောနေသည့် စွဲမက်အသံလေးက နာကျင်ဟန်စွက်နေ၏။ခပ်ဝိုင်းဝိုင်းမျက်ဝန်းလေးတွေမှာ ငွေ့ရည်ဖွဲ့လာတာကို လစ်လျှုရှုကာ မျက်တောင်တို့ကိုပုတ်ခတ်ပစ်သည်။
"သမီး အခုအောင်မြင်ထည်ဝါဆိုတဲ့ ကောင်လေးနဲ့တွဲနေကြတာမလား"
"မာမီ စွဲမက်ဆီကို စပိုင်လွှတ်ထားတာလား"
မာမီ့ဆီက ကိုကိုနဲ့သူမအကြောင်းကို စကားစပြောလာပုံသည်ကောင်းတဲ့အရာတော့မဟုတ်ပေ။
"မာမီ့သမီးရဲ့အရာရာကို သိဖို့အတွက်ကြိုးစားတာကို စပိုင်လွှတ်တယ်လို့ပြောတာကတော့ ရင့်သီးလွန်းပါတယ်"
"စွဲမက်ဘာလုပ်လုပ် စွဲမက်ကိစ္စပါမာမီ.... မာမီလည်း မာမီပျော်လို့ မာမီဘဝနဲ့မာမီဖြစ်နေပြီမလား....၊သမီးဘဝကိုထပ်ပြီး လာမချယ်လှယ်ချင်ပါနဲ့"
"ချယ်လှယ်နေတာမဟုတ်ဘူး သမီး....၊မဖြစ်သင့်တာနဲ့ဖြစ်သင့်တာကို ခွဲခြားပြီးစီမံပေးရမှာ မာမီရဲ့တာဝန်ပဲ....၊သမီးငယ်ရဲ့ ဘဝနဲ့ဆိုင်တဲ့ကိစ္စတွေမှာ....."
"စွဲမက်လက်ခံမှာမဟုတ်ဘူးနော် မာမီ.....၊စွဲမက်နဲ့ကိုကို့ကြားကို မာမီ ဘာစည်းမှတားဖို့မကြိုးစားပါနဲ့"
တစ်ဖက်က ပြောလာသမျှစကားတို့ကို စွဲမက်ဘာမှ ဆက်နားမထောင်ချင်တော့တာမို့ ဖုန်းကိုချပစ်လိုက်သည်။မာမီဘာလုပ်ဖို့စီစဥ်နေမှန်းမသိပေ။ငယ်ငယ်ကတည်းက သူ့ဘာသာမိသားစုတစ်ခုခွဲထွက်ထူထောင်သွားသည့် မာမီက စွဲမက်ကို လှည့်ပင်မကြည့်ခဲ့ပါ။အခုမှ စွဲမက်ရဲ့အကြောင်းကို သိချင်ချယ်လှယ်ချင်နေတာ စွဲမက်စိတ်ထဲလည်း ဘဝင်မကျ။ထိုအရာတွေထက် ကိုကိုနဲ့သူမကြားမှာ မာမီသာတစ်ခုခုချွတ်ချော်စေခဲ့ရင်....၊
YOU ARE READING
Make You Mine
Romanceငယ်ရွယ်စဥ်အခါမှ ချစ်ခဲ့တဲ့ချစ်ခရီးလမ်းဟာ လမ်းတစ်ဝက်မှာတင်ပြတ်တောက် လမ်းခွဲကြဖို့ဖြစ်လာပြီးတဲ့နောက် နှစ်အနည်းငယ်အကြာမှာ နာမည်ကြီးအနုပညာရှင်နှစ်ယောက်အနေနဲ့နောက်တစ်ဖန်ပြန်ဆုံတွေ့ကြတဲ့အခါ သူတို့နှစ်ယောက်ရဲ့နှလုံးသားတွေက ဘယ်လိုဖြစ်နေမလဲ။ ငယ္ရြယ္စဥ္အခါမွ...